ကိုစီရယ်နီနေရာမှာအစားထိုးဖို့အတွက် ဆိုကရာတစ်ကို ခေါ်ယူထားပြီး ရာသီကြိုခြေစမ်းပွဲတွေမှာ မူစတာဖီနဲ့ တွဲဖက်အသုံးပြုနေပါတယ်။
Wai Lin Kyaw

အာဆင်နယ်အသင်းရဲ့ဝါရင့်နောက်ခံလူ ကိုစီရယ်နီတစ်ယောက် အသင်းကထွက်ခွာတော့မယ်လို့ ပြောလိုက်ပါပြီ။ ဒါပေမယ့်အခုမဟုတ်ပါဘူး။ ၂၀၂၀မှာ အာဆင်နယ်အသင်နဲ့စာချုပ်သက်တမ်းကုန်ရင် အသင်းကထွက်မယ်လို့ ပြောခဲ့တာပါ။ 



NINTCHDBPICT000369969401.jpg

Photo: The Sun

 

အာဆင်နယ်အသင်းရဲ့ပြင်သစ်နောက်ခံလူ ကိုစီရယ်နီဟာ အသင်းကထွက်ခွာဖို့အတွက် ပြင်ဆင်နေပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ကိုစီရယ်နီဟာ ဆိုးရွားလွန်းတဲ့ဖနောင့်ကြောဒဏ်ရာကြောင့်ကာလရှည်အနား ယူရဖို့ရှိနေသလို ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ရပါတယ်။

Photo: The Sun

အာဆင်နယ် နောက်ခံလူ ကိုလာစီနက်စ်ရဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်ဆိုးမျိုး အခြားသူတွေ မကြုံပါစေနဲ့တော့ 

အသက် ၃၂နှစ်အရွယ် ကိုစီရယ်နီဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၀ အထိ အသင်းမှာ ဆက်ရှိမှာဖြစ်ပြီး စာချုပ်သက်တမ်းကုန်ရင်အသင်းကထွက်မယ်ဖို့ ပြင်ဆင်နေတာပါ။ အာဆင်နယ်နည်းပြသစ် အူနိုင်းအမ်မရီဟာ ကိုစီရယ်နီနေရာမှာအစားထိုးဖို့အတွက် ဆိုကရာတစ်ကို ခေါ်ယူထားပြီး ရာသီကြိုခြေစမ်းပွဲတွေမှာ မူစတာဖီနဲ့ တွဲဖက်အသုံးပြုနေပါတယ်။

Photo: The Sun

 

“ကျွန်တော့်စာချုပ်က ၂၀၂၀ ဇွန်လအထိရှိပါတယ်။ ကျွန်တော်အသင်းကထွက်ဖို့စဉ်းစားထားပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာဘာဖြစ်မလဲဆိုတာတော့ မသိသေးဘူး။ ကျွန်တော့်မိသားစုက အင်္ဂလန်မှာရှိပါတယ်။ ဒါပေမယ့် အခြေအနေတွေက ဘာမဆိုဖြစ်သွားနိုင်ပါတယ်။”လို့ ကိုစီရယ်နီကပြောပါတယ်။ ကိုစီရယ်နီအနေနဲ့ ဒဏ်ရာကြောင့် ပြင်သစ်လက်ရွေးစင်အသင်းကနေလည်း အနားယူဖို့ရှိနေပါတယ်။

Photo: The Sun

 

ကိုစီရယ်နီဟာ ပြင်သစ်လီဂူးကလပ် လိုရီယန့်အသင်းကနေ အာဆင်နယ်အသင်းကို ၂၀၁၀မှာပြောင်းရွှေ့လာသူပါ။ ကိုစီရယ်နီဟာ အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် ပြီးခဲ့တဲ့ရာသီက တာဝန်ယူခဲ့ပေမယ့် ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ခဲ့ရတာပါ။ ပြင်သစ်နောက်ခံလူဟာ အာဆင်နယ်အသင်းအတွက် ၂၃၈ပွဲကစားထားပြီး ၁၉ဂိုးသွင်းယူထားနိုင်သလို ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပွဲ ၅၀ ကစားထားပြီး တစ်ဂိုးသွင်းထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က