ပေါင် ၈ သန်းနဲ့ ရောက်ရှိခဲ့တာပါ။
Kyaw Ko Ko Sint

ပီအက်စ်ဂျီမှာ အတူလက်တွဲခဲ့ဖူးတဲ့ လက်ရှိ အာဆင်နယ်အသင်းနည်းပြ အူနိုင်းကလည်း အာဆင်နယ်ကို ပြောင်းရွှေ့လာရခြင်းရဲ့ အဓိက အကြောင်းတစ်ချက် ဖြစ်တယ်လို့လည်း လုဇ်က ဝန်ခံခဲ့ပါသေး တယ်။

အသက် ၃၂ နှစ်အရွယ် ဘရာဇီး နောက်ခံလူ ဒေးဗစ်လုဇ်ကိုု အာဆင်နယ်အသင်းက ချဲလ်ဆီးအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၈ သန်းနဲ့ မနေ့က ခေါ်ယူနိုင်ခဲ့ပါတယ်။



အခုလို မြို့ခံပြိုင်ဖက် အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖြစ်တဲ့ အကြောင်းရင်းကတော့ သူ့အနေနဲ့ စိန်ခေါ်မှု အသစ်တွေကို လိုချင်ပြီး ချဲလ်ဆီးနဲ့ ဇာတ်လမ်း အပြီးသတ်သင့်ပြီထင်လို့ ဖြစ်ကြောင်း လုဇ်က ပြောခဲ့ပါတယ်။

“ ကျွန်တော်ရယ်၊ပရိသတ်တွေရယ်အသင်းရယ်ကြားမှာ ရှုပ်ထွေးစရာတွေ များပါတယ်။ဒါပေမယ့် ကျွန်တော်က အခြား ကလပ်အသင်းကြီးတစ်သင်းကိုသွားပြီး စိန်ခေါ်မှုတွေ ရယူချင်ပါသေးတယ်။အာဆင်နယ်က အသင်းကြီး တစ်သင်းပါ၊ ဒါကို အင်္ဂလန်မှာတင်မကပဲ တစ်ကမ္ဘာလုံးက ပရိသတ်တွေအားလုံး သိထားတာပါ။ဒီကိုလာတဲ့ အတွက် အခွင့်အရေးကောင်းတွေ ရလာမယ်လို့ ယုံကြည်ပါတယ်။ဒါက ကျွန်တော်ပြောင်းလာဖြစ်တဲ့ အဓိက အကြောင်းပါပဲ” လို့ ဒေးဗစ်လုဇ်က ပြောခဲ့တဲ့အကြောင်း Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။

ဒေးဗစ်လုဇ်အနေနဲ့ ပီအက်စ်ဂျီမှာကစားခဲ့စဉ် လက်ရှိ အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်း အမ်မရီရဲ့ လက်အောက်မှာ ကစားခဲ့ဖူးတာကြောင့် အူနိုင်းကလည်းသူပြောင်းရွှေ့လာဖြစ်တဲ့ အဓိက အကြောင်းရင်း ဖြစ်တယ်လို့ ဝန်ခံထားပါသေးတယ်။

“ကျွန်တော်သူ့ကို အများကြီး နားလည်ပါတယ်၊ ကျွန်တော်က ကစားသမားကောင်းတွေကို ကြိုက်ပါတယ်၊ဒါ့အပြင် ဘယ်အသင်းက အသင်းကောင်းလည်း ၊ဘယ်သူက ကစားသမားကောင်းလည်း ဆိုတာလည်း သိပါတယ်။ကျွန်တော်ဒီကိုပြောင်းလာတာ အကြောင်းအရာတစ်ခုတည်းကို လုပ်ဆောင်ချင်လို့ပါ၊ အဲ့ဒါကတော့ အသင်းနဲ့အတူ အောင်မြင်ချင်တာပါပဲ” လို့ လုဇ်က ဆက်လက်ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က