တစ်ဂိုးသွင်း၊ တစ်ကြိမ်ဖန်တီးပေးခဲ့တာပါ။
Pyae Phyo Thein

အာဆင်နယ်နဲ့ရင်ဆိုင်ခဲ့ရတဲ့ပွဲမှာ တစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးခဲ့မှုကို နောက်ဆုံးပြုလုပ်နိုင်ခဲ့တဲ့ စပါးကစားသမားကတော့ အာဆင်နယ်တိုက်စစ်မှူးဟောင်းအဒီဘာယောဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်းက လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။


တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တိုက်စစ်ကစားသမားဆွန်ဟောင်မင်ဟာ အာဆင်နယ်နဲ့ကစားခဲ့တဲ့ပွဲမှ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့ပြီးနောက် ၈ နှစ်အတွင်းမှာ အဆိုပါစွမ်းဆောင်မှုမျိုးကို လုပ်ပြနိုင်ခဲ့တဲ့ ပထမဆုံးစပါးကစားသမားဖြစ်လာခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ လာကာဇက်ရဲ့ ဦးဆောင်ဂိုးကို ပြန်လည်ချေပပေးခဲ့တာဖြစ်ပါတယ်။

လာကာဇက်ရဲ့ လှပတဲ့ကန်သွင်းချက်နဲ့အတူ အာဆင်နယ်က ၁-၀ နဲ့ ဦးဆောင်နေခဲ့ပေမယ့်လည်း နောက်ခံလူဒေးဗစ်လုဇ် နဲ့ ကိုလာစီနက်တို့ရဲ့အမှားကတဆင့် ဆွန်ဟောင်မင်က ချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ အယ်လ်ဒါဝီရယ်နဲ့ အနိုင်ဂိုးကို ဆွန်ဟောင်မင်က ထောင့်ကန်ဘောကတဆင့် ကန်တင်ပေးခဲ့တာဖြစ်ပါတယ်။ 

အာဆင်နယ်နဲ့ရင်ဆိုင်ခဲ့ရတဲ့ပွဲမှာ တစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးခဲ့မှုကို နောက်ဆုံးပြုလုပ်နိုင်ခဲ့တဲ့ စပါးကစားသမားကတော့ အာဆင်နယ်တိုက်စစ်မှူးဟောင်းအဒီဘာယောဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်းက လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါမှတ်တမ်းကို ဆွန်ဟောင်မင်က လိုက်မီခဲ့တာဖြစ်ပြီး စပါးရဲ့နိုင်ပွဲမှာ အရေးပါတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

တောင်ကိုရီးယားလက်ရွေးစင်ဟာ စပါးအတွက် ဒီရာသီမှာ လိဂ်ဂိုး ၉ ဂိုးသွင်းယူပေးထားပြိး ၁၀ ကြိမ်ဖန်တီးပေးထားခဲ့ပါတယ်။ ရလဒ်တွေဆိုးရွားနေတဲ့ မော်ရင်ဟိုအတွက် ဒီနိုင်ပွဲက အသက်ရှူချောင်ခဲ့ပြီးတော့ သူ့ရဲ့နည်းပြဘဝမှာ အာဆင်နယ်ကို အသာစီးရလေ့ရှိတဲ့ အစဉ်အလာကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 


Author


က္က