• EPL
    ဘိန်းပန်းပွင့်မတပ်ဆင်ခဲ့တဲ့ မာတစ်ရဲ့ နောက်ကွယ်က ကြေကွဲဖွယ်ဇာတ်လမ်း
Pyae Phyo Thein
[Unicode Version]

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား နီမန်ဂျာမာတစ်က ဘုန်းမောက်နဲ့ပွဲမှာ ဘိန်းပန်းပွင့်ကို ဘာလို့ တပ်ဆင်ကစားခဲ့ခြင်း မရှိတာလဲဆိုတဲ့ အကြောင်းရင်းကို ရှင်းပြသွားခဲ့ပါတယ်။ မာတစ်က သူ့ရဲ့ အသက် (၁၂)နှစ်အရွယ်မှာ သူနေထိုင်ရာ ရွာလေး ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် ဒီနေ့ထိ မမေ့နိုင်သေးတာကြောင့် ဖြစ်တယ်လို့ ပြောပြခဲ့တာပါ။

_104175465_nemanjamatic.jpg

Photo : BBC

 

၁၉၉၉ ခုနှစ်မှာ နေတိုးတပ်ဖွဲ့တွေဟာ ကိုဆိုဗိုဒေသက ဆာဘီးယားတပ်ဖွဲ့တွေအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်ခဲ့ရာမှာ မာတစ်ရဲ့ ရွာလေးဟာလည်း ဗုံးဒဏ်ကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။ အသက် (၃၀) အရွယ် မာတစ်က သူ ဘိန်းပန်းပွင့် တပ်ဆင်ခဲ့ခြင်းမရှိတဲ့ အကြောင်းကို သူ့ရဲ့ အင်စတာဂရမ်ကတဆင့် ရှင်းပြသွားခဲ့ပါတယ်။

ပေါ့ဂ်ဘာကို ဘယ်နေရာ ကစားခိုင်းသင့်လဲ ဖလက်ချာတောင် သိတယ် 

download (1).jpg

Photo : ESPNFC

 

"ဘိန်းပန်းပွင့်တပ်ဆင်ကြတဲ့ လူတွေအားလုံးကို ကျွန်တော် လေးစားမှုအပြည့်အဝရှိပါတယ်၊ သူတို့ရဲ့လုပ်ရပ်ကလည်း မှန်ကန်တယ်လို့ ကျွန်တော် ယူဆပါတယ်၊ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဒီလိုတပ်ဆင်ရမယ့် အချိန်မှာ ကျွန်တော် ၁၂နှစ်အရွယ်က ကျွန်တော်နေခဲ့တဲ့ ဗီရီလိုရွာလေး ဗုံးကြဲတိုက်ခိုက်မှုကို ပြန်ပြီးတော့ သတိရစေပါတယ်"

download.jpg

Photo : Reuters UK

 

"ကျွန်တော့်ရဲ့ နိုင်ငံဟာ ၁၉၉၉ ခုနှစ်မှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရလို့ အပျက်အစီးအများကြီး ဖြစ်ခဲ့ပါတယ်၊ အရင်တုန်းက ကျွန်တော် ဘိန်းပန်းပွင့်ကို တပ်ဆင်ခဲ့ပေမယ့်လည်း အခုချိန်မှာ ဒါကို တပ်ဆင်ရမှာက မှန်ကန်မှုမရှိဘူးလို့ ကျွန်တော်ခံစားမိလို့ပါ၊ ဒီအတွက် နောင်မှာလည်း ကျွန်တော် ဝတ်ဆင်တော့မှာ မဟုတ်ပါဘူး"

"ဒါက ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်၊ လူတိုင်းက ကျွန်တော့်ရဲ့ အကြောင်းပြချက်ကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်၊ ဒီလိုနားလည်ပေးဖို့လည်း ကျွန်တော် ရှင်းပြနေတာပါ၊ အခုလက်ရှိမှာတော့ အသင်းကို အကောင်းဆုံးခြေစွမ်းနဲ့ ကူညီဗပးနိုင်ဖို့အတွက်ပဲ ကျွန်တော့်ခေါင်းထဲမှာရှိပါတယ်" လို့ မာတစ်က အင်စတာဂရမ်ကနေ ရှင်းပြပြောဆိုခဲ့ပါတယ်။

[Zawgyi Version]

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမား နီမန္ဂ်ာမာတစ္က ဘုန္းေမာက္နဲ႔ပြဲမွာ ဘိန္းပန္းပြင့္ကို ဘာလို႔ တပ္ဆင္ကစားခဲ့ျခင္း မရွိတာလဲဆိုတဲ့ အေၾကာင္းရင္းကို ရွင္းျပသြားခဲ့ပါတယ္။ မာတစ္က သူ႔ရဲ႕ အသက္ (၁၂)ႏွစ္အရြယ္မွာ သူေနထိုင္ရာ ရြာေလး ဗံုးၾကဲတိုက္ခိုက္ခံရမႈအေပၚ ဒီေန႔ထိ မေမ့ႏိုင္ေသးတာေၾကာင့္ ျဖစ္တယ္လို႔ ေျပာျပခဲ့တာပါ။

Photo : BBC

 

၁၉၉၉ ခုႏွစ္မွာ ေနတိုးတပ္ဖြဲ႕ေတြဟာ ကိုဆိုဗိုေဒသက ဆာဘီးယားတပ္ဖြဲ႕ေတြအေပၚ ဗံုးၾကဲတိုက္ခိုက္ခဲ့ပါတယ္။ ဒီလိုတိုက္ခိုက္ခဲ့ရာမွာ မာတစ္ရဲ႕ ရြာေလးဟာလည္း ဗုံးဒဏ္ကို ခံစားခဲ့ရတာ ျဖစ္ပါတယ္။ အသက္ (၃၀) အရြယ္ မာတစ္က သူ ဘိန္းပန္းပြင့္ တပ္ဆင္ခဲ့ျခင္းမရွိတဲ့ အေၾကာင္းကို သူ႔ရဲ႕ အင္စတာဂရမ္ကတဆင့္ ရွင္းျပသြားခဲ့ပါတယ္။

ေပါ့ဂ္ဘာကို ဘယ္ေနရာ ကစားခိုင္းသင့္လဲ ဖလက္ခ်ာေတာင္ သိတယ္ 

Photo : ESPNFC

 

"ဘိန္းပန္းပြင့္တပ္ဆင္ၾကတဲ့ လူေတြအားလံုးကို ကၽြန္ေတာ္ ေလးစားမႈအျပည့္အ၀ရွိပါတယ္၊ သူတုိ႔ရဲ႕လုပ္ရပ္ကလည္း မွန္ကန္တယ္လို႔ ကၽြန္ေတာ္ ယူဆပါတယ္၊ ဒါေပမယ့္ ကၽြန္ေတာ့္အတြက္ေတာ့ ဒီလိုတပ္ဆင္ရမယ့္ အခ်ိန္မွာ ကၽြန္ေတာ္ ၁၂ႏွစ္အရြယ္က ကၽြန္ေတာ္ေနခဲ့တဲ့ ဗီရီလိုရြာေလး ဗံုးၾကဲတိုက္ခိုက္မႈကို ျပန္ျပီးေတာ့ သတိရေစပါတယ္"

Photo : Reuters UK

 

"ကၽြန္ေတာ့္ရဲ႕ ႏိုင္ငံဟာ ၁၉၉၉ ခုႏွစ္မွာ ဗံုးၾကဲတိုက္ခိုက္ခံခဲ့ရလို႔ အပ်က္အစီးအမ်ားၾကီး ျဖစ္ခဲ့ပါတယ္၊ အရင္တုန္းက ကၽြန္ေတာ္ ဘိန္းပန္းပြင့္ကို တပ္ဆင္ခဲ့ေပမယ့္လည္း အခုခ်ိန္မွာ ဒါကို တပ္ဆင္ရမွာက မွန္ကန္မႈမရွိဘူးလို႔ ကၽြန္ေတာ္ခံစားမိလို႔ပါ၊ ဒီအတြက္ ေနာင္မွာလည္း ကၽြန္ေတာ္ ၀တ္ဆင္ေတာ့မွာ မဟုတ္ပါဘူး"

"ဒါက ကၽြန္ေတာ့္ရဲ႕ ပုဂၢိဳလ္ေရးဆိုင္ရာ ေရြးခ်ယ္မႈတစ္ခုျဖစ္ပါတယ္၊ လူတိုင္းက ကၽြန္ေတာ့္ရဲ႕ အေၾကာင္းျပခ်က္ကို နားလည္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္၊ ဒီလိုနားလည္ေပးဖို႔လည္း ကၽြန္ေတာ္ ရွင္းျပေနတာပါ၊ အခုလက္ရွိမွာေတာ့ အသင္းကို အေကာင္းဆံုးေျခစြမ္းနဲ႔ ကူညီဗပးႏိုင္ဖို႔အတြက္ပဲ ကၽြန္ေတာ့္ေခါင္းထဲမွာရွိပါတယ္" လို႔ မာတစ္က အင္စတာဂရမ္ကေန ရွင္းျပေျပာဆိုခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs