ချဲလ်ဆီးတိုက်စစ်မှူး မော့ဆက်နဲ့ ထိခိုက်မိခဲ့တာဖြစ်ပြီး ဒီဒဏ်ရာကြောင့် ၂ လခန့် အနားယူသွားရတော့မှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ် ၂ ပွဲနဲ့ ကာရာဘောင် တတိယအဆင့်တို့ကိုတော့ မဖြစ်မနေ လွဲချော်ရမှာပါ။
Photo - Evening Standard
အာဆင်နယ် အသင်းက ဘယ်နောက်ခံ ကစားသမား ကိုလာစီနက်စ်အနေနဲ့ ဗုဒ္ဓဟူးနေ့က ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့ ပါတယ်။
စနေနေ့ မနက်ပိုင်း နောက်ဆုံးရ အားကစားသတင်းတိုးများ
ဘယ်ဖက်ဒူး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး အဆိုပါ ဒဏ်ရာကြောင့် ပရီးမီးယားလိဂ် အဖွင့်ရာသီ ၂ လလောက် အနားယူရတော့မှာလည်း ဖြစ်ပါတယ်။
Photo - Reuters UK
တစ်နည်းအားဖြင့် အာဆင်နယ်အသင်းရဲ့ ရာသီအစ ပွဲစဉ် ၈ ပွဲလောက်ကို ပါဝင်ကစားပေးနိုင်တော့မှာ မဟုတ်ပါဘူး။ ဘော့စနီးယား နောက်ခံ လူ ကိုလာစီနက်စ်အနေနဲ့ ဒီဒူးဒဏ်ရာကိုတော့ ချဲလ်ဆီး တိုက်စစ်မှူး မော့ဆက်နဲ့ ထိခိုက်မိရာမှာ ရရှိခဲ့တာ ဖြစ်ပြီး အသင်းနည်းပြအူနိုင်းက တော့ ဓာတ်မှန်ရိုက်ကြည့်ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။
ဒါကြောင့်လက်ရှိအချိန်မှာ အာဆင်နယ်အသင်းကတော့ ၎င်းတို့ရဲ့ နောက်ခံလူ ကိုလာစီနက်စ်အနေနဲ့ အသင်းရဲ့ ရာသီအစမှာကစားဖို့ရှိနေတဲ့ ယူရိုပါလိဂ် အုပ်စုပွဲ ၂ ပွဲနဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်တို့ကို မဖြစ်မနေ လွဲချော်တော့မယ်လို့သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။
Photo - Twitter
ခြေသလုံးဒဏ်ရာရရှိထားတဲ့ အခြားသော ကွင်းလယ်လူ အာရွန်ရမ်ဆေးကတော့ လာမယ့်အပတ်မှာ အသင်းရဲ့ လေ့ကျင့်ရေးကို ပြန်လည် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ဘယ်နောက်ခံလူနေရာမှာ မွန်နရယ်ရှိနေသေးတာကြောင့် ကိုလာစီနက်စ် မကစားနိုင်ခင်မှာတော့ အာဆင်နယ် အသင်းရဲ့ ပွဲစဉ်တွေမှာ ဝါရင့် ဘယ်နောက်ခံလူ မွန်နရယ်ကပဲ တာဝန်ယူသွားဖွယ်ရှိနေပါတယ်။
အာဆင်နယ်အသင်းကလည်း ရာသီအစမှာပင် အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ချဲလ်ဆီးအသင်းတို့နဲ့ ဆက်တိုက်ကစားဖို့ရှိနေချိန် ၎င်းရဲ့ ဒဏ် ရာကတော့အသင်းကို ထိုးနှက်ချက်တစ်ခု ဖြစ်လာစေခဲ့ပါပြီ။
အခုလို ရာသီသစ်အတွက် ပြင်ဆင်နေချိန်မှာ အဓိက ကစားသမားတွေ ခြေစွမ်းပွဲတွေကစားရင် ထိခိုက်ဒဏ်ရာ ရသွားလို့ နစ်နာသွားတဲ့ သာဓ ကများစွာ ကျန်ရှိနေခဲ့ဖူးပြီး ကိုလာစီနက်လို အခြားသော ဘယ်အသင်းက ဘယ်လို အဓိက ကစားသမားတွေ ထိခိုက် ဒဏ်ရာသွားအုံးမလား ဆို တာကိုတော့ ကျွန်တော်တို့ ရင်တထိတ်ထိတ် စောင့်မျှော်ကြည့်ရှုရအုံးမှာပါ။