ကိုဗစ်ကြောင့် ပရိသတ်တွေကို ကွင်းအတွင်းဝင်ရောက်ခွင့်တားမြစ်ထားတာပါ။

ဒစ်ဂျစ်တယ်၊ယဥ်ကျေးမှု၊မီဒီယာနှင့်အားကစားဌာနက ပရိသတ်တွေကို ကွင်းအတွင်း အောက်တိုဘာလမှစပြီး ပြန်လည်ဝင်ရောက်ဖို့ စီစဥ်ထားတာပါ။

စက်တင်ဘာမှာ ပြန်လည်စတင်မယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကိုဗစ်ကြောင့် ပရိသတ်တွေ ဝင်ရောက် အားပေးခွင့် ပြုအုံးမှာ မဟုတ်ပေမယ့်လည်း အောက်တိုဘာလကစတင်ပြီး ပြန်လည်ဝင်ရောက်ခွင့်ပြုဖို့ စီစဥ်ထားတယ်လို့ Daily Mail က ဖော်ပြလာပါတယ်။



ဒီလို ဝင်ရောက်ခွင့်ပြုရာမှာလည်း ကွင်းလုံးပြည့် ဝင်ရောက်ခွင့်ပြုအုံးမှာမဟုတ်ပဲ သတ်မှတ်စည်းကမ်းတွေနဲ့အညီ လူဦးရေ အကန့်အသတ်နဲ့သာ ဝင်ခွင့်ရမှာလို့လည်း သိထားရပါတယ်။

တစ်ဦးနဲ့တစ်ဦးအကြား ကွာခြားနေထိုင်ရမယ့်အချက်တွေကြောင့် ကွင်းဟောင်းတွေမှာ လျှောက်လမ်းကျဥ်း မြောင်းတာ၊အိမ်သာဧရိယာကျဥ်း‌မြောင်းနေတာတွေက အနည်းငယ်တော့ အခက်တွေ့နိုင်ပါတယ်။

ဒါပေမယ့်လည်း ကြီးမားတဲ့ အိမ်ကွင်းတွေ ပိုင်ဆိုင်ထားကြတဲ့ စပါးနဲ့မန်စီးတီးတို့ကတော့ အခြား အသင်းတွေထက် ပရိသတ်ပိုမိုဝင်ဆံ့နိုင်မှာပါ။

အစိုးရက ကွင်းရဲ့ ဝင်ဆံ့တဲ့ ပမာဏရဲ့ ၃၀ရာခိုင်နှုန်းသာ ဝင်ခွင့်ပြုမှာဖြစ်ပြီး လိုအပ်တဲ့ စံနှုန်းသတ်မှတ်ချက်တွေကို လည်း ကလပ်တွေကို ပေးသွားမှာလို့ သိရပါတယ်။

ကွင်းတွေကို ဝင်ခွင့်ပြုရာမှာလည်း တစ်ဦးချင်းစီသာ ပေးဝင်သွားမှာ ဖြစ်ပြီး ကွင်းဟောင်းတွေသာ ပိုင်ဆိုင်ထားတဲ့ ကလပ်အသင်း နှစ်သင်းကဆိုရင် သူတို့ကွင်းတွေကို ၂၀ရာခိုင်နှုန်းသာ ဝင်ခွင့်ပြုနိုင်မယ့်အရေးရှိတယ်လို့ သိရပါ သေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က