၇ မှတ်သာရရှိထားပါတယ်။

အဖွင့် လိဂ် ၆ ပွဲမှာ တစ်ပွဲသာနိုင်ပြီး ၄ ပွဲသရေကျကာ တစ်ပွဲရှုံးထားတာကြောင့် ရမှတ် ၇ မှတ်သာ စုဆောင် ပေးထားနိုင်တာပါ။

ချဲလ်ဆီးကို အဝေးကွင်းမှာသရေကျခဲ့ပြီးတဲ့နောက်မှာတော့ အာဆင်နယ်အသင်း နည်းပြ မီခေးလ်အာတီတာဟာ အာဆင်နယ်အသင်းသမိုင်းမှာ အစမကောင်းဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပြီလို့ The Sun သတင်းဌာနက ဖော် ပြလာပါတယ်။



အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းကို အဝေးကွင်းမှာ မိနစ် ၇၀ လောက် ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရကာ သရေကျဖို့အတွက် နောက်ခံလူ ဘယ်လာရင်ရဲ့ နောက်ကျဂိုးက ကယ်တင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် အာတီတာအနေနဲ့ အာဆင်နယ်အသင်းနဲ့ စတင် ကစားထားတဲ့ လိဂ် ၆ ပွဲမှာ ၇ မှတ်သာ ရရှိအောင် စွမ်း ဆောင်ထားနိုင်တာလည်း ဖြစ်ပါတယ်။

မှတ်တမ်းတွေအရ အာဆင်နယ် အသင်းသမိုင်းမှာ နည်းပြ အဖြစ် စွမ်းဆောင်ထားတဲ့ နည်းပြ ၂၀ ဦးရဲ့ ပထမဆုံး လိဂ် ၆ ပွဲကို စစ်ကြည့်လိုက်မယ်ဆိုရင် အာတီတာက ရှုံးပွဲနည်းပေမယ့် သရေပွဲက များနေပြီး ၁ ပွဲနိုင် ၄ ပွဲသရေ ၁ ပွဲရှုံးကာ ၇မှတ်သာ ပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့် နည်းပြ ၂၀ ဦးစာရင်းမှာ အစ မကောင်းဆုံး နည်းပြအဖြစ် ထိပ်ဆုံးက ရပ်တည်နေတာလည်း ဖြစ်ပါ တယ်။

အာတီတာအနေနဲ့ ပထမဆုံး ၆ ပွဲမှာ တစ်ပွဲတည်းသော နိုင်ပွဲက ယူနိုက်တက်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲ ဖြစ်ပြီး တစ်ပွဲတည်းသော ရှုံးပွဲကတော့ ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာ ၁-၂ နဲ့ ရှုံးထားတာပါ။



အာတီတာရှေ့က ကိုင်တွယ်ခဲ့တဲ့ အူနိုင်းအမ်မရီက ရာသီအစ ၄ ပွဲနိုင် ၂ ပွဲရှုံးထားသလို ဂန္တဝင်နည်းပြကြီး အာစင် ဝင်းဂါးကလည်း ၃ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးထားခဲ့ပါတယ်။

နည်းပြ ဘဝအစ ၆ ပွဲမှာအာဆင်နယ် အသင်းသမိုင်းတလျှောက် ရလဒ် အကောင်းဆုံး နည်းပြကြီးကတော့ တွမ်ဝစ်တိတ်ခ်ကာ ဖြစ်ပြီး ၅ ပွဲနိုင် ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က