အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့ပါတယ်။
Pyae Phyo Thein

ရာသီနောက်ဆုံးပွဲမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပယ်နယ်တီသွင်းဂိုး၊ လင်ဂတ်ရဲ့ဂိုးတွေနဲ့ ယူနိုက်တက်က အနိုင်ရရှိခဲ့တာဖြစ်ပြီး အဆင့် ၃နေရာရရှိကာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။


လက်စတာစီးတီးကိုအနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပြီးနောက်မှာ ယူနိုက်တက်နည်းပြဆိုးလ်ရှားက အံ့အားသင့်ဖွယ်ရာအောင်မြင်မှုလို့ ပြောဆိုလိုက်ပါတယ်။ ရာသီနောက်ဆုံးပွဲမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပယ်နယ်တီသွင်းဂိုး၊ လင်ဂတ်ရဲ့ဂိုးတွေနဲ့ ယူနိုက်တက်က အနိုင်ရရှိခဲ့တာဖြစ်ပြီး အဆင့် ၃နေရာရရှိကာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆိးကတော့ အဆင့်လေးနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး လက်စတာကအဆင့်ငါးနေရာရကာ ယူရိုပါလိဂ်ဝင်ခါင့်နဲ့လွဲချော်ခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ဆိုးလ်ရှားက သူ့အသင်းရဲ့ နိုင်ပွဲနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကျေနပ်ပျော်ရွှင်နေခဲ့ပြီး အသင်းသားတွေရဲ့စွမ်းဆောင်မှုကို ချီးကျူးပြောဆိုသွားခဲ့တယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။

"သူတို့က အရာအားလုံးကို ယူဆောင်နိုင်ခဲ့ကြပါတယ်၊ ကျွန်တော်တို့ အနိမ့်အမြင့်၊အတက်အကျကာလတွေရှိခဲ့ပေမယ့်လည်း နောက်ဆုံးပွဲအပြီးမှာတော့ အားလုံးက အံ့အားသင့်ဖွယ်ရာအောင်မြင်မှုကို ရယူနိုင်ခဲ့ပါတယ်၊ ဒါက ဂန္ထဝင်ဆန်တာမျိုးတော့မဟုတ်ပါဘူး၊ ကျွန်တော်တို့ ဒီလိုနိုင်ပွဲတွေက သင်ယူချင်ပါသေးတယ်၊ ပြန်လည်စတင်ခဲ့တဲ့ ပြိုင်ပွဲငယ်လေးလိုပုံစံမျိုးမှာ ရလဒ်တွေကောင်းဖို့ လိုအပ်နေခဲ့တာပါ"

"ကျွန်တော်တို့ ပင်ပန်းခဲ့တယ်ဆိုတာ အားလုံးမြင်နိုင်မှာပါ၊ အစောပိုင်းကာလတွေနဲ့လည်း မတူညီခဲ့ပါဘူး၊ ဒါပေမယ့် ရည်မှန်းချက်ပြည့်ဝဖို့အတွက်၊ ပစ်မှတ်ကို ထိမှန်ဖို့အတွက် ရမှတ်တွေ၊ ဂိုးတွေအများကြီးရရှိအောင် သူတို့စွမ်းဆောင်နိုင်ခဲ့ပါတယ်" လို့ ဆိုးလ်ရှားက ကစားသမားတွေကို ချီးကျူးသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့တောင်မှ တော်တော်လေးအားထုတ်ရမယ့်အနေအထားကနေ အဆင့် ၃နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီနောက်ပိုင်းမှာ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။


Author


က္က