• EPL
    မန်ချက်စတာဒါဘီမှာ မန်ယူကို လက်စားပြန်ချေချင်နေတဲ့ လာပေါ့တ်
Pyae Phyo Thein
[Unicode Version]

မန်ချက်စတာစီးတီးအသင်းရဲ့ နောက်ခံလူ လာပေါ့တ်က လာမယ့်မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ရှုံးကြွေးဆပ်ဖို့ အားခဲနေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဧပြီလအတွင်းကစားခဲ့တဲ့ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ ယူနိုက်တက်က (၂)ဂိုး အရှုံးကနေ (၃)ဂိုး လိုက်သွင်းပြီး မန်စီးတီးအသင်းကို အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

mcimun070418ai.jpg

Photo : Evening Standard

 

Goal.com ရဲ့ ဖော်ပြချက်အရ လာပေါ့တ်က မန်ချက်စတာယူနိုက်တက်ကို လက်စားချေဖို့ ဆန္ဒပြင်းပြနေတယ်လို့ သိရပါတယ်။ မော်ရင်ဟိုရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီ နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာလည်း ပြိုင်ဘက်အသင်းတွေရဲ့ ဦးဆောင်မှုကို နောက်ကလိုက်ကစားပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပြီး အောင်ပွဲခံနေခဲ့ပါတယ်။

ပြင်းထန်တဲ့ ဒဏ်ရာရရှိသွားခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘက်ခ် 

fbl-eng-pr-man_city-man_utd-181739.jpg

Photo : The Straits Times

 

ဂျူဗင်တပ်စ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာလည်း ရော်နယ်ဒိုရဲ့ ဦးဆောင်ဂိုးကို ပွဲပြီးခါနီး (၅)မိနစ်အလိုမှာ မာတာက ချေပခဲ့ပြီး ဆန်ဒရိုက ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့ မော်ရင်ဟိုရဲ့အသင်း အောင်ပွဲဆင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ ကွန်ပနီ နဲ့ ဂန်ဒိုဂန် တို့ရဲ့ ဦးဆောင်ဂိုးတွေကို ပေါ့ဂ်ဘာက (၂)ဂိုး၊ စမောလင်းက အနိုင်ဂိုးသွင်းယူပေးခဲ့လို့ မန်စီးတီးတို့ ရှုံးနိမ့်ခဲ့ရပါတယ်။

5ac90b9c2ff5411f8f000003.jpg

Photo : 90min.com

 

"ခင်ဗျား  ရှုံးနိမ့်ခဲ့ဖူးတဲ့ ဘယ်အသင်းကိုမဆို လက်စားချေဖို့က ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဆန္ဒထက်သန်နေမှာပါ၊ ကျွန်တော်တို့အသင်းက ယှဉ်ပြိုင်ဖို့အတွက် အမြဲတမ်းအသင့်ဖြစ်နေပြီး မန်ချက်စတာဒါဘီပွဲက အကြောင်းပြချက် (၂)ခု ရှိနေတဲ့အတွက် အရမ်းအရေးကြီးပါတယ်၊ ပထမတစ်ခုက မန်ချက်စတာ ဒါဘီပွဲဖြစ်နေလို့ပါ"

943258142.jpg.0.jpg

Photo : The Busby Babe

 

"နောက်တစ်ချက်က သူတို့နဲ့ ကျွန်တော်တို့ကြားမှာ ရှိတဲ့ ကွာဟမှုကို ကျွန်တော်တို့ကိုယ်တိုင် မြှင့်တင်နိုင်မှာမို့လို့ပါပဲ" လို့ လာပေါ့တ်က ပြောသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မန်ချက်စတာယူနိုက်တက် နဲ့ မန်စီးတီးတို့ကြားမှာ ရမှတ် (၉)မှတ် ကွာဟနေပြီး မန်စီးတီးအသင်းကသာ အနိုင်ရရှိမယ်ဆိုရင် (၁၂)မှတ်အထိ ကွာဟသွားမှာဖြစ်ပါတယ်။

[Zawgyi Version]

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေနာက္ခံလူ လာေပါ့တ္က လာမယ့္မန္ခ်က္စတာဒါဘီပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ရံႈးေၾကြးဆပ္ဖို႔ အားခဲေနပါတယ္။ ျပီးခဲ့တဲ့ ေဘာလံုးရာသီမွာ ဧျပီလအတြင္းကစားခဲ့တဲ့ မန္စီးတီးအသင္းရဲ႕ အိမ္ကြင္းမွာ ယူႏိုက္တက္က (၂)ဂိုး အရံႈးကေန (၃)ဂိုး လိုက္သြင္းျပီး မန္စီးတီးအသင္းကို အႏိုင္ယူခဲ့တာ ျဖစ္ပါတယ္။

Photo : Evening Standard

 

Goal.com ရဲ႕ ေဖာ္ျပခ်က္အရ လာေပါ့တ္က မန္ခ်က္စတာယူႏိုက္တက္ကို လက္စားေခ်ဖို႔ ဆႏၵျပင္းျပေနတယ္လို႔ သိရပါတယ္။ ေမာ္ရင္ဟိုရဲ႕ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီရာသီ ေနာက္ဆံုးကစားခဲ့တဲ့ ပြဲေတြမွာလည္း ျပိဳင္ဘက္အသင္းေတြရဲ႕ ဦးေဆာင္မႈကို ေနာက္ကလိုက္ကစားျပီး ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြ သြင္းယူျပီး ေအာင္ပြဲခံေနခဲ့ပါတယ္။

ျပင္းထန္တဲ့ ဒဏ္ရာရရွိသြားခဲ့တဲ့ အာဆင္နယ္တိုက္စစ္မွဴး ၀ဲလ္ဘက္ခ္ 

Photo : The Straits Times

 

ဂ်ဴဗင္တပ္စ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အေ၀းကြင္းပြဲစဥ္မွာလည္း ေရာ္နယ္ဒိုရဲ႕ ဦးေဆာင္ဂိုးကို ပြဲျပီးခါနီး (၅)မိနစ္အလိုမွာ မာတာက ေခ်ပခဲ့ျပီး ဆန္ဒရိုက ကိုယ့္ဂိုးကိုယ္သြင္းခဲ့လို႔ ေမာ္ရင္ဟိုရဲ႕အသင္း ေအာင္ပြဲဆင္ႏိုင္ခဲ့ပါတယ္။ ျပီးခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲမွာ ကြန္ပနီ နဲ႔ ဂန္ဒိုဂန္ တို႔ရဲ႕ ဦးေဆာင္ဂိုးေတြကို ေပါ့ဂ္ဘာက (၂)ဂိုး၊ စေမာလင္းက အႏိုင္ဂိုးသြင္းယူေပးခဲ့လို႔ မန္စီးတီးတို႔ ရံႈးနိမ့္ခဲ့ရပါတယ္။

Photo : 90min.com

 

"ခင္ဗ်ား  ရံႈးနိမ့္ခဲ့ဖူးတဲ့ ဘယ္အသင္းကိုမဆို လက္စားေခ်ဖို႔က ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ ဆႏၵထက္သန္ေနမွာပါ၊ ကၽြန္ေတာ္တို႔အသင္းက ယွဥ္ျပိဳင္ဖို႔အတြက္ အျမဲတမ္းအသင့္ျဖစ္ေနျပီး မန္ခ်က္စတာဒါဘီပြဲက အေၾကာင္းျပခ်က္ (၂)ခု ရွိေနတဲ့အတြက္ အရမ္းအေရးၾကီးပါတယ္၊ ပထမတစ္ခုက မန္ခ်က္စတာ ဒါဘီပြဲျဖစ္ေနလို႔ပါ"

Photo : The Busby Babe

 

"ေနာက္တစ္ခ်က္က သူတို႔နဲ႔ ကၽြန္ေတာ္တို႔ၾကားမွာ ရွိတဲ့ ကြာဟမႈကို ကၽြန္ေတာ္တို႔ကိုယ္တိုင္ ျမွင့္တင္ႏိုင္မွာမို႔လို႔ပါပဲ" လို႔ လာေပါ့တ္က ေျပာသြားခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ နဲ႔ မန္စီးတီးတို႔ၾကားမွာ ရမွတ္ (၉)မွတ္ ကြာဟေနျပီး မန္စီးတီးအသင္းကသာ အႏို္င္ရရွိမယ္ဆိုရင္ (၁၂)မွတ္အထိ ကြာဟသြားမွာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs