• EPL
    ဆန်းချက်ဇ် မန်ယူကို ရောက်ကတည်းက ရုန်းကန်နေရတဲ့အကြောင်းကို ရှင်းပြခဲ့တဲ့ အာစင်ဝင်းဂါး
Kyawko Ko
[Unicode Version]

ချီလီလက်ရွေးစင်ကြယ်ပွင့်တောင်ပံကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ထိပ်တန်းအဆင့်ခြေစွမ်းပြသနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ထင်သလိုဖြစ်မလာခဲ့တာဖြစ်ပါတယ်။

sei_35933237-d176-e1540951840868.jpg

Photos: Daily Mail

အာဆင်နယ်အသင်းရဲ့နည်းပြဟောင်း အာစင်ဝင်းဂါးက ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ၎င်းရဲ့နေရာတစ်ခုကို ရရှိဖို့အတွက် ရုန်းကန်နေရပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းမှာ ကစားခဲ့တဲ့အချိန်တုန်းက တောက်ပတဲ့ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အာဆင်နယ်ပရိသတ်တွေအားလုံးရဲ့အားပေးမှုကို သိမ်းပိုက်နိုင်ခဲ့သူဖြစ်ပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အဆုံးအဖြတ်တစ်ခု ပြုလုပ်ခဲ့ပြီး အာဆင်နယ်အသင်းနဲ့စာချုပ်ကို ရပ်ဆိုင်းပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့အိုးထရက်ဖို့ဒ်မှာ ကစားသမားဘဝကို အဆုံးသတ်ဖို့အတွက် ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိတဲ့အချိန်ကတည်းက ၄ ဂိုးသာသွင်းယူထားပါတယ်။

alexis-sanchez-marouane-fellaini-manchester-united-newcastle-premier-league-2018-19_c88217wigjdg1lxu2mzjdxju6.png

Photos: Goal

 

အာဆင်နယ်အသင်းရဲ့နည်းပြဟောင်း အာစင်ဝင်းဂါးက ၎င်းရဲ့ကစားသမားဟောင်းတစ်ဦး အခုလို အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတာကို စိတ်မကောင်းဖြစ်နေပြီး ဆန်းချက်ဇ်ဘာကြောင့် မန်ယူအသင်းမှာ ရုန်းကန်နေရလဲဆိုတာကို ပြောပြခဲ့ပါတယ်။

"သူ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

"ဆန်းချက်ဇ်ရဲ့ကြံ့ခိုင်မှုက အလိမ်အခေါက်တွေ ပြုလုပ်နိုင်ဖို့အတွက် စွမ်းအားတစ်ခုဖြစ်ပြီး လူတွေကို စိတ်လှုပ်ရှားစေပါတယ်"

"သူတို့ရဲ့ပွဲစဉ်တွေအပေါ် မူတည်ပြီးတော့ ယုံကြည်မှုတွေ ပျောက်ဆုံးသွားတဲ့အခါမှာ အားအနည်းဆုံးဖြစ်သွားတဲ့ကစားသမားတွေ ရှိပါတယ်။ သူလည်း အဲဒီလို တဖြည်းဖြည်းနဲ့ ပျောက်ဆုံးခဲ့တာပါ"

"ရာသီအစကတည်းက သူ့မှာ ရုပ်ပိုင်းဆိုင်ရာစွမ်းအင်က အမြင့်ဆုံးအဆင့်မှာရှိနေခဲ့ပါတယ်။ ဒါပေမယ့် အဲဒါလည်း သူ့ဆီမှာ ပျောက်ဆုံးနေပါပြီ"

"သူက အသစ်တဖန်ပြန်ဖြစ်နေမှာ အသေအချာပါပဲ။ ဘာလို့လဲဆိုတော့ မော်ရင်ဟိုက သူ့ကို ခဏလောက် ချန်လှပ်ထားလိုက်လို့ပါ"လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi Version]

ခ်ီလီလက္ေရြးစင္ၾကယ္ပြင့္ေတာင္ပံကစားသမား အလက္ဆစ္ဆန္းခ်က္ဇ္ဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ မန္ခ်က္စတာယူႏုိက္တက္အသင္းကို ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ ထိပ္တန္းအဆင့္ေျခစြမ္းျပသႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ထင္သလုိျဖစ္မလာခဲ့တာျဖစ္ပါတယ္။

sei_35933237-d176-e1540951840868.jpg

Photos: Daily Mail

အာဆင္နယ္အသင္းရဲ႕နည္းျပေဟာင္း အာစင္ဝင္းဂါးက ဆန္းခ်က္ဇ္ဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ ၎ရဲ႕ေနရာတစ္ခုကို ရရွိဖို႔အတြက္ ရုန္းကန္ေနရၿပီး ကိုယ့္ကုိယ္ကို ယံုၾကည္မႈေပ်ာက္ဆံုးေနတယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။ ဆန္းခ်က္ဇ္ဟာ အာဆင္နယ္အသင္းမွာ ကစားခဲ့တဲ့အခ်ိန္တုန္းက ေတာက္ပတဲ့ၾကယ္ပြင့္ကစားသမားတစ္ဦးျဖစ္ခဲ့ၿပီး အာဆင္နယ္ပရိသတ္ေတြအားလံုးရဲ႕အားေပးမႈကို သိမ္းပိုက္ႏုိင္ခဲ့သူျဖစ္ပါတယ္။

ဘာေနဗ်ဴးကို စြန္႔ခြာခဲ့တာနဲ႔ ပတ္သက္ျပီး ပီရက္ဇ္ကို ဒဲ့ေျပာလိုက္တဲ့ ေရာ္နယ္ဒို 

ဆန္းခ်က္ဇ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ အဆံုးအျဖတ္တစ္ခု ျပဳလုပ္ခဲ့ၿပီး အာဆင္နယ္အသင္းနဲ႔စာခ်ဳပ္ကို ရပ္ဆုိင္းၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕အိုးထရက္ဖို႔ဒ္မွာ ကစားသမားဘဝကို အဆံုးသတ္ဖို႔အတြက္ ေျပာင္းေရႊ႕ခဲ့သူျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဆန္းခ်က္ဇ္ဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းကို ေရာက္ရွိတဲ့အခ်ိန္ကတည္းက ၄ ဂိုးသာသြင္းယူထားပါတယ္။

Photos: Goal

 

အာဆင္နယ္အသင္းရဲ႕နည္းျပေဟာင္း အာစင္ဝင္းဂါးက ၎ရဲ႕ကစားသမားေဟာင္းတစ္ဦး အခုလို အေျခအေနမ်ိဳးနဲ႔ ႀကံဳေတြ႕ေနရတာကို စိတ္မေကာင္းျဖစ္ေနၿပီး ဆန္းခ်က္ဇ္ဘာေၾကာင့္ မန္ယူအသင္းမွာ ရုန္းကန္ေနရလဲဆုိတာကို ေျပာျပခဲ့ပါတယ္။

"သူ ကိုယ့္ကိုယ္ကို ယံုၾကည္မႈေပ်ာက္ဆံုးေနတယ္လုိ႔ ကၽြန္ေတာ္ ယံုၾကည္ပါတယ္"

"ဆန္းခ်က္ဇ္ရဲ႕ႀကံ႕ခုိင္မႈက အလိမ္အေခါက္ေတြ ျပဳလုပ္ႏုိင္ဖို႔အတြက္ စြမ္းအားတစ္ခုျဖစ္ၿပီး လူေတြကို စိတ္လႈပ္ရွားေစပါတယ္"

"သူတို႔ရဲ႕ပြဲစဥ္ေတြအေပၚ မူတည္ၿပီးေတာ့ ယံုၾကည္မႈေတြ ေပ်ာက္ဆံုးသြားတဲ့အခါမွာ အားအနည္းဆံုးျဖစ္သြားတဲ့ကစားသမားေတြ ရွိပါတယ္။ သူလည္း အဲဒီလို တျဖည္းျဖည္းနဲ႔ ေပ်ာက္ဆံုးခဲ့တာပါ"

"ရာသီအစကတည္းက သူ႔မွာ ရုပ္ပိုင္းဆိုင္ရာစြမ္းအင္က အျမင့္ဆံုးအဆင့္မွာရွိေနခဲ့ပါတယ္။ ဒါေပမယ့္ အဲဒါလည္း သူ႔ဆီမွာ ေပ်ာက္ဆံုးေနပါၿပီ"

"သူက အသစ္တဖန္ျပန္ျဖစ္ေနမွာ အေသအခ်ာပါပဲ။ ဘာလို႔လဲဆုိေတာ့ ေမာ္ရင္ဟိုက သူ႔ကို ခဏေလာက္ ခ်န္္လွပ္ထားလိုက္လုိ႔ပါ"လို႔ ေျပာၾကားခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs