သူ့ရဲ့အမှားကတဆင့် ချေပဂိုးခွင့်ပြုခဲ့ရပါတယ်။
Pyae Phyo Thein

အမ်းမရိတ်စ်မှာ ၂-၁ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ဗန်ဒိုက်ကိုယ်တိုင်လည်း အမှားကျူးလွန်ခဲ့သလို ဂိုးသမားအယ်လစ်ဆန်ကလည်း ကြီးမားတဲ့အမှားပြုလုပ်ခဲ့ပါတယ်။ 


အာဆင်နယ်နဲ့ကစားခဲ့တဲ့ပွဲမှာ လူပေးမှားမှုတွေကနေ ဂိုးတွေပေးခဲ့ရလို့ အရေးနိမ့်ခဲ့ပြီးနောက်မှာ လီဗာပူးလ်နောက်ခံလူဗန်ဒိုက်က သူတို့အနေနဲ့ အာဆင်နယ်ကို လက်ဆောင်တွေပေးခဲ့မိတယ်လို့ ပြောဆိုလိုက်ပါတယ်။ အမ်းမရိတ်စ်မှာ ၂-၁ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ဗန်ဒိုက်ကိုယ်တိုင်လည်း အမှားကျူးလွန်ခဲ့သလို ဂိုးသမားအယ်လစ်ဆန်ကလည်း ကြီးမားတဲ့အမှားပြုလုပ်ခဲ့ပါတယ်။ 

လီဗာပူးလ်အနေနဲ့ ချန်ပီယံဖြစ်ပြီးနောက်ပိုင်းမှာ ရလဒ်တွေဆက်တိုက်ကျဆင်းနေခဲ့တာဖြစ်ပြီး ဗန်ဒိုက်ကတော့ သူ့ရဲ့အမှားကိုဝန်ခံခဲ့ပေမယ့် အသင်းကစားပုံကတော့ အမှားအယွင်းမရှိခဲ့ဘူးလို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ ပြစ်တင်ဝေဖန်ရတာတွေက လွယ်ကူတယ်လို့လည်း သူ့ကိုဝေဖန်သူတွေကို ပြန်တုံ့ပြန်ခဲ့ပြီး ချန်ပီယံအိပ်မက်က အကောင်အထည်ပေါ်ခဲ့ပြီးသားလို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

"သူတို့ကို ဂိုးတွေက လက်ဆောင်ပေးခဲ့ရတာပါပဲ၊ ဒါပေမယ့်လည်း ပထမဂိုးမပေးရခင်အထိ ကျွန်တော်တို့က ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပါတယ်၊ သူတို့ကို ဖိအားပေးနိုင်ခဲ့ပြီးတော့ ဂိုးပေးလိုက်ရပြီးနောက်မှာ ခက်ခဲသွားခဲ့ပါတယ်၊ အခွင့်အရေးတချို့ဖန်တီးနိုင်ခဲ့ပြီး အသင်းကစားပုံကလည်း အမှားမရှိခဲ့ပါဘူး၊ အရမ်းကောင်းတဲ့ သွင်းဂိုးတစ်ဂိုးလည်း သွင်းနိုင်ခဲ့ပါတယ်၊ ကျွန်တော်အမှားလုပ်ခဲ့လို့ အပြစ်တင်တာကိုခံသွားမှာပါ" လို့ ဗန်ဒိုက်က ပြောခဲ့ပါတယ်။

ဂရေမီဆောင်းနက်စ်ကလည်း "ဒါ လီဗာပူးလ်မဟုတ်ပါဘူး၊ ၂နှစ်အတွင်းမှာ ဗန်ဒိုက် အခုလိုမှားတာမျိုးမတွေ့ဖူးဘူး" လို့ ပြောဆိုခဲ့ပါတယ်။ ဒီအပေါ်မှာ ဗန်ဒိုက်က "ဒီလိုပြောဖို့က စောလွန်းပါတယ်၊ တကယ်လို့ ဒီပွဲကိုကြည့်ခဲ့မယ်ဆိုရင် ကျွန်တော်အမှားမလုပ်ခင်အထိ ကြည့်ကြည့်ပါ၊ ဘာအမှားမှမရှိခဲ့ပါဘူး၊ ဒါပေမယ့် သူတို့ကိုဂိုးတွေပေးခဲ့ရပါတယ်၊ အပြစ်တင်ဖို့ကလွယ်ပါတယ်" လို့ တုံ့ပြန်ခဲ့ပါတယ်။ 

လီဗာပူးလ်ကတော့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက် ကစားခဲ့တဲ့ ၅ ပွဲမှာ ၂ပွဲရှုံးနိမ့်ခဲ့ကာ တစ်ပွဲသရေကျခဲ့ပါတယ်။ ဒါဟာ သူတို့အနေနဲ့ ဒီရလဒ်မတိုင်ခင် ကစားခဲ့တဲ့ပွဲတွေမှာ ရှုံးနိမ့်ခဲ့တဲ့အရေအတွက်ထက် ပိုမိုများပြားနေခဲ့တာလည်းဖြစ်ပါတယ်။ 


Author


က္က