၂၀၁၅-၁၆ နောက်ပိုင်း ရာသီအဖွင့် ၂ပွဲဆက် ပထမဆုံး ပြန်လည်အနိုင်ရရှိခဲ့တာပါ။
Kyaw Ko Ko Sint

လက်စတာအသင်းဟာ ဘန်လေကို ၄-၂နဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ရပ်တည်မှုမှာ အ ဆင့် ၁နေရာမှာ ရပ်တည်နေပါတယ်။

ဒါဟာ ၂၀၁၅-၁၆ခုနှစ် ဘောလုံးရာသီတုန်းက အသင်း ချန်ပီယံ ဖြစ်ခဲ့စဥ်နောက်ပိုင်း ရာသီအဖွင့် ၂ပွဲဆက် ပထမဆုံး အနိုင်ရကာ အဆင့် ၁မှာ ပြန်လည် ရပ်တည်လာနိုင်မှုလည်း ဖြစ်ပါတယ်။

သို့သော်လည်း အခုချိန်မှာ အသင်းရဲ့ ရပ်တည်မှုက ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို တစ်ဖန်ပြန်လည်စိန်ခေါ် လာနိုင်မယ်လို့ မတွေးသင့်သေးဘူးလို့လည်း နည်းပြ ရော်ဂျာက ထုတ်ဖော်ပြောလာတယ်လို့ BBC SPORTသတင်း ဌာနက ဖော်ပြလာပါတယ်။

“၂ပွဲပဲ ရှိပါသေးတယ်၊ အဲ ၁၀ ပွဲလောက်ကစားပြီးပြီဆိုရင်တော့ ဘယ်အဆင့်လောက် သွားနိုင်မလဲဆိုတာ မြင်လာ နိုင်ပါပြီ။ဒါကြောင့် လက်ရှိအချိန်မှာ ချန်ပီယံဆုအတွက် မတွေးသင့်သေးပါဘူး။မနှစ်က အတွေ့အကြုံနဲ့ အသင်းကို ဒီနှစ်မှာ ပိုးတိုးတက်အောင် လုပ်ဆောင်ဖို့ လိုပါသေးတယ်၊လိဂ်ဖလားရော၊ရှုံးထွက်ဖလားရော ကျွန်တော်တို့ အတွက် တန်ဖိုးရှိပါတယ်။”လို့ ရော်ဂျာက ဆိုခဲ့တာပါ။

ရော်ဂျာအတွက်တော့ ဘန်လေကို အနိုင်ရတဲ့ပွဲဟာ နည်းပြ ဘဝ ပရီးမီးယားလိဂ်ပွဲ ၂၁၀မှာ ပွဲ ၁၀၀ ပြည့်နိုင်ပွဲ ဖြစ် လာခဲ့ပြီး အခြားသော ပရီးမီးယားလိဂ် ပွဲ ၁၀၀ပြည့်နိုင်ပွဲကို ပွဲအနည်းဆုံးနဲ့ ရယူထားနိုင်တဲ့ ဗြိတိန် နည်းပြ တွေက တော့ ဖာဂူဆန်၊ဒဲလ်ဂလစ်ရှ် နဲ့ ကီဗင်ကီးဂန်းတို့ဖြစ်ပါတယ်။

လက်စတာအသင်းအနေနဲ့ မနှစ်က အဆင့် ၅နေရာရရှိခဲ့လို့ ယခုနှစ် ဘောလုံးရာသီရဲ့ ဥရောပ ဝင်ခွင့်ရရှိထားခဲ့ပါ တယ်။

လာမယ့် ဗုဒ္ဓဟူးနေ့ စက်တင်ဘာ ၂၃မှာတော့ ကာရာဘောင်ဖလား တတိယအဆင့်အဖြစ် အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာပါ။ပြီးရင်တော့ မန်ချက်စတာ စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ၃အဖြစ် စက် တင်ဘာ ၂၇မှာ ဆက်လက်ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က