ရာသီကုန်ဆုံးဖို့ ၄ ပွဲအလိုမှာ တန်းဆင်းခဲ့ရတာပါ။

၁၉၅၇ ခုနှစ်နောက်ပိုင်း လိဂ်ဝမ်းကို ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရတာ ဖြစ်ပြီး ရာသီကုန်ဆုံးဖို့ ၄ ပွဲ အလိုမှာ တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့အတူ ဒီရာသီ အဝေးကွင်းပွဲစဉ်တိုင်း ပေးဂိုး ခွင့်ပြုထားရတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင် ထားတဲ့ ချန်ပီယံရှစ်ကလပ် အစ်ဆွစ်ချ်အသင်းကတော့ လိဂ်ဝမ်းကို တန်းဆင်းခဲ့ရပြီလို့ Daily Mail သတင်း ဌာနက ဖော်ပြလာပါတယ်။



နောက်ဆုံး ကစားခဲ့တဲ့ ဘာမင်ဂမ်အသင်းနဲ့ ပွဲစဉ်မှာ တစ်ဖက် တစ်ဂိုး စီ သရေကျပြီးနောက် အစ်ဆွစ်ချ်အ သင်းဟာ ၁၇ နှစ်ဆက် ကစားလာတဲ့ ချန်ပီယံရှစ်ကနေ လိဂ်ဝမ်းကို တန်းဆင်းခဲ့ရတာပါ။

၁၉၅၇ ခုနှစ် နောက်ပိုင်း လိဂ်ဝမ်းမှာ အစ်ဆွစ်ချ်အသင်း မကစားရတော့တာ ဖြစ်ပြီး ဒီရာသီ တန်းဆင်းချိန် မှာတော့ နိုင်ပွဲက ၄ ပွဲသာ ရရှိခဲ့ပါတယ်။

အခုလို တန်းဆင်းခဲ့ရတဲ့ အစ်ဆွစ်ချ်အသင်းအနေနဲ့ ချန်ပီယံရှစ်မှာ ဒီရာသီ ကစားထားသမျှ အဝေးကွင်း ပွဲစဉ်တိုင်း လိုလို ပေးဂိုးတွေ ခွင့်ပြုခဲ့ရတာ ဖြစ်ပြီး ဒီမှတ်တမ်းဆိုးကတော့ ပရီးမီးယားလိဂ်က အသင်းကြီး တစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ တူညီနေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကလည်း ဒီနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်တိုင်းလိုလို ပေးဂိုး ခွင့် ပြုထားရတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က