ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာပါ။
Kyaw Ko Ko Sint

အာတီတာ ရောဂါပိုး ကူးစက်ခံရတယ်ဆိုတဲ့ သတင်းက အိုလံပီယာကော့စ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲကစားအပြီး နောက်ရက်မှာ သိရတာ ဖြစ်ပြီး အိုလံပီယာကော့စ်အသင်းပိုင်ရှင်လည်း ကူးစက်ခံနေရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ အာဆင်နယ် နည်းပြချုပ် အာတီတာရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန် တယ်လို့ ဇနီးဖြစ်သူ လော်ရီနာဘာနယ်က သူမရဲ့ အင်စတာဂရမ် အကောင့်ကတဆင့် ပရိသတ်တွေကို အသိပေး လာခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကမှ အာဆင်နယ်အသင်းက အသင်းနည်းပြချုပ် အာတီတာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီလို့ တရားဝင် သတင်းထုတ်ပြန်ပေးခဲ့တာပါ။

လက်ရှိမှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေကို ဧပြီလ ၃ ရက်နေ့အထိ ရပ်နားထားပြီ ဖြစ်ပြီး လာမယ့် ကြာသပ တေးနေ့မှာ အရေးပေါ် အစည်းအဝေး ဆက်လက်ပြုလုပ်ပြီး ရှေ့ဆက် လုပ်ဆောင်ရမယ့် အခြေအနေတွေကို ဆွေးနွေးမယ်လို့ သိရပါသေးတယ်။

အာတီတာရဲ့ အခြေအနေကိုတော့ - “ အခုအခြေအနေမှာတော့ ကျွန်မ သူ့အခြေအနေကို ပြောပြဖို့ တာဝန်ရှိတယ် လို့ ခံယူပါတယ်၊ပထမဆုံးအနေနဲ့ သူ့အတွက် ဆုတောင်းပေးကြသူများ၊စိုးရိမ်ပေးကြသူများ၊စာတိုတွေ ပေးပို့ပြီး ဆုတောင်းပေးကြသူများ၊အားပေးသူများကို အထူးကျေးဇူးတင်ပါတယ်။အားလုံးရဲ့ ဆုတောင်းကြောင့် သူအခု ကျန်းမာရေး ကောင်းပါတယ်၊သူအမှန်တကယ် ရောဂါပိုး ကူးစက်ခံခဲ့ရတာ ဖြစ်ပေမယ့် သူ့ကို ဒီရောဂါပိုးကရှေ့ဆက် လုပ်ဆောင်မယ့် အရာတွေအတွက် မရပ်တန့်နိုင်ပါဘူး။လာမယ့်အပတ်မှာ သူ လေ့ကျင့်ရေး ပြန်သွားနိုင်ပါမယ်။”လို့ သူမရဲ့ အင်စတာဂရမ် အကောင့်ကတဆင့် ပရိသတ်တွေကို အသိပေးလိုက်တာပါ။




အာတီတာကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ သောကြာနေ့က ဆုတောင်းပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း အွန်လိုင်းကတဆင့် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာတော့ အာတီတာနည်းတူ အခြားသော ကစားသမားအချို့လည်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရ တာရှိပေမယ့် စိုးရိမ်ရတဲ့ အခြေအနေတွေမှာတော့ မရှိကြပါဘူး။


ဆက်စပ်အကြောင်းအရာများ


က္က