လက်ရှိ အမြင့်ဆုံးရနေသူက အိုလ်ဇေးဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၃သိန်းခွဲအထိ ရရှိနေတာပါ။

၃နှစ်စာချုပ်သစ် ချုပ်ဆိုလုနီးနီးအထိ ရှိနေပြီဖြစ်ကာ စာချုပ်သစ်အရ အသင်းရဲ့ လုပ်ခအမြင့်ဆုံး ကစားသမားအဖြစ် အိုလ်ဇေးရဲ့ ပေါင် ၃သိန်းခွဲကို ကျော်လွန်ပြီး ရရှိဖွယ်ရှိနေတာပါ။

အူဘာမီယန်းဟာ အာဆင်နယ်အသင်းနဲ့ ‌၃နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုလုနီးနီးဖြစ်နေပြီလို့ Daily Mail ကဖော်ပြလာပါတယ်။



အသက် ၃၁နှစ်အရွယ် ဂါဘွန်တိုက်စစ်မှူးဟာ မနှစ်က ဘောလုံးရာသီမှာ အသင်းအတွက် သွင်းဂိုး ၂၉ဂိုးအထိ သွင်းယူ ပေးနိုင်ခဲ့သူပါ။

လက်ရှိ ကလပ်အသင်းမှာ လုပ်ခအမြင့်ဆုံး ကစားသမားက ဂျာမနီ လက်ရွေးစင် အိုလ်ဇေးဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၃သိန်းခွဲအထိ ရရှိနေတာပါ။

လက်ရှိ အူဘာချုပ်ဆိုထားတဲ့ စာချုပ်အရ တစ်ပတ်လုပ်ခ ပေါင် ၂သိန်း ရရှိနေတာဖြစ်ပြီး အင်တာမီလန်၊ဘာစီလိုနာ အသင်းတို့က အလိုရှိနေတဲ့ အူဘာကို အာဆင်နယ်အသင်းအနေနဲ့ စာချုပ်သက်တမ်းတိုးနိုင်ပါက အသင်းရဲ့ လုပ်ခ အမြင့်ဆုံး ကစားသမး ဖြစ်လာဖွယ်ရှိနေပါတယ်။

အာဆင်နယ်အသင်းမှာ လုပ်ခမြင့်ကစားသမားတွေကတော့ အိုလ်ဇေးက ပေါင်၃သိန်းခွဲ၊အသစ်ခေါ်ယူထားတဲ့ ဝီလီယံက ပေါင် ၂သိန်း၂သောင်း၊အူဘာမီယန်းက ပေါင်၂သိန်း၊လာကာဇက်တီက ပေါင်၁သိန်း၈သောင်း၂ထောင်၊ပီပီက ပေါင် ၁သိန်း၄သောင်း၊ဒေးဗစ်လုဇ်က ပေါင် ၁သိန်း၂သောင်း၅ထောင် အထိ အမြင့်ဆုံး အနေအထားမှာ ရရှိနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က