• EPL
    လာလီဂါသွင်းဂိုး ၃၉၀ ကျော်နေပေမယ့် ဂိုးမသွင်းနိုင်သေးတဲ့ ကွင်း ၆ ကွင်းအထိ ကျန်ရှိနေသေးတဲ့ မက်ဆီ
Kyawko Ko

ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ၁၄ နှစ်ကြာကစားပေးခဲ့သူဖြစ်ပြီး လာလီဂါသွင်းဂိုးပေါင်း ၃၉၀ ကျော်သွင်းယူထားတဲ့ကစားသမားဖြစ်ပါတယ်။ မက်ဆီဟာ လာလီဂါရဲ့ဂိုးသွင်းစံချိန် အားလုံးနီးပါးကို ရိုက်ချိုးနိုင်ခဲ့သူဖြစ်ပေမယ့် ပြီးပြည့်စုံတဲ့သူဘယ်သူမှမရှိဘူးဆိုတဲ့စကားအတိုင်း မက်ဆီမှာလည်း မလုပ်နိုင်သေးတဲ့အရာတွေရှိနေပါသေးတယ်။

lionel-messi-barcelona_1vp02284xvghl1aiio3tw0g7iq.jpg

Photos: Goal

လီယွန်နယ်မက်ဆီဟာ ပြိုင်ဘက်အသင်းတိုင်းကို အလိမ်အခေါက်တွေ၊ တိကျသေချာတဲ့အဆုံးသတ်နဲ့ ဒုက္ခပေးလေ့ရှိတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီအနေနဲ့ ပုံမှန်ခြေစွမ်း ဒါမှမဟုတ် ပုံမှန်ခြေစွမ်းနီးပါးလောက်တောင် မကစားနိုင်ခဲ့တဲ့ ကွင်းအချို့ရှိနေပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

ယင်းကွင်းတွေထဲမှာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ကွင်းသစ်ဖြစ်တဲ့ ဝမ်ဒါမက်ထရိုပိုလီတာနိုလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မက်ဆီဟာ ယင်းကွင်းထဲမှာ ပြီးခဲ့တဲ့ရာသီတုန်းက ကိုပါဒယ်ရေးဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဆီဗီလာအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာတော့ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားတာမဟုတ်တာကြောင့် ကြားကွင်းအဖြစ်သာ သတ်မှတ်ရမှာဖြစ်ပါတယ်။

messi-atletico_1lxehh7rgmtwp1eozc7tqriimz.jpg

Photos: Goal

 

မက်ဆီ ယနေ့ထက်တိုင် ဂိုးသွင်းယူနိုင်ခြင်းမရှိသေးတဲ့ ကွင်းတွေက ဘယ်ကွင်းတွေလဲ။ မက်ဆီ ကစားသမားဘဝ အနားမယူမီ ကွင်းအားလုံးမှာ ဂိုးတွေ သွင်းယူသွားနိုင်မှာလားဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ လာလီဂါမှာ မက်ဆီ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးတဲ့ ကွင်း ၆ ကွင်းရှိနေပြီး ယင်းကွင်းတွေကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်တွေမှာ မက်ဆီဟာ အံ့အားသင့်လောက်အောင်ပဲ ဂိုးကံခေရင်ခေ၊ ခြေစွမ်းပျောက်ဆုံးရင်ပျောက်ဆုံး၊ ဒဏ်ရာရလို့ အရန်ခုံမှာထိုင်ရင်လည်း ထိုင်နေခဲ့ရပါတယ်။

မက်ဆီအနေနဲ့ နောက်ထပ်မှတ်တမ်းသစ်ရေးထိုးနိုင်ဖို့အတွက် ဂိုးသွင်းချင်တယ်ဆိုရင်တောင်မှ မြူနီစပယ်ဒီမွန်တီလီဗီနဲ့ ဝမ်ဒါမက်ထရိုပိုလီတာနိုတို့ကိုသာ သွင်းယူနိုင်မှာဖြစ်ပြီး ကျန် ၄ သင်းဟာ စပိန်လာလီဂါ ဒုတိယတန်း၊ တတိယတန်းတွေမှာ ကစားနေတဲ့အသင်းတွေဖြစ်တာကြောင့် ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံဖို့ အခွင့်အရေးအလွန်နည်းပါးနေတာဖြစ်ပါတယ်။

ဇီရက်ဇ်- ချာပင်

ကာဒစ်ဇ်- ရေမွန်ဒီကာရန်ဇာ

အယ်ဘာစီတီ- ကားလို့စ်ဘယ်မွန်တီ

ရီးရဲမာစီယာ- နွဲဗားကွန်ဒိုမီနာ

ဂျီရိုနာ- မြူနီစပယ်ဒီမွန်တီလီဗီ

အက်သလက်တီကိုမက်ဒရစ်- ဝမ်ဒါမက်ထရိုပိုလီတာနို

 

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us