နောက်ဆုံး ၅ ပွဲကိုတော့ ပါဝင်ထားနိုင်ခြင်းမရှိပါဘူး။
Kyaw Ko Ko Sint

မနှစ်က ဇန်နဝါလရီမှာ အသင်းနဲ့စာချုပ်သက်တမ်းတိုးခဲ့တာက သူ့ရဲ့အနာဂတ်ကို အသင်းမှာ ကောင်းကောင်း သိမြင်ခဲ့လို့ ချုပ်ဆိုခဲ့တာပဲလို့ အိုလ်ဇေးရဲ့ အေးဂျင့်က ဆိုထားပါတယ်။

အာဆင်နယ်အသင်းရဲ့ နောက်ဆုံး ၅ ပွဲမှာ ပါဝင်လာခြင်းမရှိတော့တဲ့ အသင်းရဲ့ တိုက်စစ်မှူး အိုလ်ဇေးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး နည်းပြ အူနိုင်းအမ်မရီကတော့ အခုလို ပြောသွားခဲ့တာပါ။



“ စနေနေ့က ချဲလ်ဆီးနဲ့ပွဲကိုသူကစားဖို့ အဆင်သ့င်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မသုံးဖို့ ဆုံး ဖြတ်ခဲ့လို့ သူမပါဖြစ်တာပါ။သူနဲ့ကျွန်တော် ဆွေးနွေးပြီးပါပြီ။သူတင်မဟုတ်ပါဘူး ကစားသမားတိုင်းကို လာမယ့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်ချင်ပါတယ်။” လို့ အမ်မရီက ပြောခဲ့တယ်လို့ Goal.com မှာ ဖော်ပြထားပါတယ်။

အိုလ်ဇေးအနေနဲ့ ချဲလ်ဆီးနဲ့ပွဲမှာ အရန်ကစားသမားအဖြစ် ပါဝင်လာခဲ့ပေမယ့်လည်း နည်းပြ အူနိုင်းကတော့ ထုတ်သုံးခဲ့ခြင်းမရှိခဲ့ပါဘူး။ “ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက သူအသင်းနဲ့ စာချုပ်သက်တမ်း တိုးခဲ့ပါတယ်။အကြောင်းကတော့ အသင်းနဲ့အတူ အနာဂတ်ကောင်းကို သူသိလိုပါပဲ။” လို့ အိုလ်ဇေးရဲ့ အေးဂျင့်ကပြောထားပါသေးတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့ဖလားဆုရှင်ဟောင်း အိုလ်ဇေးအနေနဲ့ အာဆင်နယ်အသင်းနဲ့ ရှေ့လာမယ့်ပွဲတွေမှာ ပြန်မြင်ရမလားဆိုတာကတော့ မသေချာပါဘူး။

“အိုလ်ဇေးက အသင်းအတွက် အရေးပါတဲ့ ကစားသမားပါ။သူ့ကို အသင်းက လိုအပ်ပါတယ်။ နောက်ပြီး အသင်းရဲ့ အနာဂတ် အစီအစဉ်ထဲမှာလည်း အိုလ်ဇေးက အရေးပါတဲ့ အစိတ်အပိုင်းအဖြစ်ရှိနေပါတယ်။ လက်ရှိမှာ ပွဲထွက်တာ မထွက်တာက နည်းစနစ်ပိုင်းကြောင့်သာ ဖြစ်ပါတယ်။” လို့ အမ်မရီက ပြောခဲ့ပါ သေးတယ်။ အနီးစပ်ဆုံးကတော့ လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ မန်ယူအသင်းနဲ့ အက်ဖ်အေဖလားပွဲ ကစားဖို့ရှိနေပြီး ပါဝင်လာမလားဆိုတာ စောင့်ကြည့်ရပါမယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က