အသင်းခြေစွမ်းကို ပြစ်တင်ခဲ့ပြီး သတိပေးမှုတွေလုပ်ခဲ့ပါတယ်။
Pyae Phyo Thein

အာဆင်နယ်ကို ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း ထိရောက်တဲ့ထိုးဖောက်မှုတွေကို မပြုလုပ်နိုင်ခဲ့ဘဲ အာဆင်နယ်ခံစစ်ကြောင်းရဲ့ ခြေစွမ်းပြမှုကြောင့် အခက်တွေ့ခဲ့ရပါတယ်။


အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာ အာဆင်နယ်ကို အရေးနိမ့်ခဲ့ပြီးနောက် မန်စီးတီးနည်းပြဂွာဒီယိုလာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက်ပါ စိုးရိမ်နေခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်ကို ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း ထိရောက်တဲ့ထိုးဖောက်မှုတွေကို မပြုလုပ်နိုင်ခဲ့ဘဲ အာဆင်နယ်ခံစစ်ကြောင်းရဲ့ ခြေစွမ်းပြမှုကြောင့် အခက်တွေ့ခဲ့ရပါတယ်။

ပြိုင်ပွဲစုံနောက်ဆုံး ၇ ကြိမ်ဆက်တိုက် အာဆင်နယ်ကို အနိုင်ရထားခဲ့ပေမယ့်လည်း မနေ့ကပွဲမှာတော့ အရေးနိမ့်ခဲ့ပြီး ဆုဖလားတစ်လုံးလက်လွှတ်ခဲ့ရပါတယ်။ အဆိုပါခြေစွမ်းမျိုးနဲ့ကစားမယ်ဆိုပါက အိမ်ကွင်းမှာကစားရမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို အရေးနိမ့်သွားလိမ့်မယ်လို့ ဂွာဒီယိုလာက အသင်းသားတွေကို သတိပေးခဲ့ပါတယ်။ 

"သူတို့ကို ကျွန်တော်ပြောနေဖို့မလိုပါဘူး၊ ဒါကိုသူတို့လည်း ကောင်းကောင်းသိပြီးသား၊ ခံစားမိပြီးသားပါ၊ ဒီလိုအဆင့်မျိုးမှာ ဘယ်လိုခြေစွမ်းမျိုးရှိနေရမလဲဆိုတာကို ကျွန်တော်တို့သိပါတယ်၊ ဒီတစ်ခါလည်း ကျွန်တော်တို့ သင်ယူနေရတုန်းလား၊ အဲဒီလိုမဟုတ်ဘူးလားဆိုတာကို ကြည့်ကြတာပေါ့၊ ဘုန်းမောက်နဲ့ကစားခဲ့တဲ့ နောက်ဆုံးပွဲမှာလည်း ကျွန်တော်တို့မကောင်းမွန်ခဲ့ပါဘူး"

"ဒီနေ့ပွဲ ပထမပိုင်းကလည်း မကောင်းမွန်ခဲ့ဘူး၊ ကျွန်တော်တို့မှာရှိတဲ့အဆင့်အတန်းမျိုးနဲ့ မကစားနိုင်ခဲ့ပါဘူး၊ နောက်တဆင့်ကိုသွားချင်တယ်ဆိုရင် ကျွန်တော်တို့ခြေစွမ်းကို ရီးရဲလ်နဲ့ပွဲမှာ အကောင်းဆုံးပြသနိုင်ဖို့လိုပါတယ်" လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မန်စီးတီးအနေနဲ့ စတာလင်၊ ဒီဘရိုင်းနဲ့ မာရက်ဇ်တို့ကြောင့် ဂိုးရဖို့နီးစပ်ခဲ့ပေမယ့်လည်း အာဆင်နယ်ဂိုးသမားမာတီနက်ဇ်က ကာကွယ်နိုင်ခဲ့ပါတယ်။ 

"ဒီပွဲကို ကျွန်တော်တို့ အရေးနိမ့်နိုင်ပါတယ်၊ ပထမပိုင်းမှာကစားခဲ့သလို ဒုတိယပိုင်းမှာ ကစားခဲ့တာကိုလည်း ကျွန်တော်နောင်တရမိပါတယ်၊ တခါတလေမှာတော့ ဖြစ်တတ်ပါတယ်၊ ဒီရှုံးပွဲအတွက် တကယ်စိတ်မကောင်းဖြစ်ရပါတယ်" လို့ ဂွာဒီယိုလာက ပွဲအပြီးမှာ Sky Sports ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။ 


Author


က္က