• EPL
    ရော်နယ်ဒိုရဲ့ ရုပ်ထုနဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ခံနေရတဲ့ ဆာလာရဲ့ ပုံတူရုပ်ထု
Pyae Phyo Thein
[Unicode Version]

နိုဝင်ဘာလ (၃)ရက်နေ့က အီဂျစ်နိုင်ငံမှာ အီဂျစ်အသင်းရဲ့ အဓိကတိုက်စစ်မှူး မိုဟာမက်ဆာလာရဲ့ ရုပ်ထုကို ဖွင့်လှစ်ခဲ့ပါတယ်။ ဆာလာရဲ့ ပုံတူရုပ်ထုကို တွေ့မြင်အပြီးမှာတော့ ဝိုင်းဝန်းလှောင်ပြောင်မှုတွေ ရှိခဲ့ကြပြီး ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ရုပ်ထုနဲ့ နှိုှုင်းယှဉ်သုံးသပ်ကာ ကဲ့ရဲ့ သရော်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

DrLBYi0WkAA-MpJ.jpg

Photo : Sportbible

 

ဆာလာရဲ့ အောင်ပွဲခံဟန်ပုံစံအတိုင်း ထုလုပ်ထားတဲ့ ရုပ်ထုမှာတော့ ခန္ဓာကိုယ်အရွယ်အစားက သေးငယ်နေပြီး ဦးခေါင်းပိုင်းက ကြိးမားနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆာလာရဲ့ မျက်နှာပုံပန်းသွင်ပြင်နဲ့ ကွဲလွဲမှုတွေရှိနေပြီး (၈)နှစ်အရွယ် ကလေး တစ်ယောက်ရဲ့ ပုံစံလို ဖြစ်နေတယ်လို့ ပြောဆိုခဲ့ကြပြီး လှောင်ပြောင်ခဲ့ကြပါတယ်။

DrLBYiyX4AEwdoo.jpg

Photo : Sportbible

 

ဒီရုပ်ထုကိုတော့ Mai Abdel Allah က ဖန်တီးပြုလုပ်ခဲ့တာဖြစ်ပြီး တော်တော်လေးဆိုးဝါးနေတယ်လို့ လာရောက်ကြည့်ရှုသူတွေက ပြောဆိုခဲ့ကြပါတယ်။ ဆာလာရဲ့ အောင်ပွဲခံဟန် ထုလုပ်တဲ့ပုံစံကို နားလည်ပေမယ့်လည်း ခန္ဓာကိုယ်အရွယ်အစားက ဘာလို့သေးငယ်နေရတာလဲလို့ တွစ်တာမှာ မေးခွန်းထုတ်မှုတွေ များပြားနေခဲ့ပါတယ်။

အွန်နရီ နဲ့ ဝိန်းရွန်နီတို့လို မှတ်တမ်းကို ရရှိခဲ့တဲ့ အဂူရို 

ဆိုရှယ်မီဒီယာပေါ်မှာလည်း မက်ဒဲယားလေဆိပ်မှာ ထားရှိထားတဲ့ ရော်နယ်ဒိုရဲ့ ရုပ်ထုနဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ခံရမှုတွေ ရှိနေပါတယ်။ ရော်နယ်ဒိုရဲ့ ဦးခေါင်းပုံရုပ်ထုကိုတော့ ဒီနှစ်နွေရာသီအစောပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဆာလာရဲ့ ရုပ်ထုကို ဆိုရှယ်မီဒီယာပေါ်မှာ အခြားသော ဆိုးရွားတဲ့ ပုံများနဲ့ နှိုင်းယှဉ်ပြီး ဖော်ပြခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။

NINTCHDBPICT000376001692.jpg

Photo : The Sun

လီဗာပူးလ်အသင်းမှာ အောင်မြင်တဲ့ ဘောလုံးရာသီကို ဖြတ်သန်းနိုင်ခဲ့ပြီး အီဂျစ်အသင်းကိုလည်း ကမ္ဘာ့ဖလားဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ဆာလာဟာ အီဂျစ်မှာ လူကြိုက်အများဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒီအတွက် သူ့ရဲ့နိုင်ငံ အီဂျစ်မှာ အမှတ်တရ ဂုဏ်ပြုဖို့ ရုပ်ထုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆိုးရွားလှတဲ့ပုံစံကြောင့် ဆာလာအတွက်တော့ ငိုရမလိုလို၊ ရယ်ရမလိုလိုဖြစ်နေခဲ့မှာတော့ သေချာပါတယ်။

[Zawgyi Version]

ႏို၀င္ဘာလ (၃)ရက္ေန႔က အီဂ်စ္ႏိုင္ငံမွာ အီဂ်စ္အသင္းရဲ႕ အဓိကတိုက္စစ္မွဴး မိုဟာမက္ဆာလာရဲ႕ ရုပ္ထုကို ဖြင့္လွစ္ခဲ့ပါတယ္။ ဆာလာရဲ႕ ပံုတူရုပ္ထုကို ေတြ႕ျမင္အျပီးမွာေတာ့ ၀ိုင္း၀န္းေလွာင္ေျပာင္မႈေတြ ရွိခဲ့ၾကျပီး ေပၚတူဂီတိုက္စစ္မွဴး ေရာ္နယ္ဒိုရဲ႕ ရုပ္ထုနဲ႔ ႏိႈႈင္းယွဥ္သံုးသပ္ကာ ကဲ့ရဲ႕ သေရာ္မႈေတြလည္း ျဖစ္ပြားခဲ့ပါတယ္။

Photo : Sportbible

 

ဆာလာရဲ႕ ေအာင္ပြဲခံဟန္ပံုစံအတိုင္း ထုလုပ္ထားတဲ့ ရုပ္ထုမွာေတာ့ ခႏၶာကို္ယ္အရြယ္အစားက ေသးငယ္ေနျပီး ဦးေခါင္းပိုင္းက ၾကိးမားေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ ဆာလာရဲ႕ မ်က္ႏွာပံုပန္းသြင္ျပင္နဲ႔ ကြဲလဲြမႈေတြရွိေနျပီး (၈)ႏွစ္အရြယ္ ကေလး တစ္ေယာက္ရဲ႕ ပံုစံလို ျဖစ္ေနတယ္လို႔ ေျပာဆိုခဲ့ၾကျပီး ေလွာင္ေျပာင္ခဲ့ၾကပါတယ္။

Photo : Sportbible

 

ဒီရုပ္ထုကိုေတာ့ Mai Abdel Allah က ဖန္တီးျပဳလုပ္ခဲ့တာျဖစ္ျပီး ေတာ္ေတာ္ေလးဆိုး၀ါးေနတယ္လို႔ လာေရာက္ၾကည့္ရႈသူေတြက ေျပာဆိုခဲ့ၾကပါတယ္။ ဆာလာရဲ႕ ေအာင္ပြဲခံဟန္ ထုလုပ္တဲ့ပံုစံကို နားလည္ေပမယ့္လည္း ခႏၶာကိုယ္အရြယ္အစားက ဘာလို႔ေသးငယ္ေနရတာလဲလို႔ တြစ္တာမွာ ေမးခြန္းထုတ္မႈေတြ မ်ားျပားေနခဲ့ပါတယ္။

အြန္နရီ နဲ႔ ၀ိန္းရြန္နီတို႔လို မွတ္တမ္းကို ရရွိခဲ့တဲ့ အဂူရို 

ဆိုရွယ္မီဒီယာေပၚမွာလည္း မက္ဒဲယားေလဆိပ္မွာ ထားရွိထားတဲ့ ေရာ္နယ္ဒိုရဲ႕ ရုပ္ထုနဲ႔ ႏိႈင္းယွဥ္ျပီး ေ၀ဖန္ခံရမႈေတြ ရွိေနပါတယ္။ ေရာ္နယ္ဒိုရဲ႕ ဦးေခါင္းပုံရုပ္ထုကိုေတာ့ ဒီႏွစ္ေႏြရာသီအေစာပိုင္းမွာ စတင္ဖြင့္လွစ္ခဲ့တာ ျဖစ္ပါတယ္။ ဆာလာရဲ႕ ရုပ္ထုကို ဆိုရွယ္မီဒီယာေပၚမွာ အျခားေသာ ဆိုးရြားတဲ့ ပံုမ်ားနဲ႔ ႏိႈင္းယွဥ္ျပီး ေဖာ္ျပခဲ့မႈေတြလည္း ရွိခဲ့ပါတယ္။

Photo : The Sun

လီဗာပူးလ္အသင္းမွာ ေအာင္ျမင္တဲ့ ေဘာလံုးရာသီကို ျဖတ္သန္းႏိုင္ခဲ့ျပီး အီဂ်စ္အသင္းကိုလည္း ကမၻာ့ဖလား၀င္ခြင့္ရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ျပီးေနာက္ ဆာလာဟာ အီဂ်စ္မွာ လူၾကိဳက္အမ်ားဆံုး ကစားသမားျဖစ္လာခဲ့ပါတယ္။ ဒီအတြက္ သူ႔ရဲ႕ႏိုင္ငံ အီဂ်စ္မွာ အမွတ္တရ ဂုဏ္ျပဳဖို႔ ရုပ္ထုျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆိုးရြားလွတဲ့ပံုစံေၾကာင့္ ဆာလာအတြက္ေတာ့ ငိုရမလိုလို၊ ရယ္ရမလိုလိုျဖစ္ေနခ့ဲမွာေတာ့ ေသခ်ာပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs