• EPL
    ဂျူဗင်တပ်အသင်းနဲ့ပွဲစဉ်မှာ အောင်ပွဲခံချင်စိတ်မရှိခဲ့ဘူးလို့ ဝန်ခံလိုက်တဲ့ ပေါ့ဂ်ဘာ
Kyawko Ko
[Unicode Version]

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ပေါ့ဂ်ဘာက ဂျူဗင်တပ်အသင်းအိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး အဝတ်လဲခန်းအတွင်းကို ပြန်ဝင်ရတာဟာ ထူးဆန်းသလိုမျိုးခံစားခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်အသင်းကို ပွဲပြီးခါနီး ၅ မိနစ်မှာ ၂ ဂိုးအထိ ပြန်လည်သွင်းယူနိုင်ခဲ့ပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

gettyimages-1058995998.jpg

Photos: Metro

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်အသင်းကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်တုန်းက ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဂျူဗင်တပ်အသင်းရဲ့ တူရင်မြေမှာ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့ပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းအတွက် အဖွင့်ဂိုးကို ခရစ်စတီယာနိုရော်နယ်ဒိုက ၆၅ မိနစ်မှာ မြေမကျကန်သွင်းခဲ့ပြီး အသင်းဟောင်းကို ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၈၆ မိနစ်မှာ မာတာက အလွတ်တည်ကန်ဘောကနေတစ်ဆင့် တိုက်ရိုက်ကန်သွင်းယူခဲ့ပြီး မိနစ် ၉၀ မှာ အဲလက်စ်ဆန်ဒရိုရဲ့ကိုယ့်ဂိုးကိုယ်ပြန်သွင်းခဲ့တဲ့ဂိုးကြောင့် ချန်ပီယံလိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပေါ့ဂ်ဘာအတွက် ယခင်က ခြေချခဲ့တဲ့ကွင်းထဲကို နောက်တစ်ကြိမ် ပြန်လာခဲ့ရတာဖြစ်ပြီး ဂျူဗင်တပ်ပရိသတ်တွေက နွေးထွေးစွာကြိုဆိုခဲ့ကြပါတယ်။

gettyimages-1058902190.jpg

Photos: Metro

 

ဂျူဗင်တပ်အသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့စဉ်းစားထားလားလို့ ပေါ့ဂ်ဘာကို Sky Sport Italia က ပွဲအပြီးမှာ မေးမြန်းခဲ့ရာမှာ အခုလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

"ဘယ်သူ သိနိုင်မှာလဲ။ အခု ကျွန်တော် မန်ယူအသင်းမှာပါ"

"အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောနေကြတာအများကြီးပါ။ ဒါပေမယ့် ကျွန်တော် မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကစားပေးရတာ ပျော်ရွှင်နေပါတယ်"

"အနိုင်ရလဒ်က အရေးကြီးပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်ပရိသတ်တွေက ကျွန်တော့်ကို နွေးထွေးတဲ့ကြိုဆိုမှု ပေးခဲ့ကြပါတယ်"

"ကျွန်တော်တို့ ၂ ဂိုး ၁ ဂိုးဖြစ်သွားတဲ့အချိန်မှာ အောင်ပွဲမခံခဲ့ပါဘူး။ အဲဒါက အရမ်းကို ထူးဆန်းတယ်လို့ ခံစားခဲ့ရလို့ပါ။ ကျွန်တော် ကောင်းကောင်းသိတဲ့လူတွေ အများကြီးကို မြင်တွေ့ခဲ့ရပါတယ်။ ကောင်းမွန်တဲ့အသင်းတစ်သင်းနဲ့ ကျွန်တော်တို့ ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒီညမှာ ကျွန်တော်တို့ တကယ်အနိုင်ရခဲ့ပါတယ်"

"ဒီကို ပြန်လာရတာ အရမ်းကို အံ့သြဖို့ကောင်းပါတယ်။ အဝတ်လဲခန်းထဲကို သွားရတာလည်း ထူးဆန်းတဲ့ခံစားမှုမျိုး ခံစားခဲ့ရပါတယ်။ ကျွန်တော် ဂျူဗင်တပ်အသင်းသားတစ်ယောက်အဖြစ် နေသားကျခဲ့ပါတယ်"

"ပရိသတ်တွေရဲ့တုံ့ပြန်မှုက ကျွန်တော့်ကို အရမ်းတက်ကြွစေပါတယ်။ သူတို့ကို ကျွန်တော်လွမ်းပါတယ်။ အီတလီဘောလုံးလောကကိုရောပေါ့"

"ဒီကွင်းကြီးထဲကို ပြန်လာရတာ အရမ်းကောင်းပါတယ်။ ဒီနေရာမှာ ကျွန်တော် စတင်ခဲ့ပြီး ကြီးမားတဲ့ဆုဖလားတွေ ရရှိခဲ့တာပါ"လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi Version]

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ကြင္းလယ္ၾကယ္ပြင့္ေပါ့ဂ္ဘာက ဂ်ဴဗင္တပ္အသင္းအိမ္ကြင္းမွာ ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ပဲြစဥ္အၿပီး အဝတ္လဲခန္းအတြင္းကို ျပန္ဝင္ရတာဟာ ထူးဆန္းသလိုမ်ိဳးခံစားခဲ့ရတယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ဂ်ဴဗင္တပ္အသင္းကို ပြဲၿပီးခါနီး ၅ မိနစ္မွာ ၂ ဂိုးအထိ ျပန္လည္သြင္းယူႏုိင္ခဲ့ၿပီး အႏုိင္ရရွိခဲ့တာျဖစ္ပါတယ္။

Photos: Metro

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ဂ်ဴဗင္တပ္အသင္းကို အိမ္ကြင္းအိုးထရက္ဖို႔ဒ္မွာ လက္ခံယွဥ္ၿပိဳင္ခဲ့တဲ့ပြဲစဥ္တုန္းက ၁ ဂိုး ဂိုးမရွိနဲ႔ ရံႈးနိမ့္ခဲ့တာျဖစ္ၿပီး ဂ်ဴဗင္တပ္အသင္းရဲ႕ တူရင္ေျမမွာ အံ့အားသင့္ဖြယ္ ျပန္လာႏုိင္ခဲ့ၿပီး ၂ ဂိုး ၁ ဂိုးနဲ႔ အႏုိင္ရရွိခဲ့တာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္အသင္းအတြက္ အဖြင့္ဂိုးကို ခရစ္စတီယာႏုိေရာ္နယ္ဒိုက ၆၅ မိနစ္မွာ ေျမမက်ကန္သြင္းခဲ့ၿပီး အသင္းေဟာင္းကို ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

ဘာေနဗ်ဴးကို စြန္႔ခြာခဲ့တာနဲ႔ ပတ္သက္ျပီး ပီရက္ဇ္ကို ဒဲ့ေျပာလိုက္တဲ့ ေရာ္နယ္ဒို 

မန္ခ်က္္စတာယူႏိုက္တက္အသင္းအတြက္ ၈၆ မိနစ္မွာ မာတာက အလြတ္တည္ကန္ေဘာကေနတစ္ဆင့္ တိုက္ရိုက္ကန္သြင္းယူခဲ့ၿပီး မိနစ္ ၉၀ မွာ အဲလက္စ္ဆန္ဒရိုရဲ႕ကိုယ့္ဂိုးကိုယ္ျပန္သြင္းခဲ့တဲ့ဂိုးေၾကာင့္ ခ်န္ပီယံလိဂ္ႏုိင္ပြဲကို ရယူႏုိင္ခဲ့တာျဖစ္ပါတယ္။ ေပါ့ဂ္ဘာအတြက္ ယခင္က ေျခခ်ခဲ့တဲ့ကြင္းထဲကို ေနာက္တစ္ႀကိမ္ ျပန္လာခဲ့ရတာျဖစ္ၿပီး ဂ်ဴဗင္တပ္ပရိသတ္ေတြက ေႏြးေထြးစြာႀကိဳဆုိခဲ့ၾကပါတယ္။

Photos: Metro

 

ဂ်ဴဗင္တပ္အသင္းကို ျပန္လည္ေျပာင္းေရႊ႕ဖို႔စဥ္းစားထားလားလို႔ ေပါ့ဂ္ဘာကို Sky Sport Italia က ပြဲအၿပီးမွာ ေမးျမန္းခဲ့ရာမွာ အခုလိုပဲ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

"ဘယ္သူ သိႏိုင္မွာလဲ။ အခု ကၽြန္ေတာ္ မန္ယူအသင္းမွာပါ"

"အဲဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ေျပာေနၾကတာအမ်ားႀကီးပါ။ ဒါေပမယ့္ ကၽြန္ေတာ္ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ကစားေပးရတာ ေပ်ာ္ရႊင္ေနပါတယ္"

"အႏုိင္ရလဒ္က အေရးႀကီးပါတယ္။ ဒါေပမယ့္ ဂ်ဴဗင္တပ္ပရိသတ္ေတြက ကၽြန္ေတာ့္ကို ေႏြးေထြးတဲ့ႀကိဳဆိုမႈ ေပးခဲ့ၾကပါတယ္"

"ကၽြန္ေတာ္တုိ႔ ၂ ဂိုး ၁ ဂိုးျဖစ္သြားတဲ့အခ်ိန္မွာ ေအာင္ပြဲမခံခဲ့ပါဘူး။ အဲဒါက အရမ္းကို ထူးဆန္းတယ္လို႔ ခံစားခဲ့ရလို႔ပါ။ ကၽြန္ေတာ္ ေကာင္းေကာင္းသိတဲ့လူေတြ အမ်ားႀကီးကို ျမင္ေတြ႕ခဲ့ရပါတယ္။ ေကာင္းမြန္တဲ့အသင္းတစ္သင္းနဲ႔ ကၽြန္ေတာ္တုိ႔ ယွဥ္ၿပိဳင္ခဲ့ရတာပါ။ ဒီညမွာ ကၽြန္ေတာ္တုိ႔ တကယ္အႏုိင္ရခဲ့ပါတယ္"

"ဒီကုိ ျပန္လာရတာ အရမ္းကို အံ့ၾသဖို႔ေကာင္းပါတယ္။ အဝတ္လဲခန္းထဲကို သြားရတာလည္း ထူးဆန္းတဲ့ခံစားမႈမ်ိဳး ခံစားခဲ့ရပါတယ္။ ကၽြန္ေတာ္ ဂ်ဴဗင္တပ္အသင္းသားတစ္ေယာက္အျဖစ္ ေနသားက်ခဲ့ပါတယ္"

"ပရိသတ္ေတြရဲ႕တံု႔ျပန္မႈက ကၽြန္ေတာ့္ကို အရမ္းတက္ၾကြေစပါတယ္။ သူတို႔ကို ကၽြန္ေတာ္လြမ္းပါတယ္။ အီတလီေဘာလံုးေလာကကိုေရာေပါ့"

"ဒီကြင္းႀကီးထဲကို ျပန္လာရတာ အရမ္းေကာင္းပါတယ္။ ဒီေနရာမွာ ကၽြန္ေတာ္ စတင္ခဲ့ၿပီး ႀကီးမားတဲ့ဆုဖလားေတြ ရရွိခဲ့တာပါ"လို႔ ေျပာၾကားခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs