ဆာလက်ဒ်အနေနဲ့ လက်ရှိရာသီပရီးမီးယားလိဂ်သွင်းဂိုး ၄ဂိုးသာရရှိထားခဲ့တာပါ။

စပါးအသင်းကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့တိုက်စစ်မှူးဆာလက်ဒ်အနေနဲ့ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့အတွက် အာဆင်နယ်အသင်းကို ရင်ဆိုင်ရမယ့် ခါရာဘောင်းလိဂ်ဖလား ၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်ကို လွဲချော်ဖို့ရှိနေတယ်လို့အသင်းတရားဝင် ဝက်ဘ်ဆိုက် liverpoolfc.com ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဆာလက်ဒ်အနေနဲ့ စပါးအသင်းကစားသမားရဲ့ ကြံ့ခိုင်မှုအသားပေးကစားခြင်းခံခဲ့ရတဲ့အတွက် ခြေကျင်းဝတ်ဒ ဏ်ရာရရှိခဲ့တာဖြစ်ပြီး ပွဲချိန် ၇၅မိနစ်မှာ လူငယ်ကစားသမားဂိုးမက်ဇ်နဲ့ လူစားလဲခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာဆေး စစ်မှုအချို့ပြုလုပ်နေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။



“ ဆာလက်ဒ်အနေနဲ့ ဒဏ်ရာဟောင်းပြန်ဖြစ်တာပါ။ အခုလအစောပိုင်းကဖြစ်ခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာက ပြန် ပြီး ထိခိုက်မိလို့ လူစားလဲဖို့ဆုံးဖြတ်လိုက်တာပါ။ ဆေးစစ်မှုအချို့ပြုလုပ်နေဆဲဖြစ်သလို အချိန်အတိုင်းအတာ တစ်ခုအထိတော့အနားယူရဖို့ှိနေပါတယ် ” လို့ နည်းပြကလော့ပ်က ဆာလက်ဒ်ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး အတ ည်ပြုခဲ့ပါတယ်။

ဆက်စပ်သတင်းအရ ဆာလက်ဒ်ရဲ့ ဒဏ်ရာအခြေအနေက ထင်သလောက်ပြင်းထန်ခဲ့ခြင်းမရှိသော်လည်း အ နည်းဆုံး ၃ရက်ခန့်အနားယူရဖို့ရှိနေတဲ့အတွက် အာဆင်နယ်နဲ့ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝရန်မလွယ်နိုင်ဘူးလို့လည်း သတင်းဖော်ပြမှုအချို့ရှိနေခဲ့တာပါ။

လီဗာပူးအသင်းအနေနဲ့ အာဆင်နယ်အသင်းကိုရင်ဆိုင်ခဲ့ပြီးတဲ့နောက် ပွဲကြပ်ကာလတစ်ခုဖြတ်သန်းရဖို့ရှိနေပြီး မန်စီးတီး၊ ခရစ္စတယ်ပဲလေ့စ်တို့ကို ရင်ဆိုင်ရမယ့်အပြင် ကြားရက်ကာလတွင်လည်း ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေ ကစားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။



က္က