• EPL
    ယူနိုက်တက် နဲ့ အာဆင်နယ်ပွဲအတွင်းက ဟာသအဖြစ်အပျက်များ
Pyae Phyo Thein
[Unicode Version]

မနေ့ညက ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက် နဲ့ အာဆင်နယ်တို့ရဲ့ ပွဲက တစ်ဖက်ကို နှစ်ဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့ပါတယ်။ ပွဲချိန်အတွင်း အကြိတ်အနယ်ကစားပုံတွေကို မြင်တွေ့ခဲ့ရပြီး ဟိုတချိန်က ယူနိုက်တက် နဲ့ အာဆင်နယ်တို့ရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ ပွဲစဉ်တွေ ကိုလည်း အမှတ်ရစရာတွေ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ပွဲပြီးဆုံးသွားခဲ့ပေမယ့်လည်း ပွဲအပြီးမှာ ပြောစရာအဖြစ်အပျက်တွေက ကျန်ရှိနေခဲ့ပါတယ်။ အဲဒါတွေကတော့..။

၁။ ဂွမ်ဒေါင်ဇီရဲ့ ဆံပင်ကို ဆွဲခဲ့တဲ့ ဖယ်လိုင်နီ

7065824-0-image-a-77_1544052826032.jpg

Photo : Daily Mail



ဂွမ်ဒေါင်ဇီ ဘောလုံးဆွဲပြေးလာချိန်မှာ ဖယ်လိုင်နီက လိုက်လံဖျက်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂွမ်ဒေါင်ဇီက ဖယ်လိုင်နီကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဘောလုံးကို အရယူသွားနိုင်ခဲ့ချိန်မှာ ဖယ်လိုင်နီက ဂွမ်ဒေါင်ဇီရဲ့ ဆံပင်ကို နောက်ကနေ ဆွဲထားခဲ့ပါတယ်။

ဒီအတွက် ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့ပါတယ်။ ဒီအပြုအမူအတွက် ဖယ်လိုင်နီကို အဝါကတ်ပြဖို့ ဂွမ်ဒေါင်ဇီက တောင်းဆိုခဲ့ ပေမယ့်လည်း ကွင်းလယ်ဒိုင်ကတော့ ပြစ်ဒဏ်ဘောသာ သတ်မှတ်ပေးခဲ့ပါတယ်။

၂။ ဒီဂီယာလက်ထဲက ဘောလုံးကို ခေါင်းနဲ့လုတိုက်ခဲ့တဲ့ လာကာဇက်

7065600-6465381-Alexandre_Lacazette_was_keen_to_get_play_going_again_so_headed_t-a-9_1544054923855.jpg

Photo : Daily Mail

အဖြစ်က အာဆင်နယ်တိုက်စစ်မှူး အွန်နရီရဲ့ ဂိုးသမားလက်ထဲက ဘောလုံးကို အလစ်ချောင်းပြီး ကန်သွင်းခဲ့ပုံကို သတိရစေခဲ့ပါတယ်။ ဘောလုံးကို အမိအရ ဖမ်းယူနိုင်ခဲ့ပြီးနောက် အသင်းဖော်တွေကို နေရာယူဖို့ ညွှန်ကြားနေခဲ့တဲ့ အချိန်မှာ ဒီဂီယာရဲ့ လက်ထဲက ဘောလုံးကို လာကာဇက်က ခေါင်းနဲ့ တိုးဝှေ့တိုက်ပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့တာပါ။

ငိုအားထက် ရယ်အားသန်ဆိုသလိုပါပဲ၊ ဒီဂီယာရဲ့ လက်ထဲကနေ ဘောလုံးက လေထဲကို မရောက်သေးချိန်မှာ လာကာဇက်က ပြုမူခဲ့တာဖြစ်တဲ့အတွက် ပိုပြီးတော့ ဟာသဆန်ခဲ့ပါတယ်။

၃။ ကလေးငယ်ကို ပြန်တောင်းပန်ခဲ့တဲ့ မော်ရင်ဟို

7065622-6465381-He_quickly_apologised_and_even_went_over_to_the_child_to_shake_h-a-6_1544054911870.jpg

Photo : Daily Mail



မော်ရင်ဟိုဆီက မြင်ရခဲလှတဲ့ အပြုံးကို မြင်တွေ့ခဲ့ရတဲ့ ညတစ်ညပါပဲ။ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ်ကို မကျေမနပ်ဖြစ်ခဲ့တဲ့ မော်ရင်ဟိုဟာ နည်းပြထိုင်ခုံကနေ ထလာခဲ့ပြီးနောက် ပွဲကြည့်စင်နံရံကို ခြေထောက်နဲ့ ပိတ်ကန်သွားခဲ့ပါတယ်။ ဒီအချိန်မှာ ပွဲလာရောက် ကြည့်ရှုတဲ့ ကလေးငယ်က မော်ရင်ဟိုရဲ့ အဖြစ်အပျက်ကို မြင်တွေ့သွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မော်ရင်ဟိုက သူ့ရဲ့ ကြမ်းတမ်းတဲ့ အပြုအမူအတွက် ကလေးငယ်ကို ပြုံးပြခဲ့ပြီး ကလေးငယ်ဆီ သွားရောက်ကာ လက်ဆွဲနှုတ်ဆက်ပြီး ပြန်လည်တောင်းပန်ခဲ့ပါတယ်။ ချစ်စဖွယ်အလေ့အထနဲ့ ဓလေ့ကို မြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

၄။ ထူးထူးဆန်းဆန်းနဲ့ပဲ ဒဏ်ရာရခဲ့တဲ့ လာကာဇက်

7067384-6465381-image-a-1_1544054888406.jpg

Photo : Daily Mail



လာကာဇက်က ကွင်းထဲဝင်ပြီး သိပ်မကြာခင်မှာပဲ အာဆင်နယ်အတွက် တစ်ဂိုးသွင်းခဲ့ပါတယ်။ ရိုဟိုရဲ့ လူပေးပုံမှားယွင်းမှုကနေ လာကာဇက်က ဘောလုံးရသွားခဲ့ပြီး ဆွဲပြေးကာ ကန်သွင်းယူခဲ့ပါတယ်။ ဒီအချိန်မှာ ရိုဟိုကလည်း အတင်းကြီးလိုက်လံဖျက်ထုတ်ခဲ့သလို အခြားနောက်ခံလူ တစ်ဦးဖြစ်တဲ့ ဘိုင်ယီကလည်း ဝင်ရောက်ဟန့်တားခဲ့ပါတယ်။

ဒီအတွက် သူတို့ (၃)ဦး ဧရိယာထဲမှာ လုံးထွေးနေခဲ့ပြီး ဘိုင်ယီဟာ လာကာဇက်ရဲ့ ခေါင်းပေါ် ပြုတ်ကျခဲ့ပါတယ်။ ဒီအတွက် လာကာဇက်လည်း ဒဏ်ရာအနည်းငယ် ရခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့မှု အတွက် အောင်ပွဲတောင် မခံခဲ့နိုင်သလို သူ့ရဲ့ သွင်းဂိုးကို လင်ဂတ်က ချက်ချင်းကြီးချေပနိုင်ခဲ့လို့ ကံအဆိုးဆုံးလူသားရယ်လို့တောင် လာကာဇက်ကို ပြောရတော့မလိုပါပဲ။

[Zawgyi Version]

မေန႔ညက ကစားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ နဲ႔ အာဆင္နယ္တို႔ရဲ႕ ပြဲက တစ္ဖက္ကို ႏွစ္ဂိုးစီနဲ႔ သေရပြဲျဖစ္ခဲ့ပါတယ္။ ပြဲခ်ိန္အတြင္း အၾကိတ္အနယ္ကစားပံုေတြကို ျမင္ေတြ႕ခဲ့ရျပီး ဟိုတခ်ိန္က ယူႏိုက္တက္ နဲ႔ အာဆင္နယ္တို႔ရဲ႕ ျပိဳင္ဆိုင္မႈ ျပင္းထန္ခဲ့တဲ့ ပြဲစဥ္ေတြ ကိုလည္း အမွတ္ရစရာေတြ ျဖစ္ခဲ့ပါတယ္။

ဒါ့အျပင္ ပြဲျပီးဆံုးသြားခဲ့ေပမယ့္လည္း ပြဲအျပီးမွာ ေျပာစရာအျဖစ္အပ်က္ေတြက က်န္ရွိေနခဲ့ပါတယ္။ အဲဒါေတြကေတာ့..။

၁။ ဂြမ္ေဒါင္ဇီရဲ႕ ဆံပင္ကို ဆြဲခဲ့တဲ့ ဖယ္လိုင္နီ

Photo : Daily Mail



ဂြမ္ေဒါင္ဇီ ေဘာလံုးဆြဲေျပးလာခ်ိန္မွာ ဖယ္လိုင္နီက လိုက္လံဖ်က္ထုတ္ဖို႔ ၾကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လည္း ဂြမ္ေဒါင္ဇီက ဖယ္လိုင္နီကို ေက်ာ္ျဖတ္ႏိုင္ခဲ့ျပီး ေဘာလံုးကို အရယူသြားႏိုင္ခဲ့ခ်ိန္မွာ ဖယ္လိုင္နီက ဂြမ္ေဒါင္ဇီရဲ႕ ဆံပင္ကို ေနာက္ကေန ဆြဲထားခဲ့ပါတယ္။

ဒီအတြက္ ကြင္းလယ္ဒိုင္က ျပစ္ဒဏ္ေဘာသတ္မွတ္ေပးခဲ့ပါတယ္။ ဒီအျပဳအမူအတြက္ ဖယ္လိုင္နီကို အ၀ါကတ္ျပဖို႔ ဂြမ္ေဒါင္ဇီက ေတာင္းဆိုခဲ့ ေပမယ့္လည္း ကြင္းလယ္ဒိုင္ကေတာ့ ျပစ္ဒဏ္ေဘာသာ သတ္မွတ္ေပးခဲ့ပါတယ္။

၂။ ဒီဂီယာလက္ထဲက ေဘာလံုးကို ေခါင္းနဲ႔လုတိုက္ခဲ့တဲ့ လာကာဇက္

Photo : Daily Mail

အျဖစ္က အာဆင္နယ္တိုက္စစ္မွဴး အြန္နရီရဲ႕ ဂိုးသမားလက္ထဲက ေဘာလံုးကို အလစ္ေခ်ာင္းျပီး ကန္သြင္းခဲ့ပံုကို သတိရေစခဲ့ပါတယ္။ ေဘာလံုးကို အမိအရ ဖမ္းယူႏိုင္ခဲ့ျပီးေနာက္ အသင္းေဖာ္ေတြကို ေနရာယူဖို႔ ညႊန္ၾကားေနခဲ့တဲ့ အခ်ိန္မွာ ဒီဂီယာရဲ႕ လက္ထဲက ေဘာလံုးကို လာကာဇက္က ေခါင္းနဲ႔ တိုးေ၀ွ႕တိုက္ျပီး ဂိုးသြင္းဖို႔ ၾကိဳးစားခဲ့တာပါ။

ငိုအားထက္ ရယ္အားသန္ဆိုသလိုပါပဲ၊ ဒီဂီယာရဲ႕ လက္ထဲကေန ေဘာလံုးက ေလထဲကို မေရာက္ေသးခ်ိန္မွာ လာကာဇက္က ျပဳမူခဲ့တာျဖစ္တဲ့အတြက္ ပိုျပီးေတာ့ ဟာသဆန္ခဲ့ပါတယ္။

၃။ ကေလးငယ္ကို ျပန္ေတာင္းပန္ခဲ့တဲ့ ေမာ္ရင္ဟို

Photo : Daily Mail



ေမာ္ရင္ဟိုဆီက ျမင္ရခဲလွတဲ့ အျပံဳးကို ျမင္ေတြ႕ခဲ့ရတဲ့ ညတစ္ညပါပဲ။ ကြင္းလယ္ဒိုင္လူၾကီးရဲ႕ ဆံုးျဖတ္ခ်က္အေပၚကို မေက်မနပ္ျဖစ္ခဲ့တဲ့ ေမာ္ရင္ဟိုဟာ နည္းျပထိုင္ခံုကေန ထလာခဲ့ျပီးေနာက္ ပြဲၾကည့္စင္နံရံကို ေျခေထာက္နဲ႔ ပိတ္ကန္သြားခဲ့ပါတယ္။ ဒီအခ်ိန္မွာ ပြဲလာေရာက္ ၾကည့္ရႈတဲ့ ကေလးငယ္က ေမာ္ရင္ဟိုရဲ႕ အျဖစ္အပ်က္ကို ျမင္ေတြ႕သြားခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ ေမာ္ရင္ဟိုက သူ႔ရဲ႕ ၾကမ္းတမ္းတဲ့ အျပဳအမူအတြက္ ကေလးငယ္ကို ျပံဳးျပခဲ့ျပီး ကေလးငယ္ဆီ သြားေရာက္ကာ လက္ဆြဲႏႈတ္ဆက္ျပီး ျပန္လည္ေတာင္းပန္ခဲ့ပါတယ္။ ခ်စ္စဖြယ္အေလ့အထနဲ႔ ဓေလ့ကို ျမင္ေတြ႕ခဲ့ရတာလည္း ျဖစ္ပါတယ္။

၄။ ထူးထူးဆန္းဆန္းနဲ႔ပဲ ဒဏ္ရာရခဲ့တဲ့ လာကာဇက္

Photo : Daily Mail



လာကာဇက္က ကြင္းထဲ၀င္ျပီး သိပ္မၾကာခင္မွာပဲ အာဆင္နယ္အတြက္ တစ္ဂိုးသြင္းခဲ့ပါတယ္။ ရိုဟုိရဲ႕ လူေပးပံုမွားယြင္းမႈကေန လာကာဇက္က ေဘာလံုးရသြားခဲ့ျပီး ဆြဲေျပးကာ ကန္သြင္းယူခဲ့ပါတယ္။ ဒီအခ်ိန္မွာ ရိုဟုိကလည္း အတင္းၾကီးလိုက္လံဖ်က္ထုတ္ခဲ့သလို အျခားေနာက္ခံလူ တစ္ဦးျဖစ္တဲ့ ဘိုင္ယီကလည္း ၀င္ေရာက္ဟန္႔တားခဲ့ပါတယ္။

ဒီအတြက္ သူတို႔ (၃)ဦး ဧရိယာထဲမွာ လံုးေထြးေနခဲ့ျပီး ဘိုင္ယီဟာ လာကာဇက္ရဲ႕ ေခါင္းေပၚ ျပဳတ္က်ခဲ့ပါတယ္။ ဒီအတြက္ လာကာဇက္လည္း ဒဏ္ရာအနည္းငယ္ ရခဲ့ျပီး ဂိုးသြင္းယူႏိုင္ခဲ့မႈ အတြက္ ေအာင္ပြဲေတာင္ မခံခဲ့ႏိုင္သလို သူ႔ရဲ႕ သြင္းဂိုးကို လင္ဂတ္က ခ်က္ခ်င္းၾကီးေခ်ပႏိုင္ခဲ့လို႔ ကံအဆိုးဆံုးလူသားရယ္လို႔ေတာင္ လာကာဇက္ကို ေျပာရေတာ့မလိုပါပဲ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs