• EPL
    ပေါ့ဂ်ဘာကို ဘယ်နေရာ ကစားခိုင်းသင့်လဲ ဖလက်ချာတောင် သိတယ်
Pyae Phyo Thein
[Unicode Version]

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ဒါရင်းဖလက်ချာက အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာကို ဘယ်နေရာမှာ ကစားခိုင်းသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ပြောကြားသွားခဲ့ပါတယ်။ ဖလက်ချာက ပေါ့ဂ်ဘာဟာ အရန်အသင်းမှာတောင် ဗဟိုကွင်းလယ်နေရာ ကစားနိုင်ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပြီး သူ့ကို တိုက်စစ်ပိုင်းမှာ လွတ်လွတ်လပ်လပ် ကစားစေသင့်တယ်လို့ အကြံပြုသွားခဲ့ပါတယ်။

i.jpg

Photo : ESPN

 

ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လက်အောက်မှာ ပုံမှန်ကစားခွင့် နည်းပါးခဲ့ပြီးနောက် ပေါ့ဂ်ဘာကတော့ မန်ချက်စတာယူနိုက်တက်ကနေ အသက် (၁၉)နှစ်အရွယ်မှာပဲ ထွက်ခွာခဲ့ပါတယ်။ ဖလက်ချာကတော့ ယူနိုက်တက်အရန်အသင်းမှာ နည်းပြအဖြစ် ဝါရင်းဂိျွုင်းဆီနဲ့ အတူတူတာဝန် ထမ်းဆောင်ခဲ့စဉ်က ပေါ့ဂ်ဘာကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

2018-11-03T140042Z_33270569_RC1B37848900_RTRMADP_3_SOCCER-ENGLAND-BOU-MUN.JPG

Photo : Premier League

 

"ယူနိုက်တက်မှာ ကျွန်တော် မကစားနိုင်တဲ့ အချိန်မှာ အရန်အသင်းနည်းပြအဖြစ် ကျွန်တော် တာဝန်ယူခဲ့ပါတယ်၊ အဲဒီတုန်းက ပေါ့ဂ်ဘာ၊ လင်ဂတ်၊ မော်ရစ်ဆင်တို့ အသင်းမှာ ရှိနေပြီး ကျွန်တော်တို့ အတူတူ ဘောလုံးကစားခဲ့ပါတယ်၊ သူက အသင်းအတွက် နိုင်ပွဲရဖို့ စွမ်းဆောင် ပေးနိုင်တဲ့ ကစားသမားတစ်ဦးဆိုတာ အဲဒီကတည်းက ကျွန်တော်ခံစားမိခဲ့ပါတယ်" လို့ ဖလက်ချာက Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ Monday Night Football Show မှာ ပြောခဲ့ပါတယ်။

BouMU1-640x426.jpg

Photo : sidomi

"သူ အသင်းက ထွက်ခွာဖို့ ဖြစ်လာခဲ့တဲ့ ဘလက်ဘန်းအသင်းနဲ့ ပွဲစဉ်မှာ သူက အရန်ထိုင်ခုံမှာ ရှိနေပါတယ်၊ ဒါပေမယ့် ဖာဂူဆန်က ပတ်ဂျီဆန် နဲ့ ဖီးလ်ဂျုံးစ်တို့ကို ကွင်းလယ်မှာ ကစားဖို့ ရွေးချယ်ခဲ့ပါတယ်၊ သူက အရန်အသင်းမှာတောင်မှ ဗဟိုကွင်းလယ်မှာ ကစားဖို့ မသင့်တော် တာဆိုတော့ ပထမအသင်းကြီးမှာ ကစားဖို့ဆိုတာ မလွယ်ကူပါဘူး"

 

"သူ့ကို ပြိုင်ဘက်အသင်းရဲ့ တတိယခံစစ်ဇုန်အတွင်းမှာ လှုပ်ရှားကစားပြီး ဖန်တီးပေးနေတာတွေကို မြင်ရတာ ကျွန်တော်သဘောကျပါတယ်၊ ဂျူဗင်တပ်စ်မှာဆိုလည်း သူက ဘယ်ခြမ်းမှာ ကစားခဲ့တာပါ၊ ယူနိုက်တက်မှာလည်း မာရှယ်နဲ့သူ ချိတ်ဆက်ပြီး အသင်းရဲ့ ဘယ်ခြမ်းမှာ ကစားနေတာကို တွေ့ရမှာပါ၊ သူက တောင်ပံတစ်လျှောက်မှာ လွယ်လွယ်ကူကူ ဆွဲပြေးနိုင်စွမ်းရှိပြီး ဧရိယာထဲကို ပေးပို့နိုင်စွမ်းရှိပါတယ်၊ သူက ကစားသမားကောင်းတစ်ယောက်ပါ"

 

"သူ့ကို အသင်းမှာ လွတ်လွတ်လပ်လပ်ပိုပြီး ကစားခွင့်ပေးလိုက်မယ်ဆိုရင် ပိုပြီးအထင်ကြီးစရာကောင်းတဲ့ ကစားသမားဖြစ်လာမှာပါ" လို့ ဖလက်ချာက ပေါ့ဂ်ဘာအပေါ် သုံးသပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘုန်းမောက်နဲ့ ပွဲစဉ်မှာလည်း ပေါ့ဂ်ဘာဟာ နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ရက်ဖို့ဒ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီလိုဖန်တီးပေးခဲ့ရာမှာ ပေါ့ဂ်ဘာဟာ ဘုန်းမောက်အသင်းရဲ့ ခံစစ်ဘယ်ခြမ်းကနေ တစ်ဦးတည်းထိုးဖောက်သွားခဲ့ပြီး ပြိုင်ဘက်နောက်ခံလူကို လှလှပပ လှည့်စားကာ ဂိုးဧရိယာထဲကို ဘယ်ခြေနဲ့ တိကျသေသပ်စွာ ကန်တင်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ရက်ဖို့ဒ်က အခွင့်အရေးကို အပိုင်အသုံးချခဲ့ပြီး ယူနိုက်တက်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

[Zawgyi Version]

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကစားသမားေဟာင္း ဒါရင္းဖလက္ခ်ာက အသင္းရဲ႕ ကြင္းလယ္လူ ေပါ့ဂ္ဘာကို ဘယ္ေနရာမွာ ကစားခိုင္းသင့္လဲဆိုတာနဲ႔ ပတ္သက္ျပီး သူ႔ရဲ႕ အျမင္ကို ေျပာၾကားသြားခဲ့ပါတယ္။ ဖလက္ခ်ာက ေပါ့ဂ္ဘာဟာ အရန္အသင္းမွာေတာင္ ဗဟိုကြင္းလယ္ေနရာ ကစားႏိုင္ျခင္းမရွိဘူးလို႔ ေျပာၾကားခဲ့ျပီး သူ႔ကို တိုက္စစ္ပိုင္းမွာ လြတ္လြတ္လပ္လပ္ ကစားေစသင့္တယ္လို႔ အၾကံျပဳသြားခဲ့ပါတယ္။

Photo : ESPN

 

ဆာအဲလက္စ္ဖာဂူဆန္ရဲ႕ လက္ေအာက္မွာ ပံုမွန္ကစားခြင့္ နည္းပါးခဲ့ျပီးေနာက္ ေပါ့ဂ္ဘာကေတာ့ မန္ခ်က္စတာယူႏိုက္တက္ကေန အသက္ (၁၉)ႏွစ္အရြယ္မွာပဲ ထြက္ခြာခဲ့ပါတယ္။ ဖလက္ခ်ာကေတာ့ ယူႏိုက္တက္အရန္အသင္းမွာ နည္းျပအျဖစ္ ၀ါရင္းဂိြ်ဳင္းဆီနဲ႔ အတူတူတာ၀န္ ထမ္းေဆာင္ခဲ့စဥ္က ေပါ့ဂ္ဘာကို ကိုင္တြယ္ခဲ့ဖူးသူ ျဖစ္ပါတယ္။

Photo : Premier League

 

"ယူႏိုက္တက္မွာ ကၽြန္ေတာ္ မကစားႏိုင္တဲ့ အခ်ိန္မွာ အရန္အသင္းနည္းျပအျဖစ္ ကၽြန္ေတာ္ တာ၀န္ယူခဲ့ပါတယ္၊ အဲဒီတုန္းက ေပါ့ဂ္ဘာ၊ လင္ဂတ္၊ ေမာ္ရစ္ဆင္တို႔ အသင္းမွာ ရွိေနျပီး ကၽြန္ေတာ္တို႔ အတူတူ ေဘာလုံးကစားခဲ့ပါတယ္၊ သူက အသင္းအတြက္ ႏိုင္ပြဲရဖို႔ စြမ္းေဆာင္ ေပးႏိုင္တဲ့ ကစားသမားတစ္ဦးဆိုတာ အဲဒီကတည္းက ကၽြန္ေတာ္ခံစားမိခဲ့ပါတယ္" လို႔ ဖလက္ခ်ာက Sky Sports နဲ႔ ျပဳလုပ္ခဲ့တဲ့ Monday Night Football Show မွာ ေျပာခဲ့ပါတယ္။

