လာမယ့်ဇန်နဝါရီလမှာ ခေါ်ယူသွားမှာပါ။

စီးရီးအေထိပ်သီးအသင်းကြီးဖြစ်တဲ့ အေစီမီလန်အသင်းဟာ အာဆင်နယ်အသင်းမှာ နေရာမရဖြစ်နေတဲ့  မိုဟာမက်အယ်နီနီကို လာမယ့်ဇန်နဝါရီလမှာ ပေါင် ၁၃ သန်းဝန်းကျင်ပေးချေပြီး ခေါ်ယူလိုနေတယ်လို့ Caughtoffside ရဲ့ဖော်ပြချက်အရ သိရပါတယ်။

Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ အေစီမီလန်အသင်းဟာ လာမယ့်ဇန်နဝါရီလမှာ အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် မိုဟာမက်အယ်နီနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး လက်ရှိအချိန်မှာတော့ အယ်နီနီဟာ ဘက်ဆစ်တက်ကို အငှားနဲ့ သွားရောက်ကစားနေတာဖြစ်ပါတယ်။



အေစီမီလန်အသင်းဟာ ၎င်းတို့ရဲ့ ကွင်းလယ်ကို အင်အားဖြည့်တင်းလိုနေပြီး အယ်နီနီအတွက် ယူရို ၁၅ သန်းဝန်းကျင်အထိ ပေးချေသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ကွင်းလယ်ခံစစ်ကစားသမားဖြစ်တဲ့ မိုဟာမက်အယ်နီနီဟာ အသင်းကနေ ထွက်ခွာဖို့ သတင်းတွေထွက်နေတဲ့ ဖရန့်ကက်ဆီရဲ့နေရာမှာ အစားထိုးခေါ်ယူမှုဖြစ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။

တူရကီသတင်းဌာန Fotospor ရဲ့ဖော်ပြချက်အရ အယ်နီနီကလည်း ဘက်ဆစ်တက်အသင်းဘုတ်အဖွဲ့ဝင်နဲ့ နည်းပြအဖွဲ့ဝင်အချို့နဲ့ ပြဿနာအနည်းငယ်ရှိနေတာကြောင့် လာမယ့်ဇန်နဝါရီလမှာ အသင်းကနေ ထွက်ခွာလိုနေတယ်လို့ သိရပါတယ်။

မိုဟာမက်အယ်နီနီဟာ အာဆင်နယ်အသင်းကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ ဘေဆယ်အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အယ်နီနီဟာ ဘင်နေစာနဲ့ လူးကပ်စ်ဘစ်ဂလီယာတို့ထက် ရုပ်ပိုင်းဆိုင်ရာပိုမိုကြံ့ခိုင်တာကြောင့် အေစီမီလန်ရဲ့ကွင်းလယ်ကို ပိုမိုကျစ်လစ်စေနိုင်မယ်လို့ မျှော်လင့်ရပါတယ်။



က္က