၄ နှစ်ခွဲ စာချုပ်နဲ့ အသစ်ရောက်လာတဲ့ နည်းပြ ဖြစ်ပါတယ်။
Kyaw Ko Ko Sint

အာဆင်နယ်ကို ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲမှာ အန်ဆယ်လောာ့တီကို နည်းပြ အဖြစ် တရားဝင်ကြေညာခဲ့တာ ဖြစ် ပါတယ်။

အဲဗာတန်အသင်းရဲ့ မန်နေဂျာသစ် အန်ဆယ်လော့တီက သူ့အနေနဲ့ အသင်းကို ဆုဖလားတွေ ပိုင်ဆိုင်လာနိုင် စေဖို့နဲ့ ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရေးကို အဓိက စွမ်းဆောင်ပေးသွားမယ်လို့ ဆိုလာတဲ့အကြောင်း BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



အန်ဆယ်လော့တီကတော့ ဒီဇင်ဘာ ၆ ရက်နေ့က ထုတ်ပယ်ခံလိုက်ရတဲ့ မာကိုဆေးလ်ဗားနေရာမှာ ၄ နှစ်ခွဲ စာချုပ်နဲ့ အသစ်ရောက်လာတဲ့ နည်းပြ ဖြစ်ပါတယ်။



“ အဓိက ပစ်မှတ်ကတော့ ချန်ပီယံလိဂ်(သို့) ယူရိုပါလိဂ် ဝင်ခွင့်ရရှိရေး ဖြစ်ပါတယ်။ အောင်မြင်မှုတွေ ရဖို့ အဓိက လုပ်ဆောင်သွားမှာပါ။ဒါကပဲ အဓိက ကျွန်တော် ကြိုးစားသွားမယ့် အပိုင်းဖြစ်ပါတယ်။”လို့အန်ဆယ်လော့တီက ‌ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီအနေနဲ့ နည်းပြဘဝမှာ ချန်ပီယံလိဂ်ဆုဖလား ၃ ကြိမ် တိုင်တိုင် ဆွတ်ခူးထားနိုင်ခဲ့ဖူးပြီး အေစီ မီလန်နဲ့ ၂ ကြိမ်၊ရီးရဲမက်ဒရစ်နဲ့ တစ်ကြိမ် ဖြစ်ပါတယ်။

အလားတူ ပရီးမီးယားလိဂ် ဆုဖလား၊အက်ဖ်အေဖလားတို့ကိုလည်း ချဲလ်ဆီးကို ကိုင်တွယ်တုန်းက ဆွတ်ခူးခဲ့ဖူးပြီး အခြားအသင်းကြီးတွေ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ပီအက်စ်ဂျီအသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။

အန်ဆယ်လော့တီကိုတော့ အဲဗာတန်အသင်းက ပြီးခဲ့တဲ့ အာဆင်နယ်ကို ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲမှာ တရာဝင်း ကြေညာပေးခဲ့ပြီး လာမယ့် ဒီဇင်ဘာ ၂၆ မှာ ဘန်လေနဲ့ အိမ်ကွင်း ကစားမယ့်ပွဲမှာ စတင် တာဝန်ယူမယ်လို့သိရပါ တယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က