• EPL
    ယူရိုပါလိဂ်ကန်ရမယ်သိသိနဲ့ မန်ယူကို ပြောင်းခဲ့တာပါဆိုတဲ့ ပေါ့ဂ်ဘာ
Pyae Phyo Thein
[Unicode Version]

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာက အိုးထရက်ဖို့ဒ်မှာ သူပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့ပြီး သူနဲ့ မော်ရင်ဟိုကြားမှာလည်း ဘယ်လိုပြသနာမှ မရှိဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ပေါ့ဂ်ဘာက ယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့ခဲ့မှုအပေါ်မှာလည်း နောင်တမရဘူးလို့ ပြောဆိုခဲ့ကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။

Pogba-1.jpg

Photo : talksports

 

ဒီနေ့ညမှာ ချန်ပီယံလိဂ်ပွဲအဖြစ် ဂျူဗင်တပ်စ်အသင်းနဲ့ ကစားရမယ့် ပွဲမတိုင်ခင်မှာ ပေါ့ဂ်ဘာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ဟိုနဲ့ သူ့ရဲ့အကြားမှာ ဘယ်လိုပြသနာမှမရှိတာကို ပေါ့ဂ်ဘာက ဒုတိယတစ်ကြိမ် ထပ်မံရှင်းလင်းခဲ့တာဖြစ်ပြီး အသင်းရဲ့ ဒုတိယအသင်း ခေါင်းဆောင်တာဝန်ကနေ ရုတ်သိမ်းခံရတာကလည်း သူ့အပေါ် အကျိုးသက်ရောက်မှု မရှိဘူးလို့ ပြောခဲ့ပါတယ်။

(၂)ည၊ (၃)ညလောက်တော့ အိပ်ပျော်မှာမဟုတ်ဘူးဆိုတဲ့ ဘဲဂရိတ်တိုက်စစ်မှူး 

0_Paul-Pogba-Jose-Mourinho-Burnley-FC-v-Manchester-United-Premier-League.jpg

Photo : MEN

 

"ကျွန်တော်က ကစားသမားတစ်ယောက်ပါပဲ၊ ကျွန်တော်ဘာလုပ်ရမလဲဆိုတာကို သူက ပြောပါတယ်၊ ဘာလို့လဲဆိုတော့ သူက ဘော့စ် (နည်းပြ)လေ၊ ဒီအတွက် ကျွန်တော် သူ့စကားကို နားထောင်ရပါမယ်၊ ဒီအသင်းမှာ ကျွန်တော် ပျော်ရွှင်နေပြီးတော့ နည်းပြ ခိုင်းစေမှုကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျွန်တော် နားထောင်ပြီး ပြုလုပ်ပေးနေတာပါ"

"အသင်းအတွက် ကျွန်တော် ကစားပေးနေရတာပဲ၊ ဒီလိုကစားပေးရတဲ့အတွက် ကျွန်တော် ပျော်ရွှင်ပါတယ်၊ အသင်းခေါင်းဆောင်ကို အသင်းနဲ့ နည်းပြက ရွေးချယ်ရမှာပါ၊ သူ ကျွန်တော့်ကို အသင်းခေါင်းဆောင်လက်ပတ် မပေးခဲ့ဘူးဆိုလည်း ကျွန်တော့်အတွက် ဘာမှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး၊ အဓိကက ကျွန်တော် ကစားခွင့်ရဖို့၊ ခြေစွမ်းပြနိုင်ဖို့နဲ့ အားလုံးအတွက် ကျွန်တော် အကောင်းဆုံး ပေးဆပ်နိုင်ဖို့ပါပဲ"

"မန်ချက်စတာယူနိုက်တက်ကို ပြန်လာဖို့ ကျွန်တော် ရွေးချယ်ခဲ့တာပါ၊ ဂျူဗင်တပ်စ်က ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားရမယ့်အချိန်မှာ ယူနိုက်တက်က ယူရိုပါလိဂ်ကန်ရမှာပါ၊ ချန်ပီယံလိဂ်ကစားခွင့်မရဘူးဆိုတာ သိပေမယ့် ပြန်ပြီး ပြောင်းရွှေ့နိုင်ခဲ့လို့ ကျွန်တော် အရမ်းပျော်ရွှင်ခဲ့ရပါတယ်"

"ကျွန်တော့်ရဲ့ ရွေးချယ်မှုအတွက် နောင်တမရပါဘူး၊ ပြီးခဲ့တဲ့နှစ်တွေမှာ ယူနိုက်တက်က အကောင်းဆုံးပုံစံမှာ ရှိမနေဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် အသင်းကို အကောင်းဆုံးအနေအထားရောက်လာအောင် ကျွန်တော် တတ်နိုင်သမျှ ကူညီသွားမှာပါ" လို့ ပေါ့ဂ်ဘာက ပြောကြားခဲ့ပါတယ်။

GettyImages-1056727948-1.jpg

Photo : talksport

 

ပေါ့ဂ်ဘာရဲ့ ပြောစကားတွေကတော့ ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်ချမ်းသာစရာ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲမှာလည်း နာကျင်အချိန်ပိုမှာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုး ရရှိအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

[Zawgyi Version]

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမား ေပါလ္ေပါ့ဂ္ဘာက အိုးထရက္ဖို႔ဒ္မွာ သူေပ်ာ္ရႊင္ေနတယ္လို႔ ေျပာၾကားခဲ့့ျပီး သူနဲ႔ ေမာ္ရင္ဟိုၾကားမွာလည္း ဘယ္လိုျပသနာမွ မရွိဘူးလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဒါ့အျပင္ ေပါ့ဂ္ဘာက ယူႏိုက္တက္ကို ျပန္လည္ေျပာင္းေရႊ႕ခဲ့မႈအေပၚမွာလည္း ေနာင္တမရဘူးလို႔ ေျပာဆိုခဲ့ေၾကာင္း Sky Sports က ေဖာ္ျပခဲ့ပါတယ္။

Photo : talksports

 

ဒီေန႔ညမွာ ခ်န္ပီယံလိဂ္ပြဲအျဖစ္ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ကစားရမယ့္ ပြဲမတိုင္ခင္မွာ ေပါ့ဂ္ဘာက ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ေမာ္ရင္ဟုိနဲ႔ သူ႔ရဲ႕အၾကားမွာ ဘယ္လိုျပသနာမွမရွိတာကို ေပါ့ဂ္ဘာက ဒုတိယတစ္ၾကိမ္ ထပ္မံရွင္းလင္းခဲ့တာျဖစ္ျပီး အသင္းရဲ႕ ဒုတိယအသင္း ေခါင္းေဆာင္တာ၀န္ကေန ရုတ္သိမ္းခံရတာကလည္း သူ႔အေပၚ အက်ိဳးသက္ေရာက္မႈ မရွိဘူးလို႔ ေျပာခဲ့ပါတယ္။

(၂)ည၊ (၃)ညေလာက္ေတာ့ အိပ္ေပ်ာ္မွာမဟုတ္ဘူးဆိုတဲ့ ဘဲဂရိတ္တိုက္စစ္မွဴး 

Photo : MEN

 

"ကၽြန္ေတာ္က ကစားသမားတစ္ေယာက္ပါပဲ၊ ကၽြန္ေတာ္ဘာလုပ္ရမလဲဆိုတာကို သူက ေျပာပါတယ္၊ ဘာလို႔လဲဆိုေတာ့ သူက ေဘာ့စ္ (နည္းျပ)ေလ၊ ဒီအတြက္ ကၽြန္ေတာ္ သူ႔စကားကို နားေထာင္ရပါမယ္၊ ဒီအသင္းမွာ ကၽြန္ေတာ္ ေပ်ာ္ရႊင္ေနျပီးေတာ့ နည္းျပ ခိုင္းေစမႈကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ကၽြန္ေတာ္ နားေထာင္ျပီး ျပဳလုပ္ေပးေနတာပါ"

"အသင္းအတြက္ ကၽြန္ေတာ္ ကစားေပးေနရတာပဲ၊ ဒီလိုကစားေပးရတဲ့အတြက္ ကၽြန္ေတာ္ ေပ်ာ္ရႊင္ပါတယ္၊ အသင္းေခါင္းေဆာင္ကို အသင္းနဲ႔ နည္းျပက ေရြးခ်ယ္ရမွာပါ၊ သူ ကၽြန္ေတာ့္ကို အသင္းေခါင္းေဆာင္လက္ပတ္ မေပးခဲ့ဘူးဆိုလည္း ကၽြန္ေတာ့္အတြက္ ဘာမွ ေျပာင္းလဲသြားမွာမဟုတ္ပါဘူး၊ အဓိကက ကၽြန္ေတာ္ ကစားခြင့္ရဖို႔၊ ေျခစြမ္းျပႏိုင္ဖို႔နဲ႔ အားလံုးအတြက္ ကၽြန္ေတာ္ အေကာင္းဆံုး ေပးဆပ္ႏိုင္ဖို႔ပါပဲ"

"မန္ခ်က္စတာယူႏိုက္တက္ကို ျပန္လာဖို႔ ကၽြန္ေတာ္ ေရြးခ်ယ္ခဲ့တာပါ၊ ဂ်ဴဗင္တပ္စ္က ခ်န္ပီယံလိဂ္ျပိဳင္ပြဲ ကစားရမယ့္အခ်ိန္မွာ ယူႏိုက္တက္က ယူရိုပါလိဂ္ကန္ရမွာပါ၊ ခ်န္ပီယံလိဂ္ကစားခြင့္မရဘူးဆိုတာ သိေပမယ့္ ျပန္ျပီး ေျပာင္းေရႊ႕ႏိုင္ခဲ့လို႔ ကၽြန္ေတာ္ အရမ္းေပ်ာ္ရႊင္ခဲ့ရပါတယ္"

"ကၽြန္ေတာ့္ရဲ႕ ေရြးခ်ယ္မႈအတြက္ ေနာင္တမရပါဘူး၊ ျပီးခဲ့တဲ့ႏွစ္ေတြမွာ ယူႏိုက္တက္က အေကာင္းဆံုးပံုစံမွာ ရွိမေနဘူးဆိုတာ သိပါတယ္၊ ဒါေပမယ့္ အသင္းကို အေကာင္းဆုံးအေနအထားေရာက္လာေအာင္ ကၽြန္ေတာ္ တတ္ႏိုင္သမွ် ကူညီသြားမွာပါ" လို႔ ေပါ့ဂ္ဘာက ေျပာၾကားခဲ့ပါတယ္။

Photo : talksport

 

ေပါ့ဂ္ဘာရဲ႕ ေျပာစကားေတြကေတာ့ ယူႏုိက္တက္ပရိသတ္ေတြအတြက္ စိတ္ခ်မ္းသာစရာ ျဖစ္ခဲ့ပါတယ္။ ကမၻာ့အေကာင္းဆုံး ကြင္းလယ္ကစားသမားတစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရတဲ့ ေပါ့ဂ္ဘာဟာ ျပီးခဲ့တဲ့ ဘုန္းေမာက္နဲ႔ပြဲမွာလည္း နာက်င္အခ်ိန္ပိုမွာ အသင္းအတြက္ အဖိုးတန္အႏိုင္ဂိုး ရရွိေအာင္ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs