အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား မီဆွတ်အိုဇေးလ်ရဲ့ အာဆင်နယ်ကစားသမားဘ၀ အနာဂတ်ဟာ မရေမရာ အနေအထားမျိုးမှာ ဖြစ်နေပြီလို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။ အိုဇေးလ်ဟာ ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ နိုင်ဖွယ်ရှိပြီး တူရကီထိပ်သီးကလပ် ဖီနာဘာချီအသင်းက အိုဇေးလ်ကို စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။
Photo : Daily Mail
နည်းပြသစ် အူနိုင်းအမ်မရီရဲ့ လက်ထက်မှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ အိုဇေးလ်ဟာ အသင်းနဲ့အတူ ကာလရှည် ရှိနေဖို့ မလွယ်ကူတော့တာ ဖြစ်ပါတယ်။ အိုဇေးလ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်ကမှ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း တိုးမြင့်ထားတာ ဖြစ်ပြီး တစ်ပတ်ကို ပေါင် (၃၅၀၀၀၀) အထိ ရရှိနေတာ ဖြစ်ပါတယ်။
ရော်နယ်ဒို မပါဝင်ပေမယ့်လည်း နိုင်ပွဲရခဲ့တဲ့ ပေါ်တူဂီ
Photo : Daily Mail
ဒါပေမယ့်လည်း အိုဇေးလ်ရဲ့ ခြေစွမ်းနဲ့ ကစားပုံအပေါ်မှာ အသင်းရဲ့ ကစားသမားဟောင်း၊ ပရိသတ်များက ဝိုင်းဝန်းဝေဖန်မှုတွေ ရှိနေခဲ့ကြပြီး ပျင်းရိသူလို့ ကင်ပွန်းတပ်မှုတွေလည်း ရှိခဲ့ပါတယ်။ အသင်းရှုံးနိမ့်နေချိန်တွေမှာ အိုဇေးလ်ရဲ့ အားတက်သရော ကစားမှုပုံစံကို မြင်တွေ့ရမှု မရှိတဲ့အပေါ်မှာ ပရိသတ်တွေက မချင့်မရဲ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။
Photo : Daily Mail
ဖီနာဘာချီကတော့ ဇန်နဝါရီမှာ အိုဇေးလ်ကို ကမ်းလှမ်းဖို့အတွက် ပြင်ဆင်နေပြီး အာဆင်နယ်နဲ့ ကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ တူရကီသတင်းစာ Fotomac ရဲ့ ဖော်ပြချက်ရ ဖီနာဘာချီနဲ့အပြိုင် အိုဇေးလ်ကို မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း စိတ်ဝင်စားနေပြီး ကစားသမားရဲ့ အခြေအနေပေါ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
Photo : Daily Mail
အိုဇေးလ်ဟာ ဒီရာသီမှာ အသင်းအတွက် (၃)ပွဲ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကိုတော့ လွဲချော်ခဲ့ပါတယ်။ ဝင်ရောက်ကစားခဲ့တဲ့ (၃)ပွဲလုံးမှာလည်း အိုဇေးလ်ဟာ လူစားလဲလှယ်မှုခံခဲ့ရတာကို မြင်တွေ့ခဲ့ရပြီး နည်းပြ အမ်မရီနဲ့အိုဇေးလ်တို့ကြားမှာ အဆင်မပြေမှုတစ်ချို့ ရှိနေတယ်လို့လည်း သတင်းများက ဖော်ပြခဲ့ကြပါတယ်။
Photo : Daily Mail
အိုဇေးလ်အနေနဲ့ အသင်းက ထွက်ခွာဖို့ စဉ်းစားနေလားဆိုတဲ့ အပေါ်မှာတော့ ကွဲပြားရှင်းလင်းစွာ မသိရှိရသေးပါဘူး။ အမ်မရီဟာ အိုဇေးလ်ကို ကွင်းလယ်ညာခြမ်းမှာသာ ကစားခိုင်းနေပြီး No.10 Role နေရာမှာ ကစားချင်နေတဲ့ အိုဇေးလ်ရဲ့ ဆန္ဒနဲ့ သွေဖယ်နေခဲ့ တာကြောင့် အိုဇေးလ်ဟာ အသင်းမှာ ကစားနေရတဲ့ အပေါ် မပျော်မရွှင်ဖြစ်နေတယ်ဆိုတာကတော့ သေချာတယ်လို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။