အသင်းသမိုင်းမှာ ပထမဆုံးအကြိမ် အဓိကဆုဖလားရဖို့ မျှော်လင့်နိုင်ခဲ့ပါပြီ။

ဝက်ဖို့ဒ်အတွက်တော့ (၃၅) နှစ်အတွင်းမှာ အက်ဖ်အေဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့ပြီး မေလ (၁၈)ရက်နေ့မှာ မန်စီးတီးနဲ့ ဗိုလ်လုပွဲအဖြစ်ကစားရမှာ ဖြစ်ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလားဆီမီးဖိုုင်နယ်ပွဲစဉ် နောက်ထပ်တစ်ပွဲဖြစ်တဲ့ ဝက်ဖို့ဒ် နဲ့ ဝုလ်ဗ်တို့ရဲ့ ပွဲမှာ ဝက်ဖို့ဒ်ဟာ ဝုလ်ဗ်ရဲ့ (၂)ဂိုးပြတ်နဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့်လည်း လက်ကျန် (၁၀)မိနစ်အတွင်းမှာ ချေပဂိုးတွေ ပြန်လည်သွင်းယူခဲ့ပြီး အချိန်ပိုမှာ အနိုင်ဂိုးသွင်းယူကာ ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။



ဝက်ဖို့ဒ်အတွက် ဒယ်လိုဖူက သူရဲကောင်းဖြစ်ခဲ့ပြီး အရေးပါတဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ပုံစံကောင်းပြသနေခဲ့ပြီး ကွာတားဖိုင်နယ်မှာ နာမည်ကြီးမန်ချက်စတာယူနိုက်တက်အသင်းကိုတောင် ဖြုတ်ချနိုင်ခဲ့တဲ့ ဝုလ်ဗ်ဟာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ အကောင်းဆုံးအခွင့်အရေးကို ပိုင်ဆိုင်ခဲ့ရာကနေ အံ့အားသင့်ဖွယ်ရာ လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

ဝက်ဖို့ဒ်အတွက် ပထမပိုင်းမှာ ဒိုဟာတီက တစ်ဂိုးနဲ့ ဒုတိယပိုင်းမှာ တိုက်စစ်မှူး ဂျီမီနက်ဇ်က တစ်ဂိုး သွင်းယူကာ ပွဲချိန်မိနစ် (၈၀)ခန့်အထိ နှစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း (၇၉)မိနစ်မှာ ဒယ်လိုဖူက ချေပဂိုးပြန်သွင်းပေးခဲ့ပြီး မိနစ် (၉၀)မှာ ဒီးနီးက ပယ်နယ်တီကတဆင့် ဒုတိယမြောက်ချေပဂိုးကို သွင်းယူခဲ့လို့ အချိန်ပိုအထိ ဆက်လက်ကစားခဲ့ရပါတယ်။

အချိန်ပိုပထမပိုင်းမှာပဲ ဒယ်လိုဖူက အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဝုလ်ဗ်ကို ပြန်လည်ဦးဆောင်ခဲ့ပါတယ်။ ဝုလ်ဗ်အနေနဲ့ လက်ကျန်မိနစ်တွေမှာ ချေပဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် စိတ်ဓာတ်ပိုင်းအရရော၊ ကစားပုံအရရာ အကောင်းဆုံးဖြစ်သွားခဲ့တဲ့ ဝက်ဖို့ဒ်ကို မယှဉ်နိုင်ခဲ့တော့ပဲ ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ပြီး (၃-၂)နဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။

ဝက်ဖို့ဒ်အတွက်တော့ (၃၅) နှစ်အတွင်းမှာ အက်ဖ်အေဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့ပြီး မေလ (၁၈)ရက်နေ့မှာ မန်စီးတီးနဲ့ ဗိုလ်လုပွဲအဖြစ်ကစားရမှာ ဖြစ်ပါတယ်။ ဒါဟာ အသင်းသမိုင်းတစ်လျှောက်မှာ အဓိကဆုဖလားတစ်လုံးကို ပထမဆုံးအကြိမ် ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ချက်လည်း ဖြစ်ပြီး မန်စီးတီးကို ကျော်ဖြတ်ကာ အနိုင်ယူဦးမလားဆိုတာကိုတော့ မေလ (၁၈)ရက်နေ့မှာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က