• EPL
    ပရီးမီးယားလိဂ်မှာ မန်စီးတီးကို မရပ်တန့်နိုင်ကြတော့ဘူးလား?
Pyae Phyo Thein
[Unicode Version]

ပရီးမီးယားလိဂ်ပြိုင်ပွဲက ဘောလုံးရာသီတစ်ခုရဲ့ (၃)ပုံ (၁)ပုံ ပြီးသွားခဲ့ပါပြီ။ ပွဲစဉ် (၁၅)အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတာက မန်စီးတီးအသင်းဖြစ်ပါတယ်။ ကစားခဲ့တဲ့ (၁၅)ပွဲမှာ မန်စီးတီးက (၁၃)ပွဲနိုင်ထားပြီး (၂)ပွဲ သရေကျခဲ့ကာ ရှုံးပွဲမရှိသေးပါဘူး။ စုစုပေါင်းရမှတ် (၄၁)မှတ်နဲ့ ဒုတိယနေရာက လီဗာပူးလ်ကို (၂)မှတ်ဖြတ်ပြီး အမှတ်ပေးလိဂ်ကို ဦးဆောင်နေပါတယ်။

0_FBL-ENG-PR-COMMUNITY-CHELSEA-MAN-CITY.jpg

Photo : W3LiveNews.com

 

မန်စီးတီး သရေကျခဲ့တဲ့ ပွဲတွေကတော့ သြဂုတ်လအတွင်းက ကစားခဲ့တဲ့ ဝုလ်ဗ်နဲ့ပွဲမှာ တစ်ဖက်တစ်ဂိုးစီ၊ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ အောက်တိုဘာလအတွင်းက အဝေးကွင်းပွဲမှာ ဂိုးမရှိသရေကျခဲ့တာပါ။ ကျန်ပွဲအားလုံးကိုတော့ မန်စီးတီးက အနိုင်ရရှိထားခဲ့ပါတယ်။

သူ အနိုင်ရခဲ့တဲ့ အသင်းတွေထဲမှာ ချယ်လ်ဆီး (ကွန်မြူနတီဒိုင်း)၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ စပါး အစရှိတဲ့ ထိပ်တန်းအသင်းတွေ အကုန်ပါဝင်နေခဲ့ပါတယ်။ ဒီအတွက် အမှတ်ပေးဇယားကို မန်စီးတီးက ထိုက်ထိုက်တန်တန် ဦးဆောင်နေတယ်လို့ ဆိုရပါလိမ့်မယ်။

download.jpg

Photo : BBC

 

မန်စီးတီးက (၁၅)ပွဲကစားအပြီးမှာ သွင်းဂိုး (၄၅)ဂိုးရထားပါတယ်။ ဒါက ပရီးမီးယားလိဂ်မှာ ဘယ်အသင်းထက်မဆို များပြားတဲ့ သွင်းဂိုးအရေအတွက်ဖြစ်ပြီး သူနဲ့အနီးစပ်ဆုံး ဂိုးသွင်းထားတဲ့ အာဆင်နယ်တောင်မှ (၃၂)ဂိုးပဲ ရထားပါသေးတယ်။ ပေးဂိုးမှာလည်း မန်စီးတီးက (၇)ဂိုးသာ ပေးထားရလို့ နှစ်ပွဲကို (၁)ဂိုးနှုန်းသာ ခွင့်ပြုထားခဲ့ရပါတယ်။ ပေးဂိုးအနည်းဆုံးအသင်းအဖြစ် လီဗာပူးလ်က (၆)ဂိုးသာ ပေးထားရပြီး တစ်ဂိုးသာ ကွာဟနေခဲ့ပါတယ်။

sergio-aguero-manchester-city-vs-manchester-united-premier-league-2018-19_1xqhavorskfm11mak86dogqxyw.jpg

Photo : Goal.com

 

ဒီတော့ ပြောရမယ်ဆိုရင် မန်စီးတီးကို ဘယ်အသင်းကမှ မရပ်တန့်နိုင်တော့ဘူးလားဆိုတာကို ပြောရပါလိမ့်မယ်။ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်း (၆)သင်းမှာ ပါဝင်နေတဲ့ အသင်းတွေနဲ့လည်း ကစားခဲ့ပြီးပါ။ (၅)ပွဲကစားပြီးချိန်မှာ (၄)ပွဲအနိုင်ယူပြီး တစ်ပွဲသရေ ကျထားလို့ မန်စီးတီးရဲ့ ခြေစွမ်းက တော်တော်လေးထက်မြက်နေခဲ့ပါတယ်။ ကောင်းမွန်တဲ့ ကစားသမားအစုအဖွဲ့၊ တည်ငြိမ်တဲ့ခြေစွမ်း နဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ မန်စီးတီးက ပရီးမီးယားလိဂ်မှာ အမြင့်ပျံနေခဲ့ပါတယ်။

LFC-2.jpg

Photo : talkSPORT

 

စံချိန်တင်ရမှတ်တွေ၊ သွင်းဂိုးတွေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဗိုလ်စွဲခဲ့ပြီးနောက် မန်စီးတီးက သူတို့ရဲ့ သရဖူကို အကောင်းဆုံးခြေစွမ်း တွေနဲ့ ကာကွယ်ဖို့ ကြိုးစားနေခဲ့ပါပြီ။ ဒီအချိန်ထိတော့ သူတို့ကို ရပ်တန့်နိုင်မယ့် အသင်း မရှိသေးပါဘူး။ ရှိလာဖို့လည်း မလွယ်ကူတဲ့ အရိပ်အယောင်တွေမှာ ရှိနေခဲ့ပါတယ်။

ကစားသမားအစုအဖွဲ့ကွာဟမှု၊ စိတ်ပိုင်းဆိုင်ရာ အမြင့်ဆုံးအနေအထားမှာ ရှိနေမှု၊ အဓိက ကစားသမားတွေ ဒဏ်ရာကင်းစင်နေမှု အစရှိတဲ့ ချန်ပီယံအသင်းတစ်သင်းအတွက် မဖြစ်မနေ လိုအပ်နေတဲ့ အချက်အလက်တွေ အားလုံး မန်စီးတီးမှာ ရှိနေခဲ့ပါတယ်။

1000.jpg

Photo : Footytube

 

သူတို့ရဲ့ အရန်ခုံတန်းက ကစားသမားတွေရဲ့ အဆင့်အတန်းကိုက တခြားအသင်းတွေထက် ခေါင်းတစ်လုံးသာနေတဲ့ အနေအထားမှာ ရှိနေတာမို့ မန်စီးတီး အခုလို ပရီးမီးယားလိဂ်ကို မင်းမူနေတာ ထူးတော့မထူးဆန်းပါဘူး။ ဒါပေမယ့် ကစားသမားကောင်း ပေါများ တိုင်းလည်း အခုလို စွမ်းဆောင်နိုင်တာမဟုတ်ပါဘူး။

တကယ့်ကို ထိုက်တန်တဲ့ အရည်အချင်းရှိလို့သာ လွှမ်းမိုးထားနိုင်တာပါ။ သိပ်မကြာခင်မှာ ဘောလုံးရာသီ ထက်ဝက်ကျိုးပါတော့မယ်။ မန်စီးတီးကို ဟန့်တားနိုင်မယ့်အသင်းလို့ ဆိုတာထက် ရှုံးပွဲတွေ့အောင် စွမ်းဆောင်နိုင်တဲ့ အသင်းဆိုတာ ပရီးမီးယားလိဂ်မှာ တော်တော်လေးကို လိုက်ရှာယူနေရဦးမှာပါပဲ။ ရပ်တန့်နိုင်မယ့် အသင်းမရှိဘူးလား လို့ ဆိုရင်လည်း မရှိသေးဘူးလို့သာ ပြောရပါလိမ့်မယ်။

[Zawgyi Version]


Photo : W3LiveNews.com

 



Photo : BBC

 


Photo : Goal.com

 


Photo : talkSPORT

 



Photo : Footytube

 




ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs