ဒီဘရိုင်း၊ ဗန်ဒိုက်တို့ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
Pyae Phyo Thein

ဒီဆုအတွက် ရွေးချယ်ခံရတဲ့ကစားသမားတွေထဲမှာ လီဗာပူးလ်ကစားသမားအများအပြားပါဝင်ခဲ့ပါတယ်။ မာနေး၊ ဗန်ဒိုက်၊ အာနိုးလ်တို့ပါဝင်ခဲ့ပြီး ယူနိုက်တက်အသင်းက အာရွန်ဝမ်ဘစ်စ်ကာလည်း ပါဝင်ခဲ့ပါတယ်။


လီဗာပူးလ်အသင်းခေါင်းဆောင်ဟန်ဒါဆန်ဟာ အားကစားကလောင်ရှင်များအစည်းအရုံးက ပေးအပ်ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တို့ကို အသာစီးရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒီဆုအတွက် ရွေးချယ်ခံရတဲ့ကစားသမားတွေထဲမှာ လီဗာပူးလ်ကစားသမားအများအပြားပါဝင်ခဲ့ပါတယ်။ မာနေး၊ ဗန်ဒိုက်၊ အာနိုးလ်တို့ပါဝင်ခဲ့ပြီး ယူနိုက်တက်အသင်းက အာရွန်ဝမ်ဘစ်စ်ကာလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟန်ဒါဆန်က မဲအားလုံးရဲ့ လေးပုံတစ်ပုံထက် ပိုမိုရရှိခဲ့ပြီး အနိုင်ရရှိသူအဖြစ် ပြတ်ပြတ်သားသားရှိနေခဲ့ပါတယ်။

ဆုရရှိအပြီးမှာ ဟန်ဒါဆန်က "ကျွန်တော့်ကို မဲပေးရွေးချယ်ပေးခဲ့တဲ့သူတွေကို ဒီဆုအပေါ်မှာ ကျွန်တော်ဘယလောက်ထိတန်ဖိုးထားလဲဆိုတာ ပြောချင်ပါတယ်၊ ဒီဆုရရှိဖူးတဲ့သူတွေကို ကြည့်မယ်ဆိုရင် စတီဗင်ဂျရတ်၊ ဆွာရက်ဇ် နဲ့ ဆာလာတို့က လီဗာပူးလ် ကစားသမားတွေအဖြစ်ရှိနေခဲ့ကြပါတယ်"

"မတူညီတဲ့လူတွေအများကြီအပေါ် ကျွန်တော်အကြွေးတင်နေပါတယ်၊ ကျွန်တော့်အသင်းဖော်တွေကလည်း ကျွန်တော်လုပ်နိုင်ခဲ့သမျှအတိုင်းအတာတစ်ခုနဲ့ ထိုက်တန်တဲ့သူတွေပါ" လို့ ပြောခဲ့ပါတယ်။ ဟန်ဒါဆန်ကတော့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ခွင့်ရတဲ့ ပထမဆုံးလီဗာပူးလ်အသင်းခေါင်းဆောင်လည်းဖြစ်လာခဲ့သူဖြစ်ပါတယ်။ 


Author


က္က