ပေါင် ၇၂ သန်းနဲ့ လိုင်လီက ခေါ်ယူထားသူပါ။
Kyaw Ko Ko Sint

ပီပီကတော့ မနှစ်က လိုင်လီအသင်းနဲ့အတူ ၂၂ ဂိုးသွင်းပြီး ၁၁ ဂိုးအထိ ဖန်တီးပေးထာားနိုုင်ခဲ့တဲ့ အိုင်ဗရီကို့စ် တိုက်စစ်မှူး တစ်ဦး ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ကစားသမားသစ် နီကိုးလက်စ်ပီပီအနေနဲ့ လာမယ့် တနင်္ဂနွေနေ့မှာကစားမယ့် နယူးကာ ဆယ်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာသေးဘူးလို့ နည်းပြ အူနိုင်း အမ်မရီက ထုတ်ဖော်ပြောလာပါတယ်။



အသက် ၂၄ နှစ်အရွယ် အိုင်ဗရီကို့စ် တိုက်စစ်မှူးကို အာဆင်နယ်အသင်းက လိုင်လီအသင်းကနေ ပေါင် ၇၂ သန်းနဲ့ ခေါ်ယူခဲ့တာပါ။

ဒါပေမယ့် ပီပီအနေနဲ့ အာဆင်နယ်အသင်း နောက်ဆုံး ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ရာသီကြို ပွဲစဉ်ကို ပါဝင်ခဲ့ခြင်းမရှိပဲ အာဆင်နယ်အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိသေးတာပါ။

Daily Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီပီအနေနဲ့ အာဆင်နယ်အသင်းကို ရောက်ရှိပြီး ကြံ့ခိုင်ရေး လေ့ ကျင့်ခန်းတွေ ပြုလုပ်နေရပြီး နည်းပြ အူနိုင်းအနေနဲ့ ပထမဆုံး ပါဝင်ကစားပေးနိုင်ဖို့ စိတ်ရှည်ဖို့ လိုအပ်တယ်လို့ ပြောထားတယ်လို့ သိရပါတယ်။

ဒါကြောင့် လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမယ့် နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲကိုလည်း ပီပီအနေနဲ့ ပါဝင်နိုင်ဖို့ မသေချာ ဖြစ်နေပြီး ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ ပြုလုပ်နေသေးတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းကတော့ ဒီနှစ်မှာ ပီပီအပြင် ရီးရဲက ဆယ်ဘယ်လော့စ်၊ ဆဲလ်တစ်က တီယာနေး၊ချဲလ်ဆီး ကဒေးဗစ်လုဇ်၊စိန့်အက်စ်တီယန်က ဆလီဘာနဲ့ လူငယ်ကစားသမား မာတီနယ်လီတို့ကို ခေါ်ယူထားနိုင်ပါ တယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က