• EPL
    ဇနီးသည်တစ်ဦးသာသိခဲ့တဲ့ ပြီးခဲ့တဲ့ရာသီကအဖြစ်အပျက်တွေကို ထုတ်ဖော်ပြောကြားခဲ့တဲ့ မိုရာတာ
Kyawko Ko
[Unicode Version]

ချယ်ဆီးအသင်းရဲ့တိုက်စစ်မှူး မိုရာတာဟာ ချယ်ဆီးအသင်းကို စတင်ရောက်ရှိတဲ့ ပွဲဦးထွက်ရာသီမှာ စိတ်ပိုုင်းဆိုင်ရာညှင်းပန်းနှိပ်စက်ခံရမှုတွေကို ကျော်လွှားခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မိုရာတာဟာ တနင်္ဂနွေနေ့က ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

gettyimages-1057273156.jpg

Photos: Metro

ချယ်ဆီးအသင်းနည်းပြ ဆာရီက မိုရာတာရဲ့ ခက်ခဲကြမ်းတမ်းတဲ့ စိတ်ပိုင်းဆိုင်ရာအတွက် စိုးရိမ်ပူပင်နေကြောင်း ဝန်ခံပြောကြားခဲ့ပြီး မိုရာတာကို ယခုထက် ခြေစွမ်းပိုမိုတိုးတက်လာဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။ ချယ်ဆီးအသင်းကို စတင်ရောက်ရှိတဲ့ ပွဲဦးထွက်ရာသီမှာ မိုရာတာဟာ ဒဏ်ရာနဲ့ ဆိုးရွားတဲ့ပုံစံတို့ကြောင့် ရုန်းကန်ခဲ့ရပြီး အခွင့်အရေးတွေလွဲချော်မှုအတွက် ပြစ်တင်ခံရတာ ထုံးစံလိုမျိုးဖြစ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

"ကျွန်တော် ပိုကောင်းမွန်လာပါပြီ။ ပြီးခဲ့တဲ့နှစ်က ဘယ်လောက်အထိ ကြီးမားတဲ့ကိစ္စတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော့်ဇနီးကလွဲပြီး ဘယ်သူမှ သိမယ်မထင်ပါဘူး"

"ဒဏ်ရာရရှိမှုက ကျွန်တော့်ကို သတ်ခဲ့ပါတယ်။ အခုတော့ အဲဒါက အဆင်ပြေသွားပါပြီ။ ပြီးခဲ့တဲ့ရာသီရဲ့နောက်ဆုံးလမှာ ကျွန်တော် လုံးဝကို စိတ်ဓာတ်တွေ ကျပြီးရင်း ကျခဲ့တယ်။ အဲဒီထက် ပိုပြီး ကျစရာမရှိတော့လောက်အောင်ပါပဲ"

gettyimages-1057286162.jpg

Photos: Metro

 

"ခင်ဗျား ကန့်သတ်ထားတဲ့နေရာအထိ ရောက်ခဲ့ပြီဆိုရင် ခင်ဗျား လုပ်ရမယ့် တစ်ခုတည်းသောအရာက ပြန်လာနိုင်ဖို့ပဲ"

"ကျွန်တော့်အတွက် မိုးရွာတဲ့အချိန်တွေ ရှိခဲ့တယ်။ မိုးရွာနေလို့ ကျွန်တော် ဒေါသဖြစ်ခဲ့တယ်။ ကျွန်တော် လွဲချော်သွားခဲ့ရင် ကွင်းမျက်နှာပြင်က အရမ်းချောနေလို့ပဲ။ အဲဒါက တစ်ခုတည်းသော အကြောင်းပြချက်ပါ။ အဲဒါက မကောင်းပါဘူး"

"လူတိုင်းလူတိုင်းရဲ့ဘဝမှာ ဆိုးရွားတဲ့အချိန်အပိုင်းအခြားတစ်ခုဆိုတာ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ထင်ပေါ်ကျော်ကြားပြီး ကျွန်တော်တို့မှာ ကိစ္စတွေအများကြီးရှိနေတယ်။ တစ်ခါတရံလူတွေက ကျွန်တော်တို့ကို ခံစားချက်ရှိတဲ့၊ ပြဿနာရှိတဲ့လူတွေမဟုတ်ကြဘူးလို့ ထင်နေကြပါတယ်"

"အရေးကြီးဆုံးအရာက မှန်ကန်တဲ့ဟန်ချက်တစ်ခုကို ပြန်ရှာတွေ့ဖို့ပဲ။ အခု ကျွန်တော့်မှာ ရှိသွားပြီ။ ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ချယ်ဆီးအသင်းတိုက်စစ်မှူး မိုရာတာဟာ နောက်ဆုံးပါဝင်ကစားပေးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲမှာ ၄ ဂိုးသွင်းယူထားပြီး ချယ်ဆီးအသင်းပရိသတ်တွေက မိုရာတာအနေနဲ့ ၎င်းရဲ့ခြေစွမ်းကို တည်ငြိမ်အောင်ပြုလုပ်နိုင်ပြီး ဂိုးတွေသွင်းယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

[Zawgyi Version]

ခ်ယ္ဆီးအသင္းရဲ႕တုိက္စစ္မွဴး မုိရာတာဟာ ခ်ယ္ဆီးအသင္းကို စတင္ေရာက္ရွိတဲ့ ပြဲဦးထြက္ရာသီမွာ စိတ္ပုုိင္းဆုိင္ရာညွင္းပန္းႏွိပ္စက္ခံရမႈေတြကို ေက်ာ္လႊားခဲ့ရေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ မိုရာတာဟာ တနဂၤေႏြေန႔က ခရစ္စတယ္ပဲေလ့စ္အသင္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ခ်ယ္ဆီးအသင္းအတြက္ ဒုတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့သူျဖစ္ပါတယ္။

gettyimages-1057273156.jpg

Photos: Metro

ခ်ယ္ဆီးအသင္းနည္းျပ ဆာရီက မိုရာတာရဲ႕ ခက္ခဲၾကမ္းတမ္းတဲ့ စိတ္ပိုင္းဆုိင္ရာအတြက္ စိုးရိမ္ပူပင္ေနေၾကာင္း ဝန္ခံေျပာၾကားခဲ့ၿပီး မိုရာတာကို ယခုထက္ ေျခစြမ္းပိုမိုတိုးတက္လာဖို႔ဆႏၵရွိေနတာျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းကို စတင္ေရာက္ရွိတဲ့ ပြဲဦးထြက္ရာသီမွာ မုိရာတာဟာ ဒဏ္ရာနဲ႔ ဆုိးရြားတဲ့ပံုစံတို႔ေၾကာင့္ ရုန္းကန္ခဲ့ရၿပီး အခြင့္အေရးေတြလြဲေခ်ာ္မႈအတြက္ ျပစ္တင္ခံရတာ ထံုးစံလိုမ်ိဳးျဖစ္ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဘာေနဗ်ဴးကို စြန္႔ခြာခဲ့တာနဲ႔ ပတ္သက္ျပီး ပီရက္ဇ္ကို ဒဲ့ေျပာလိုက္တဲ့ ေရာ္နယ္ဒို 

"ကၽြန္ေတာ္ ပိုေကာင္းမြန္လာပါၿပီ။ ၿပီးခဲ့တဲ့ႏွစ္က ဘယ္ေလာက္အထိ ႀကီးမားတဲ့ကိစၥေတြျဖစ္ခဲ့လဲဆုိတာ ကၽြန္ေတာ့္ဇနီးကလြဲၿပီး ဘယ္သူမွ သိမယ္မထင္ပါဘူး"

"ဒဏ္ရာရရွိမႈက ကၽြန္ေတာ့္ကို သတ္ခဲ့ပါတယ္။ အခုေတာ့ အဲဒါက အဆင္ေျပသြားပါၿပီ။ ၿပီးခဲ့တဲ့ရာသီရဲ႕ေနာက္ဆံုးလမွာ ကၽြန္ေတာ္ လံုးဝကို စိတ္ဓာတ္ေတြ က်ၿပီးရင္း က်ခဲ့တယ္။ အဲဒီထက္ ပိုၿပီး က်စရာမရွိေတာ့ေလာက္ေအာင္ပါပဲ"

Photos: Metro

 

"ခင္ဗ်ား ကန္႔သတ္ထားတဲ့ေနရာအထိ ေရာက္ခဲ့ၿပီဆုိရင္ ခင္ဗ်ား လုပ္ရမယ့္ တစ္ခုတည္းေသာအရာက ျပန္လာႏုိင္ဖို႔ပဲ"

"ကၽြန္ေတာ့္အတြက္ မိုးရြာတဲ့အခ်ိန္ေတြ ရွိခဲ့တယ္။ မိုးရြာေနလို႔ ကၽြန္ေတာ္ ေဒါသျဖစ္ခဲ့တယ္။ ကၽြန္ေတာ္ လြဲေခ်ာ္သြားခဲ့ရင္ ကြင္းမ်က္ႏွာျပင္က အရမ္းေခ်ာေနလို႔ပဲ။ အဲဒါက တစ္ခုတည္းေသာ အေၾကာင္းျပခ်က္ပါ။ အဲဒါက မေကာင္းပါဘူး"

"လူတုိင္းလူတုိင္းရဲ႕ဘဝမွာ ဆိုးရြားတဲ့အခ်ိန္အပိုင္းအျခားတစ္ခုဆုိတာ ရွိႏုိင္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႔ဟာ ထင္ေပၚေက်ာ္ၾကားၿပီး ကၽြန္ေတာ္တုိ႔မွာ ကိစၥေတြအမ်ားႀကီးရွိေနတယ္။ တစ္ခါတရံလူေတြက ကၽြန္ေတာ္တုိ႔ကို ခံစားခ်က္ရွိတဲ့၊ ျပႆနာရွိတဲ့လူေတြမဟုတ္ၾကဘူးလို႔ ထင္ေနၾကပါတယ္"

"အေရးႀကီးဆံုးအရာက မွန္ကန္တဲ့ဟန္ခ်က္တစ္ခုကို ျပန္ရွာေတြ႕ဖို႔ပဲ။ အခု ကၽြန္ေတာ့္မွာ ရွိသြားၿပီ။ ကၽြန္ေတာ္ အရမ္းေပ်ာ္ရႊင္ေနပါတယ္"လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းတုိက္စစ္မွဴး မိုရာတာဟာ ေနာက္ဆံုးပါဝင္ကစားေပးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၄ ပြဲမွာ ၄ ဂိုးသြင္းယူထားၿပီး ခ်ယ္ဆီးအသင္းပရိသတ္ေတြက မုိရာတာအေနနဲ႔ ၎ရဲ႕ေျခစြမ္းကို တည္ၿငိမ္ေအာင္ျပဳလုပ္ႏုိင္ၿပီး ဂိုးေတြသြင္းယူႏုိင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs