• EPL
    ပဲလေ့စ်နဲ့ပွဲစဉ်ကို အလီနဲ့ အဲရစ်ဆင်တို့ လွဲချော်ဖို့ရှိနေတယ်လို့ ပြောကြားခဲ့တဲ့ ပေါ့ချက်တီနို
Kyawko Ko
[Unicode Version]

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြ ပေါ့ချက်တီနိုဟာ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ ဒဲလ်အယ်လီနဲ့ အဲရစ်ဆင်တို့ကို အနားပေးသွားဖွယ်ရှိပြီး လာမယ့်အပတ်မှာ ယှဉ်ပြိုင်ကစားရမယ့် နိုင်ငံတကာပွဲစဉ်တွေနဲ့ပတ်သက်ပြီး ညည်းတွားခဲ့ပါတယ်။ စပါးအသင်းဟာ စနေနေ့နေ့လည်မှာ ခရစ်စတယ်ပဲလေ့စ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၁၃ ရက်အတွင်း ၅ ပွဲမြောက်အဖြစ် ကစားရမှာဖြစ်ပါတယ်။

db253-15417287438357-800.jpg

Photos: Sportskeeda

အယ်လီနဲ့ အဲရစ်ဆင်တို့ဟာ မကြာသေးမီက ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ယခုလအတွင်းမှာ ကစားမယ့် နိုင်ငံတကာပွဲစဉ်တွေမှာ သက်ဆိုင်ရာအသင်းအသီးသီးအတွက် ပါဝင်ကစားပေးသွားဖွယ်ရှိနေပါတယ်။ ပေါ့ချက်တီနိုက ၎င်းရဲ့ကစားသမားတွေကို အသင်းမှာ ထိန်းသိမ်းထားဖို့ပိုပြီးဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီး ကစားသမားတွေနဲ့ပတ်သက်ပြီး ၎င်းရဲ့စီမံခန့်ခွဲမှုက ဘယ်လောက်အထိ အရေးကြီးလဲဆိုတာ ပြောကြားခဲ့ပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

"ချန်ပီယံလိဂ်မှာ ပီအက်စ်ဗွီနဲ့ကစားခဲ့ရတဲ့ပွဲစဉ်က တော်တော်လေးခက်ခဲခဲ့ပါတယ်။ ပြီးတော့ သူတို့တွေ လက်ရွေးစင်အသင်းတွေဆီ သွားတော့မယ်လို့ ကျွန်တော် ထင်ပါတယ်။ ပွဲစဉ် ၂ ပွဲကစားဖို့က တော်တော်လေးခက်ခဲပါလိမ့်မယ်"

"ဒါကြောင့် သူတို့ကို ကျွန်တော်တို့ ဂရုစိုက်ဖို့ လိုအပ်နေတာဖြစ်ပြီး သူတို့ကို တကယ့်ကို လန်းဆန်းစွာနဲ့ပဲ စေလွှတ်ချင်ပါတယ်။ အဲဒါကြောင့် သူတို့ ပဲလေ့စ်နဲ့ပွဲမှာ ကစားရမလား၊ မကစားရဘူးလားဆိုတာ ကျွန်တော်တို့ စဉ်းစားနေတာပါ"

Alli-Eriksen.jpg

Photos: talkSPORT

 

"တကယ်လို့ ခင်ဗျားက ကျွန်တော့်ရဲ့ လက်ရွေးစင်ကစားသမားတွေအားလုံးကို အသင်းမှာ ပိုပြီးထိန်းသိမ်းမထားချင်ဘူးလား၊ ၂ ပတ်လောက် ဘာပြိုင်ပွဲမှ မကစားခိုင်းဘဲ အနားပေးမထားချင်ဘူးလားလို့မေးရင် အမှန်ပါပဲ။ ကျွန်တော်ကတော့ ပေးချင်ပါတယ်လို့ ပြောမှာပါ။ ဒါပေမယ့် အဲဒါက လုံးဝမဖြစ်နိုင်ပါဘူး"

"အဲဒါကြောင့်ပဲ ဒဲလ်အယ်လီနဲ့ အဲရစ်ဆင်တို့ကို နိုင်ငံတကာပွဲစဉ်တာဝန်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စကားပြောခဲ့ပါတယ်။ အဲဒါက ကစားမယ်။ ကစားပြီးရင် နောက်တစ်နေရာကို ထပ်ရွှေ့ပြီး ထပ်ကစားမယ်။ အဲဒီလိုဖြစ်နေတယ်။ ခင်ဗျား ကျွန်တော်တို့ရဲ့ အချိန်ဇယားကို မြင်နိုင်မယ်ဆိုရင် လာမယ့်လအနည်းငယ်ဟာ တော်တော်လေး ခက်ခဲကြမ်းတမ်းတာကို တွေ့ရမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးအသင်းနဲ့ ၅ မှတ်အကွာမှာ ရပ်တည်ပြီး နိုင်ငံတကာအားလပ်ရက်အပြီးမှာ အရေးကြီးတဲ့ပွဲစဉ်အဖြစ် ချယ်ဆီးအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

[Zawgyi Version]

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕နည္းျပ ေပါ့ခ်က္တီႏုိဟာ ခရစ္စတယ္ပဲေလ့စ္အသင္းနဲ႔ပြဲစဥ္မွာ ဒဲလ္အယ္လီနဲ႔ အဲရစ္ဆင္တုိ႔ကို အနားေပးသြားဖြယ္ရွိၿပီး လာမယ့္အပတ္မွာ ယွဥ္ၿပိဳင္ကစားရမယ့္ ႏုိင္ငံတကာပြဲစဥ္ေတြနဲ႔ပတ္သက္ၿပီး ညည္းတြားခဲ့ပါတယ္။ စပါးအသင္းဟာ စေနေန႔ေန႔လည္မွာ ခရစ္စတယ္ပဲေလ့စ္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ၁၃ ရက္အတြင္း ၅ ပြဲေျမာက္အျဖစ္ ကစားရမွာျဖစ္ပါတယ္။

db253-15417287438357-800.jpg

Photos: Sportskeeda

အယ္လီနဲ႔ အဲရစ္ဆင္တို႔ဟာ မၾကာေသးမီက ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆုိင္ခဲ့ရၿပီး ယခုလအတြင္းမွာ ကစားမယ့္ ႏုိင္ငံတကာပြဲစဥ္ေတြမွာ သက္ဆုိင္ရာအသင္းအသီးသီးအတြက္ ပါဝင္ကစားေပးသြားဖြယ္ရွိေနပါတယ္။ ေပါ့ခ်က္တီႏုိက ၎ရဲ႕ကစားသမားေတြကို အသင္းမွာ ထိန္းသိမ္းထားဖို႔ပိုၿပီးျဖစ္ႏုိင္ေၾကာင္္း ေျပာၾကားခဲ့ၿပီး ကစားသမားေတြနဲ႔ပတ္သက္ၿပီး ၎ရဲ႕စီမံခန္႔ခြဲမႈက ဘယ္ေလာက္အထိ အေရးႀကီးလဲဆုိတာ ေျပာၾကားခဲ့ပါတယ္။

ဘာေနဗ်ဴးကို စြန္႔ခြာခဲ့တာနဲ႔ ပတ္သက္ျပီး ပီရက္ဇ္ကို ဒဲ့ေျပာလိုက္တဲ့ ေရာ္နယ္ဒို 

"ခ်န္ပီယံလိဂ္မွာ ပီအက္စ္ဗြီနဲ႔ကစားခဲ့ရတဲ့ပြဲစဥ္က ေတာ္ေတာ္ေလးခက္ခဲခဲ့ပါတယ္။ ၿပီးေတာ့ သူတို႔ေတြ လက္ေရြးစင္အသင္းေတြဆီ သြားေတာ့မယ္လုိ႔ ကၽြန္ေတာ္ ထင္ပါတယ္။ ပြဲစဥ္ ၂ ပြဲကစားဖို႔က ေတာ္ေတာ္ေလးခက္ခဲပါလိမ့္မယ္"

"ဒါေၾကာင့္ သူတို႔ကို ကၽြန္ေတာ္တို႔ ဂရုစိုက္ဖို႔ လိုအပ္ေနတာျဖစ္ၿပီး သူတို႔ကို တကယ့္ကို လန္းဆန္းစြာနဲ႔ပဲ ေစလႊတ္ခ်င္ပါတယ္။ အဲဒါေၾကာင့္ သူတို႔ ပဲေလ့စ္နဲ႔ပဲြမွာ ကစားရမလား၊ မကစားရဘူးလားဆုိတာ ကၽြန္ေတာ္တုိ႔ စဥ္းစားေနတာပါ"

Photos: talkSPORT

 

"တကယ္လုိ႔ ခင္ဗ်ားက ကၽြန္ေတာ့္ရဲ႕ လက္ေရြးစင္ကစားသမားေတြအားလံုးကို အသင္းမွာ ပိုၿပီးထိန္းသိမ္းမထားခ်င္ဘူးလား၊ ၂ ပတ္ေလာက္ ဘာၿပိဳင္ပြဲမွ မကစားခုိင္းဘဲ အနားေပးမထားခ်င္ဘူးလားလို႔ေမးရင္ အမွန္ပါပဲ။ ကၽြန္ေတာ္ကေတာ့ ေပးခ်င္ပါတယ္လုိ႔ ေျပာမွာပါ။ ဒါေပမယ့္ အဲဒါက လံုးဝမျဖစ္ႏုိင္ပါဘူး"

"အဲဒါေၾကာင့္ပဲ ဒဲလ္အယ္လီနဲ႔ အဲရစ္ဆင္တို႔ကို ႏုိင္ငံတကာပြဲစဥ္တာဝန္ေတြနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တုိ႔ စကားေျပာခဲ့ပါတယ္။ အဲဒါက ကစားမယ္။ ကစားၿပီးရင္ ေနာက္တစ္ေနရာကို ထပ္ေရႊ႕ၿပီး ထပ္ကစားမယ္။ အဲဒီလိုျဖစ္ေနတယ္။ ခင္ဗ်ား ကၽြန္ေတာ္တို႔ရဲ႕ အခ်ိန္ဇယားကို ျမင္ႏုိင္မယ္ဆုိရင္ လာမယ့္လအနည္းငယ္ဟာ ေတာ္ေတာ္ေလး ခက္ခဲၾကမ္းတမ္းတာကို ေတြ႕ရမွာပါ"လို႔ ေျပာၾကားခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ အမွတ္ေပးဇယားထိပ္ဆံုးက မန္ခ်က္စတာစီးတီးအသင္းနဲ႔ ၅ မွတ္အကြာမွာ ရပ္တည္ၿပီး ႏုိင္ငံတကာအားလပ္ရက္္အၿပီးမွာ အေရးႀကီးတဲ့ပြဲစဥ္အျဖစ္ ခ်ယ္ဆီးအသင္းနဲ႔ ေတြ႕ဆံုယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs