သူ့ဘဝမှာရှိခဲ့ဖူးတဲ့ အကောင်းဆုံးပုံစံတွေကို ပေးဆပ်သွားမယ်လို့ ဆိုခဲ့တာပါ။
Pyae Phyo Thein

အန်ဆယ်လော့တီလက်အောက်မှာ ပွဲပေါင်း ၄၀ ကစားပြီး ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာနေဗျူးမှာ ပုံမှန်ကစားခွင့်နည်းပါးခဲ့သူဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်ကနေ အဲဗာတန်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က သူ့ရဲ့အကောင်းဆုံးပုံစံကို မြင်တွေ့စေရမယ်လို့ ကတိပေးပြောဆိုသွားခဲ့ပါတယ်။ ဂျိမ်းစ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဖိနပ်ဆုဆွတ်ခူးပြီးနောက် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိအဲဗာတန်နည်းပြအန်ဆယ်လော့တီလက်အောက်မှာ ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။

အန်ဆယ်လော့တီလက်အောက်မှာ ပွဲပေါင်း ၄၀ ကစားပြီး ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာနေဗျူးမှာ ပုံမှန်ကစားခွင့်နည်းပါးခဲ့သူဖြစ်ပါတယ်။ အခုအခါ သူနဲ့လက်တွဲခဲ့ဖူးတဲ့ အန်ဆယ်လော့တီက အဲဗာတန်ကို ခေါ်ယူခဲ့ပြီးနောက် ဂျိမ်းစ်က ကစားသမားဘဝကို အသစ်တဖန်ပြန်လည်စတင်ဖို့ မျှော်လင့်နေပြီဖြစ်ပါတယ်။ 

"ကျွန်တော့်ရဲ့အကောင်းဆုံးအချိန်တွေက မကြာခင်ထပ်ရောက်လာပါလိမ့်မယ်၊ သေချာတဲ့အဖြေတစ်ခုပါ၊ ကျွန်တော့်အသက်အရွယ်က ငယ်ရွယ်သေးပြီး အမြင့်ဆုံးအနေအထားမှာ ကစားနိုင်ပါသေးတယ်၊ လာမယ့်နှစ်တွေအတွင်း ကျွန်တော့်ရဲ့ အကောင်းဆုံးခြေစွမ်းတွေက အဲဗာတန်နဲ့အတူ ရောက်ရှိလာမှာပါ၊ ကျွန်တော်က အောင်မြင်မှုတွေကို အမြဲတမ်းဆာလောင်နေတဲ့သူပါ"

"နေ့ရက်တိုင်းမှာ သင်ယူမှုပြုလုပ်ပြီး အရာရာတိုးတက်စေဖို့က အရေးကြီးပါတယ်၊ ပြီးခဲ့တဲ့ရာသီတွေမှာ ကျွန်တော့်ရဲ့အကောင်းဆုံးအချိန်တွေရှိခဲ့ပြီး အဲဒီပုံံစံနဲ့ အဲဗာတန်ကို ကူညီပေးသွားပါမယ်၊ အဲဗာတန်က မကြာခင်မှာ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ်ရောက်လာမှာလည်း သေချာပါတယ်" လို့ ဂျိမ်းစ်က ပြောဆိုခဲ့ကြောင်း BBC က ဖော်ပြခဲ့ပါတယ်။


အဲဗာတန်ဟာ ကစားသမားသစ်တွေအဖြစ် ဂျိမ်းစ်ရိုဒရီဂွက်ဇ်အပြင် နာပိုလီကွင်းလယ်လူအယ်လန်၊ ဝက်ဖို့ဒ်ကွင်းလယ်လူဒူကူရီတို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။ 


Author


က္က