ဇာဟာရဲ့ပြောင်းရွှေ့ကြေးဟာ အာဆင်နယ်အသင်း လုံးဝမတတ်နိုင်တဲ့ပမာဏဖြစ်ခဲ့တာပါ။

ခရစ်စတယ်ပဲလေ့စ်အသင်းဟာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဇာဟာအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၈၀ ဝန်းကျင် တောင်းဆိုခဲ့တယ်လို့ Evening Standard ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ခရစ်စတယ်ပဲလေ့စ်အသင်းဟာ ယခုနွေရာသီမှာ ဇာဟာနဲ့ အာရွန်ဝမ်ဘစ်စ်ကာတို့ ၂ ဦးစလုံးကို အဆုံးရှုံးမခံနိုင်ဘူးလို့ သိရပြီး ဝမ်ဘစ်စ်ကာကို မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့ဖို့ ပဲလေ့စ်က သဘောတူညီခဲ့ပြီဖြစ်ပါတယ်။



အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ဇာဟာကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး နည်းပြ အမ်မရီက လာမယ့်ရာသီမတိုင်မီ အသင်းရဲ့ တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခရစ်စတယ်ပဲလေ့စ်အသင်းဟာ ဝမ်ဘစ်စ်ကာကို ဆုံးရှုံးခဲ့ရပြီးဖြစ်တာကြောင့် ဇာဟာကို ရောင်းချလိုခြင်းမရှိဘူးလို့ သိရပါတယ်။

ခရစ်စတယ်ပဲလေ့စ်ကြယ်ပွင့် ဇာဟာဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာလိုကြောင်း ရှင်းရှင်းလင်းလင်းပြောကြားထားပြီး ခရစ်စတယ်ပဲလေ့စ်အသင်းဟာ ဇာဟာအတွက် ပေါင်သန်း ၈၀ ရရှိမှသာ ထွက်ခွာခွင့်ပြုသွားမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့ဘတ်ဂျက်အဖြစ် ပေါင် ၄၅ သန်းသာ ရရှိထားပြီး လက်ရှိအချိန်အထိ ကစားသမားတစ်ဦးမှ မခေါ်ယူနိုင်သေးခင်မှာ ခရစ်စတယ်ပဲလေ့စ်အသင်းက အာဆင်နယ်က ခေါ်ယူလိုနေတဲ့ ဇာဟာအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၈၀ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၀၃-၂၀၀၄ ရာသီမှာ ရှုံးပွဲမရှိဘဲ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက်ပိုင်း အမှတ်ပေးဇယားထိပ်ဆုံးလေးနေရာအတွင်း ဝင်ရောက်နိုင်ဖို့တောင် ရုန်းကန်နေရတာဖြစ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၃ နှစ်ဆက်တိုက် ကစားရတော့မှာဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က