Photo : sidomi

"သူ အသင္းက ထြက္ခြာဖို႔ ျဖစ္လာခဲ့တဲ့ ဘလက္ဘန္းအသင္းနဲ႔ ပြဲစဥ္မွာ သူက အရန္ထိုင္ခံုမွာ ရွိေနပါတယ္၊ ဒါေပမယ့္ ဖာဂူဆန္က ပတ္ဂ်ီဆန္ နဲ႔ ဖီးလ္ဂ်ဳံးစ္တို႔ကို ကြင္းလယ္မွာ ကစားဖို႔ ေရြးခ်ယ္ခဲ့ပါတယ္၊ သူက အရန္အသင္းမွာေတာင္မွ ဗဟုိကြင္းလယ္မွာ ကစားဖို႔ မသင့္ေတာ္ တာဆိုေတာ့ ပထမအသင္းၾကီးမွာ ကစားဖို႔ဆိုတာ မလြယ္ကူပါဘူး"

 

"သူ႔ကို ျပိဳင္ဘက္အသင္းရဲ႕ တတိယခံစစ္ဇုန္အတြင္းမွာ လႈပ္ရွားကစားျပီး ဖန္တီးေပးေနတာေတြကို ျမင္ရတာ ကၽြန္ေတာ္သေဘာက်ပါတယ္၊ ဂ်ဴဗင္တပ္စ္မွာဆိုလည္း သူက ဘယ္ျခမ္းမွာ ကစားခဲ့တာပါ၊ ယူႏိုက္တက္မွာလည္း မာရွယ္နဲ႔သူ ခ်ိတ္ဆက္ျပီး အသင္းရဲ႕ ဘယ္ျခမ္းမွာ ကစားေနတာကို ေတြ႕ရမွာပါ၊ သူက ေတာင္ပံတစ္ေလွ်ာက္မွာ လြယ္လြယ္ကူကူ ဆြဲေျပးႏိုင္စြမ္းရွိျပီး ဧရိယာထဲကို ေပးပို႔ႏိုင္စြမ္းရွိပါတယ္၊ သူက ကစားသမားေကာင္းတစ္ေယာက္ပါ"

 

"သူ႔ကို အသင္းမွာ လြတ္လြတ္လပ္လပ္ပိုျပီး ကစားခြင့္ေပးလိုက္မယ္ဆိုရင္ ပိုျပီးအထင္ၾကီးစရာေကာင္းတဲ့ ကစားသမားျဖစ္လာမွာပါ" လို႔ ဖလက္ခ်ာက ေပါ့ဂ္ဘာအေပၚ သံုးသပ္ခဲ့ပါတယ္။ ျပီးခဲ့တဲ့ ဘုန္းေမာက္နဲ႔ ပြဲစဥ္မွာလည္း ေပါ့ဂ္ဘာဟာ နာက်င္အခ်ိန္ပိုမွာ သြင္းယူခဲ့တဲ့ ရက္ဖို႔ဒ္ရဲ႕ သြင္းဂိုးကို ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

ဒီလိုဖန္တီးေပးခဲ့ရာမွာ ေပါ့ဂ္ဘာဟာ ဘုန္းေမာက္အသင္းရဲ႕ ခံစစ္ဘယ္ျခမ္းကေန တစ္ဦးတည္းထိုးေဖာက္သြားခဲ့ျပီး ျပိဳင္ဘက္ေနာက္ခံလူကို လွလွပပ လွည့္စားကာ ဂိုးဧရိယာထဲကို ဘယ္ေျခနဲ႔ တိက်ေသသပ္စြာ ကန္တင္ေပးခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာ ရက္ဖို႔ဒ္က အခြင့္အေရးကို အပိုင္အသံုးခ်ခဲ့ျပီး ယူႏိုက္တက္အတြက္ အဖိုးတန္အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs