• EPL
    ဂျူဗင်တပ်နဲ့ပွဲစဉ်မှာ ခြေစွမ်းပြသခဲ့တဲ့ မန်ယူကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူတော့မယ့် အာဆင်နယ်
Kyawko Ko
[Unicode Version]

အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းက ၎င်းတို့ရဲ့ ကွင်းလယ်ကြယ်ပွင့်ကစားသမား မာတာကို စာချုပ်သစ်အတွက် ကမ်းလှမ်းမှုမပြုလုပ်ခဲ့ဘူးဆိုရင် ခေါ်ယူဖို့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ မာတာရဲ့စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး မန်ယူအသင်းကလည်း မာတာကို အသင်းမှာ ဆက်လက်ထားရှိလိုနေတယ်လို့ သိရပါတယ်။

gettyimages-1058904738.jpg

Photos: Metro

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ မာတာက လူစားဝင်ကစားပေးခဲ့ပြီး အလွတ်တည်ကန်ဘောကနေတစ်ဆင့် ချေပဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ Daily Mail ရဲ့ရေးသားချက်အရ မာတာရဲ့အနာဂတ်ဟာ မရေမရာဖြစ်နေပြီး အသင်းပြောင်းရွှေ့ဖို့အတွက် အသင်းရဲ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

မန်ချက်စတာယူနိုက်တက်အသင်းမှာ အနာဂတ်အတွက် မရေမရာဖြစ်နေတဲ့ မာတာကို အာဆင်နယ်အသင်းရဲ့နည်းပြ အူနိုင်းအမ်မရီက အခွင့်ကောင်းယူပြီး ခေါ်ယူဖို့ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။ အူနိုင်းအမ်မရီနဲ့ မာတာတို့ဟာ ဗလင်စီယာအသင်းမှာရှိစဉ်တုန်းက အတူလက်တွဲခဲ့ကြသူတွေဖြစ်တာကြောင့် အမ်မရီက မာတာကို အမ်းမရိတ်မှာရှိနေစေချင်တာဖြစ်ပါတယ်။

sei_38189211-0223-e1541604451351.jpg

Photos: Metro

 

မာတာဟာ လက်ရှိအချိန်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၁ သိန်း ၄ သောင်းရရှိနေပြီး မန်ချက်စတာယူနိုက်တက်အသင်းက စာချုပ်သစ်မကမ်းလှမ်းခဲ့ရင်တောင် ပရီးမီးယားလိဂ်မှာပဲ ဆက်လက်ရှိနေလိုသူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်က မာတာကို ၁ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပြီး မာတာကလည်း အရေးကြီးတဲ့ပွဲစဉ်တွေမှာ အသင်းကို ပြန်လာနိုင်အောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။

မော်ရင်ဟိုနဲ့ မာတာတို့ဟာ အမြဲတမ်း တွေ့ဆုံနေသူတွေမဟုတ်ဘဲ ဆက်ဆံရေးကလည်း ကောင်းလိုက်၊ မကောင်းလိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ မော်ရင်ဟိုဟာ ချယ်ဆီးအသင်းကို ကိုင်တွယ်ခဲ့စဉ်က မာတာကို ရောင်းထုတ်ခဲ့သူဖြစ်ပြီး မာတာဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ မာတာကို စပိန်ကနေ ကမ်းလှမ်းမှုတစ်ခုပြုလုပ်ထားတယ်လို့ သိရပြီး ပရီးမီးယားလိဂ်မှာ ၇ နှစ်ကြာကစားပြီးနောက် အိမ်ပြန်မလားဆိုတာကို စဉ်းစားရတော့မှာဖြစ်ပါတယ်။

[Zawgyi Version]

အာဆင္နယ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းက ၎တုိ႔ရဲ႕ ကြင္းလယ္ၾကယ္ပြင့္ကစားသမား မာတာကို စာခ်ဳပ္သစ္အတြက္ ကမ္းလွမ္းမႈမျပဳလုပ္ခဲ့ဘူးဆုိရင္ ေခၚယူဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီျဖစ္တယ္လုိ႔ သိရပါတယ္။ မာတာရဲ႕စာခ်ဳပ္သက္တမ္းဟာ ယခုရာသီကုန္မွာ ကုန္ဆံုးေတာ့မွာျဖစ္ၿပီး မန္ယူအသင္းကလည္း မာတာကို အသင္းမွာ ဆက္လက္ထားရွိလိုေနတယ္လုိ႔ သိရပါတယ္။

gettyimages-1058904738.jpg

Photos: Metro

မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ဂ်ဴဗင္တပ္အသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပဲြစဥ္မွာ မာတာက လူစားဝင္ကစားေပးခဲ့ၿပီး အလြတ္တည္ကန္ေဘာကေနတစ္ဆင့္ ေခ်ပဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။ Daily Mail ရဲ႕ေရးသားခ်က္အရ မာတာရဲ႕အနာဂတ္ဟာ မေရမရာျဖစ္ေနၿပီး အသင္းေျပာင္းေရႊ႕ဖုိ႔အတြက္ အသင္းရဲ႕ဆံုးျဖတ္ခ်က္ကို ေစာင့္ဆုိင္းေနဆဲျဖစ္တယ္လုိ႔ သိရပါတယ္။

ဘာေနဗ်ဴးကို စြန္႔ခြာခဲ့တာနဲ႔ ပတ္သက္ျပီး ပီရက္ဇ္ကို ဒဲ့ေျပာလိုက္တဲ့ ေရာ္နယ္ဒို 

မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ အနာဂတ္အတြက္ မေရမရာျဖစ္ေနတဲ့ မာတာကို အာဆင္နယ္အသင္းရဲ႕နည္းျပ အူႏုိင္းအမ္မရီက အခြင့္ေကာင္းယူၿပီး ေခၚယူဖို႔ ေစာင့္ဆုိင္းေနတာျဖစ္ပါတယ္။ အူႏုိင္းအမ္မရီနဲ႔ မာတာတို႔ဟာ ဗလင္စီယာအသင္းမွာရွိစဥ္တုန္းက အတူလက္တြဲခဲ့ၾကသူေတြျဖစ္တာေၾကာင့္ အမ္မရီက မာတာကို အမ္းမရိတ္မွာရွိေနေစခ်င္တာျဖစ္ပါတယ္။

Photos: Metro

 

မာတာဟာ လက္ရွိအခ်ိန္မွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၁ သိန္း ၄ ေသာင္းရရွိေနၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းက စာခ်ဳပ္သစ္မကမ္းလွမ္းခဲ့ရင္ေတာင္ ပရီးမီးယားလိဂ္မွာပဲ ဆက္လက္ရွိေနလိုသူျဖစ္ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္က မာတာကို ၁ ႏွစ္သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး မာတာကလည္း အေရးႀကီးတဲ့ပြဲစဥ္ေတြမွာ အသင္းကို ျပန္လာႏုိင္ေအာင္ ကူညီေပးခဲ့သူျဖစ္ပါတယ္။

ေမာ္ရင္ဟိုနဲ႔ မာတာတို႔ဟာ အၿမဲတမ္း ေတြ႕ဆံုေနသူေတြမဟုတ္ဘဲ ဆက္ဆံေရးကလည္း ေကာင္းလုိက္၊ မေကာင္းလုိက္ျဖစ္ေနတယ္လို႔ သိရပါတယ္။ ေမာ္ရင္ဟိုဟာ ခ်ယ္ဆီးအသင္းကို ကိုင္တြယ္ခဲ့စဥ္က မာတာကို ေရာင္းထုတ္ခဲ့သူျဖစ္ၿပီး မာတာဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ပြဲထြက္ကစားသမားစာရင္းမွာ ပါဝင္ႏုိင္ဖို႔ ရုန္းကန္ခဲ့ရပါတယ္။ မာတာကို စပိန္ကေန ကမ္းလွမ္းမႈတစ္ခုျပဳလုပ္ထားတယ္လုိ႔ သိရၿပီး ပရီးမီးယားလိဂ္မွာ ၇ ႏွစ္ၾကာကစားၿပီးေနာက္ အိမ္ျပန္မလားဆုိတာကို စဥ္းစားရေတာ့မွာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs