ဗုဒ္ဓဟူးနေ့က လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့သူပါ။
Kg Htet

မန်ချက်စတာာယူနိုက်တက်တိုက်စစ်မှူး လူကာကူဟာ ဗုုဒ္ဓဟူးနေ့လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့ပြီးနောက် အားကစားခန်းမမှာ စက်ဘီးစီးလေ့ကျင့်ခန်းလုပ်နေရင်း သမ်းဝေနေခဲ့တယ်လို့ Metro ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူဟာ အသင်းကနေ ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်နေပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းလူစာရင်းနဲ့အတူ သြစတြေးလျကို လိုက်ပါခဲ့ပါတယ်။


လူကာကူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ နည်းပြမော်ရင်ဟိုကို ထုတ်ပယ်ပြီး ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် မန်ချက်စတာယူနိုက်တက်အသင်းက ခန့်အပ်ခဲ့ပြီးနောက် ပုံမှန်ပွဲထွက်ကစားသမားအဖြစ်ကနေ ဖယ်ရှားခြင်းခံခဲ့ရသူဖြစ်ပြီး မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့နောက်ကနေသာ ပွဲထွက်ကစားခွင့်ရရှိတော့တာဖြစ်ပါတယ်။

မားကပ်စ်ရက်ရှ်ဖိုု့ဒ်ဟာ ပြီးခဲ့တဲ့အပတ်က မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၅ နှစ် ကာလရှည်စာချုပ် ချုပ်ဆိုခဲ့သူဖြစ်ပြီး နည်းပြဆိုးလ်ရှားက အကယ်ဒမီထွက် လူငယ်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ကို လာမယ့်ရာသီမှာ ပထမအသင်းအတွက် ပိုမိုကစားခွင့် ပေးအပ်သွားမယ်လို့ ကတိပြုထားပါတယ်။

လူကာကူဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့ပြီး အသင်းဖော် အန်သိုနီမာရှယ်နဲ့အတူ အားကစားခန်းမအခြေပြုလေ့ကျင့်ရေး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Sky Sports News က ရိုက်ကူးခဲ့တဲ့ ရုပ်သံဖိုင်ထဲမှာ လူကာကူက စက်ဘီးစီးလေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်းမှာ ပျင်းရိငြီးငွေ့နေဟန်နဲ့ အားရပါးရ သမ်းဝေနေတာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ စနေနေ့မှာ ပါ့သ်ဂလိုရီအသင်းနဲ့ ပထမဆုံး ရာသီကြိုခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ရင်း သမ်းဝေခဲ့တဲ့ လူကာကူကို တွစ်တာလူမှုကွန်ရက်မှာ ပရိသတ်တွေက မျိုးစုံဝေဖန်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က