စိတ်ရှည်သည်းခံပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီဟာ အာဆင်နယ်အသင်းကို ကမ္ဘာပေါ်က အကောင်းဆုံးအသင်းအဖြစ် တိုးတက်လာစေချင်နေပြီး ပရိသတ်တွေကို စိတ်ရှည်သည်းခံပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးလေးနေရာအတွက် တိုက်ပွဲဝင်နေတာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် လက်စတာစီးတီးနဲ့ပွဲစဉ်မတိုင်မီ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။



ယူရိုပါလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်ထားနိုင်ပြီး အူနိုင်းအမ်မရီရဲ့ အသင်းဟောင်းဖြစ်တဲ့ ဗလင်စီယာအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ပွဲဦးထွက်ရာသီမှာ အမ်မရီက အာဆင်နယ်အသင်းကို မြင့်မားတဲ့နေရာတစ်ခုကို ယူဆောင်ပေးချင်ကြောင်းပြောကြားခဲ့ပြီး ၎င်းအနေနဲ့ အချိန်ပေးခြင်းခံရဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

“အင်္ဂလန်နဲ့ ကမ္ဘာပေါ်မှာ ကျွန်တော်တို့က အကောင်းဆုံးအသင်းဆိုတဲ့နေရာအထိ အသင်းကို ပို့ဆောင်ပေးချင်ပါတယ်။ ဒါပေမယ့် အဲဒါက ရှည်လျားတဲ့လုပ်ငန်းစဉ်တစ်ခုပါ။ တစ်ခါတရံမှာ ကျွန်တော်တို့ စိတ်ရှည်သည်းခံမှုအကြောင်း ပြောဖို့ လိုအပ်ပါတယ်”

“ကျွန်တော်တို့် ချန်ပီယံလိဂ်မှာ ကစားချင်ပေမယ့်လည်း ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်ဟာ စိတ်ရှည်သည်းခံဖို့ လိုအပ်တယ်ဆိုတာ သိနေပါတယ်။ ဘာလို့လဲဆိုတော့ အရမ်းကောင်းမွန်တဲ့ကစားသမား၊ အရမ်းကြီးမားတဲ့စွမ်းဆောင်ရည်ရှိတဲ့ နောက်ထပ်အသင်း ၅ သင်းရှိနေသေးလို့ပါ”လို့ The Telegraph ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က