လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်သူပါ။
Kg Htet

ရီးရဲမက်ဒရစ်အသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်ကြယ်ပွင့်တိုက်စစ်မှူး အော်ဘာမီယန်းကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပြီး လူကာဂျိုဗစ်ကို အလိုက်ပေးသွားမယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အော်ဘာမီယန်းဟာ ယခုရာသီမှာ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၁၂ ဂိုးအထိ သွင်းယူပေးထားတဲ့ အာဆင်နယ်အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပြီး ဒေါ့မွန်ကနေ ပြောင်းရွှေ့လာခဲ့ချိန်ကတည်းက ခြေစွမ်းကောင်း ပြသနေသူဖြစ်ပါတယ်။

ဒါပေမယ့်လည်း အော်ဘာမီယန်းနဲ့ လာကာဇက်တို့ နှစ်ဦးစလုံးဟာ လာမယ့် ၂၀၂၀ နွေရာသီမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့်် အာဆင်နယ်အနေနဲ့ အလွတ်နဲ့ ထွက်ခွာခွင့်ပြုရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

အော်ဘာမီယန်းဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကိစ္စကို ရပ်တန့်ထားခဲဲ့တယ်လို့ သိရပြီး ရီးရဲမက်ဒရစ်အသင်းက အော်ဘာမီယန်းကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာစေခဲ့တယ်လို့ သိရပါတယ်။ ရီးရဲမက်ဒရစ်ဟာ တိုက်စစ်ကို အင်အားဖြည့်တင်းလိုနေတာဖြစ်ပြီး အော််ဘာမီယန်းကို ဇန်နဝါရီ သို့မဟုတ် လာမယ့်နွေရာသီမှာ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေတယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ်တာဝန်ရှိသူတွေဟာ အော်ဘာမီယန်းအနေနဲ့ ဘာနေဗျူးကို ပြောင်းရွှေ့လာဖို့ စိတ်ဝင်စားမှုရှိ၊ မရှိကို အော်ဘာမီယန်းရဲ့ ကိုယ်စားလှယ်တွေနဲ့ ပြောဆိုခဲ့ကြတယ်လို့ သိရပြီး လူကာဂျိုဗစ်ကို အလိုက်ပေးသွားဖို့ စိတ်ကူးရခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နွေရာသီကမှ ဖရန့်ဖတ်အသင်းကနေ ရီးရဲမက်ဒရစ်အသင်းကို ပေါင် ၅၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ လူကာဂျိုဗစ်ဟာ ဘာနေဗျူးမှာ အခြေကျဖို့အတွက် ရုန်းကန်နေရသူဖြစ််ပြီး ယခုရာသီမှာ သွင်းဂိုး ၁ ဂိုးသာ သွင်းယူထားနိုင်သေးသူဖြစ်ပါတယ်။


Author


က္က