အံ့အားသင့်ဖွယ်ရာ လွဲချော်ခဲ့တာဖြစ်ပါတယ်။
Kyaw Ko Ko Sint

ဟာဗက်ဇ်ဟာ အသင်းဖော်နောက်ခံလူကို ဘောလုံးပေးပို့ခဲ့ရာမှာ ဆိုးဆိုးရွားရွားလွဲချော်ခဲ့တာဖြစ်ပြီး ဘောလုံးက အသင်းဖော်ဆီမရောက်ခဲ့ဘဲ စည်းကြပ်ဒိုင်ဆီကို တန်းတန်းမတ်မတ်ရောက်သွားခဲ့ပါတယ်။ 


ချယ်လ်ဆီးရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ကိုင်ဟာဗက်ဇ်ဟာ သူ့ရဲ့ပထမဆုံးပွဲကို မနေ့ညကကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်ကစားပေးခဲ့ပါတယ်။ ပွဲဦးထွက်ပွဲစဉ်မှာတော့ ခြေစွမ်းပြနိုင်ဖို့အတွက် ဟာဗက်ဇ်ရုန်းကန်ခဲ့ရပြီး ထင်မှတ်ထားသလိုခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ခြင်းမရှိဘဲ အသားကျဖို့အတွက် အချိန်ယူရဦးမှာလည်းဖြစ်ပါတယ်။ 

ပွဲကစားချိန်အတွင်းမှာ ဟာဗက်ဇ်ဟာ ဆိုးရွားတဲ့ဘောလုံးပေးပို့မှုကြောင့်လည်း ပွဲအပြီးမှာတော့ လှောင်ပြောင်ခံနေရပြီဖြစ်ပါတယ်။ ပေါင် ၇၂သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဟာဗက်ဇ်ဟာ အသင်းဖော်နောက်ခံလူကို ဘောလုံးပေးပို့ခဲ့ရာမှာ ဆိုးဆိုးရွားရွားလွဲချော်ခဲ့တာဖြစ်ပြီး ဘောလုံးက အသင်းဖော်ဆီမရောက်ခဲ့ဘဲ စည်းကြပ်ဒိုင်ဆီကို တန်းတန်းမတ်မတ်ရောက်သွားခဲ့ပါတယ်။ 



သူ့ရဲ့ပေးပို့မှုဟာ အာဆင်နယ်ကွင်းလယ်လူအိုဇေးလ် မှားယွင်းခဲ့ဖူးတဲ့ ပုံစံနဲ့ တစ်ထပ်တည်းကျနေခဲ့ပြီး ဒီအပေါ်မှာ ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ပွဲကစားချိန် မိနစ် ၈၀ မှာတော့ အိုဒွိုင်းနဲ့ လူစားလဲလှယ်ခံခဲ့ရပြီး သူ့ရဲ့ ချယ်လ်ဆီးနဲ့ပွဲဦးထွက်ကတော့ နိုင်ပွဲရခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ 

ဟာဗက်ဇ်ဟာ ဘရိုက်တန်နဲ့ပွဲမှာ ပေးပို့ပုံတိကျမှု ၈၈% ရှိခဲ့ပြီး ဘောလုံးထိချက် ၃၅ ချက်၊ ပြန်လည်ဆယ်ယူနိုင်မှု ၇ ကြိမ်၊ ဖျက်ထုတ်မှု ၃ ကြိမ်၊ ကျော်ဖြတ်နိုင်မှု ၁ ကြိမ်၊ အခွင့်အရေးဖန်တီးနိုင်မှု ၁ ကြိမ်ရှိခဲ့ပြီး ဂိုးကန်သွင်းခွင့်ကတော့ လုံးဝမရရှိခဲ့ဘူးလို့ Squawakda football ရဲ့ အချက်အလက်မှတ်တမ်းများအရ သိရပြီး သိပ်ပြီးမဆိုးဝါးတဲ့ အနေအထားမှာတော့ ရှိနေခဲ့ပါတယ်။ 


Author


က္က