ကြံ့ခိုင်ရေး လေ့ကျင့်မှု စစ်ဆေးရာမှာ ခါးထောက်ပြီး အမြင့်ခုန်လေ့ကျင့်ခန်းမှာတော့ အမြင့် ၅၅ စင်တီမီတာ အထိရောက်အောင် ခုန်ပြပြီး အူဘာမီယန်းတင်ရှိထားတဲ့ ၅၄ စင်တီမီတာ အမြင့်ကို ကျော်လွန်အောင် ခုန်ပြခဲ့ တာပါ။
ဆဲလ်တစ်အသင်းကနေ ပေါင် ၂၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ နောက်ခံလူ တီယာနေးကတော့ အာဆင်နယ်အသင်း ကိုရောက်စမှာပဲ အသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်း တင်ရှိထားတဲ့ စံချိန်တစ်ခုကို ချိုးဖျက်လိုက်တယ်လို့ Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။
အပြောင်းအရွှေ့ နောက်ဆုံးရက်မှသာ ခေါ်ယူနိုင်ခဲ့တဲ့ တီယာနေးကတော့ အာဆင်နယ်အသင်းနဲ့ နောက်ထပ် ၆ ပတ်လောက် ပွဲထွက်ကစားနိုင်ဦးမှာ မဟုတ်ပဲ အကြောင်းကတော့ အူကျွံဝေဒနာကို ခွဲစိတ်ကုသထားတဲ့ဒဏ် ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
အူကျွံဝေဒနာ ခံစားခဲ့ရတယ်ဆိုပေမယ့်လည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ပြုလုပ်ခဲ့တဲ့ ဆေးစစ်မှုနဲ့ ကြံ့ခိုင်ရေး လေ့ကျင့်မှုမှာတော့ ကစားဖော်သစ်ဖြစ်လာမယ့် တိုက်စစ်မှူး အူဘာမီယန်းတင်ရှိထားတဲ့စံချိန်တစ်ခုကို ကျော် ဖြတ်ပြနိုင်ခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ် တီယာနေးကို ကြံ့ခိုင်ရေးဆရာကခါးထောက်ပြီး အမြင့်ခုန်ခိုင်းတဲ့ ကြံ့ခိုင်ရေး စစ်ဆေးမှုကို ပြုလုပ်ရမှာတော့ ကနဦး ပြုလုပ်ချိန် ၅၀ စင်တီမီတာ အမြင့်ကို ခုန်နိုင်ခဲ့ပြီး ဒီအမြင့်က တိုက်စစ်မှူး အူဘာမီယန်းထက် ၄ စင်တီမီတာ လျော့နည်းနေတာပါ။
ဒါကြောင့် နောက်တစ်ကြိမ် ထပ်ခုန်ချိန်မှာတောာ့ ၅၅ စင်တီမီတာအမြင့်ထိ ရောက်အောင် ခုန်ပြလိုက်ပြီး အူဘာမီယန်းထက် ၁ စင်တီမီတာ ပိုမိုသာလွန်သွားခဲ့တာပါ။