၄၄ပွဲရှုံးပွဲမရှိစံချိန်သာ တင်နိုင်ခဲ့တာပါ။
Kyaw Ko Ko Sint

လီဗာပူး ကျော်ဖြတ်ရမယ့် စံချိန် ၅ခုရှိနေပြီး ဒီစံချိန်အားလုံးကိုတော့ မန်စီးတီးအသင်းက တင်ရှိထားပါတယ်။

ဝက်ဖို့ဒ်ကို ၃-၀ နဲ့ ရှုံးလိုက်လို့ လီဗာပူးရဲ့ ရှုံးပွဲမရှိ စံချိန် ပျက်ပြယ်ခဲ့ရပြီး ၂၀၀၃-၀၄ ခုနှစ်က အာဆင်နယ်အသင်း တင်ရှိခဲ့တဲ့ ၄၉ပွဲရှုံးပွဲမရှိစံချန်ကို လိုက်မီဖို့ ၅ပွဲအလို ၄၄ ပွဲ ရှုံးပွဲမရှိစံချိန်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း လီဗာပူးအတွက် စံချိန်ကောင်းတွေ ကျန်ရှိနေသေးပြီး ဒီရာသီမှာ ရယူနိုင်ဖို့ အလားအလာကောင်း တွေရှိနေပါတယ်။

အမှတ်အမျာားဆုံးနဲ့ချန်ပီယံဖြစ်နိုင်မှု

---------------------------------------------

လီဗာပူးအသင်းက လက်ရှိ ၂၈ပွဲ ကစားပြီး ၇၉ မှတ်ရရှိထားပြီ ဖြစ်တာကြောင့် လက်ကျန် ၁၀ပွဲမှာ နောက်ထပ် ရမှတ် အများဆုံး ၃၀ အထိ ရရှိနိုင်ပါသေးတယ်။တကယ်လို့ လီဗာပူးအသင်းအနေနဲ့ အဆိုပါ ရမှတ် ၃၀ကနေ ၂၂ မှတ်လောက်ရယူနိုင်ရုံနဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီက မန်စီးတီးအသင်း ရမှတ် ၁၀၀နဲ့လိဂ်သမိုင်း တစ်လျှောက် အမှတ်အများဆုံး ချန်ပီယံဖြစ်ထားတဲ့ စံချိန်ကို ၁၀၁မှတ်နဲ့ ကျော်ဖြတ်နိုင်မှာပါ။

ဒုတိယနေရာကအသင်းကို အမှတ်အများဆုံးဖြတ်နိုင်မှု

--------------------------------

နောက်ထပ် စံချိန်တစ်ခုကလည်း လက်ရှိအနေအထားမှာ လီဗာပူးက ဒုတိယနေရာက မန်စီးတီးကို ၂၂မှတ်ထိ ဖြတ်ထားနိုင်ပါတယ်။ဒီအခြေအနေကို ဆက်ထိန်းထားနိုင်မယ်ဆိုရင်တော့ ရာသီအကုန်မှာ ဒုတိယနေရာက အသင်းကို ရမှတ်အများဆုံးအမှတ်ဖြတ်ပြီး ချန်ပီယံဖြစ်တဲ့ စံချိန်ကိုလည်း မန်စီးတီးရဲ့၂၀၁၇-၁၈တုန်းက ၁၉မှတ် ထိအမှတ်ဖြတ်ချန်ပီယံ ဖြစ်တဲ့ စံချိန်ကိုကျော်ပြီး တင်အုံးမှာပါ။

နိုင်ပွဲအများဆုံးရရှိမှု

---------------------------

လီဗာပူး ကျော်ဖြတ်ရမယ့် စံချိန်တွေကတော့ ၂၀၁၇-၁၈ ဘောလုံးရာသီက မန်စီးတီးအသင်း တင်ရှိနိုင်ခဲ့တဲ့ စံချိန် တွေပဲ ဖြစ်နေပြီး ဒီတစ်ခါမှာလည်း တစ်ရာသီအတွင်း ချန်ပီယံဆုကို နိုင်ပွဲအများဆုံးနဲ့ရရှိဖို့အခြေအနေရှိနေပါ တယ်။၂၀၁၇-၁၈ဘောလုံးရာသီတုန်းက မန်စီးတီးအသင်း ချန်ပီယံဖြစ်စဥ်မှာ နိုင်ပွဲ ၃၂ပွဲအထိရခဲ့တာပါ။လက်ရှိ လီဗာပူးက နိုင်ပွဲ ၂၆ပွဲရှိနေပြီ ဖြစ်ပြီး လက်ကျန်ပွဲကလည်း ၁၀အထိရှိနေလို့ ဒီစံချိန်ကိုလည်း ကျော်ဖြတ်ဖို့ အခွင့်အရေး ရှိနေသေးတာပါ။

အိမ်ကွင်းနိုင်ပွဲအများဆုံး

------------------------

နိုင်ပွဲများသလို အိမ်ကွင်းနိုင်ပွဲအများဆုံးနဲ့ ချန်ပီယံဖြစ်တဲ့ စံချိန်ကိုလည်း ပိုင်ဆိုင်ထားပါသေတးယ်။ဒီစံချိန်ကို တော့ ချဲလ်ဆီး၊မန်ချက်စတာယူနိုက်တက်နဲ့မန်စီးတီးအသင်းတို့က စွမ်းဆောင်ထားနိုင်ပြီးတစ်ရာသိအတွင်းမှာ အိမ်ကွင်းပွဲ ၁၉ပွဲကစားရချိန်မှာ ၁၈ပွဲစီ နိုင်ထားဖူးကြတာပါ။ လက်ရှိ လီဗာပူးက အိမ်ကွင်းမှာ ၁၄ပွဲကစား ၁၄ပွဲ စလုံးနိုင်ထားလို့ နောက်ထပ် လက်ကျန် ၅ ပွဲစလုံးနိုင်ရင် ကျော်ဖြတ်နိုင်အုံးမှာပါ။

အဝေးကွင်းနိုင်ပွဲအများဆုံး

--------------------------

အလားတူပဲ အဝေးကွင်းနိုင်ပွဲအများဆုံး စံချိန်ကိုလည်း မန်စီးတီးအသင်းက ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ၁၆ပွဲနဲ့ တင်ရှိထားနိုင်ပြီး လက်ရှိမှာ လီဗာပူးက ၁၂ပွဲထိ နိုင်ထားတာကြောင့် လက်ကျန် အဝေးကွင်း ၅ပွဲမှာ ၅ ပွဲစလုံးနိုင် တာနဲ့ ကျော်ဖြတ်အုံးမှာပါ။

လီဗာပူးအသင်းကတော့ ဒီကနေ့ညမှာ ချဲလ်ဆီးအသင်းနဲ့ အက်ဖ်အေဖလား ပဥ္စမအဆင့် ကစားဖို့ ရှိနေပြီး ဒါပြီးရင် တေ့ ဘုန်းမောက်နဲ့ လိဂ်ပွဲကစားကာ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရှုံးထွက်ဒု-ကျော့ကို ဆက် လက်ကစားရပါမယ်။


က္က