ပထမပိုင်းအပြီးမှာဖြစ်ခဲ့ကြတာပါ။
Pyae Phyo Thein

အသင်းဖော်တွေက ၀ိုင်းဝန်းဖျန်ဖြေပေးခဲ့ရပြီး ဥမင်အတွင်းကို ဝင်ရောက်ချိန်မှာတော့ နားလည်မှုပြန်လည်ရရှိခဲ့တယ်လို့ ရုပ်သံပြကွက်တွေအရ တွေ့ရှိခဲ့ရပါတယ်။ 


စပါးအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ တိုက်စစ်ကစားသမားဆွန်ဟောင်မင် နဲ့ ဂိုးသမားလိုရစ်တို့ဟာ အဲဗာတန်နဲ့ပွဲရဲ့ ပထမပိုင်းအပြီးမှာ အချင်းများမှုတွေဖြစ်ပွားခဲ့့ပါတယ်။ အသင်းဖော်တွေက ၀ိုင်းဝန်းဖျန်ဖြေပေးခဲ့ရပြီး ဥမင်အတွင်းကို ဝင်ရောက်ချိန်မှာတော့ နားလည်မှုပြန်လည်ရရှိခဲ့တယ်လို့ ရုပ်သံပြကွက်တွေအရ တွေ့ရှိခဲ့ရပါတယ်။ 

ပြိုင်ဘက်အသင်းနောက်ခံလူ မိုက်ကယ်ကိန်းရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တဲ့ တစ်ဂိုးတည်းနဲ့ စပါးကအနိုင်ရရှိခဲ့ပြီး ပွဲအပြီးမှာ လိုရစ်နဲ့ ဆွန်ဟောင်မင်တို့ဟာ ပွေ့ဖက်ကာအောင်ပွဲခံခဲ့ကြပြီး အချိန်တိုအတွင်း သူတို့နှစ်ဦးကြားက ပြသနာကို ဖြေရှင်းနိုင်ခဲ့တယ်ဆိုတာကိုလည်း ပြသနိုင်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ပွဲအပြီးမှာ Sky Sports နဲ့ အင်တာဗျူးပြုူလုပ်ခဲ့စဉ်အတွင်း လိုရစ်က "ဒါက ဘောလုံးလောကရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖြစ်ပျက်တတ်တဲ့အရာပါ၊ ပွဲအပြီးမှာ ကျွန်တော်တို့ ပွေ့ဖက်အောင်ပွဲခံတာကိုလည်း တွေ့ကြမှာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။ စပါးနည်းပြမော်ရင်ဟိုကတော့ ဒီလိုဖြစ်ပျက်ခဲ့မှုကို အလှတရားတစ်ခုလို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ 

"ဒါက အလှတရားတစ်ခုပါပဲ၊ ကျွန်တော်တို့ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတွေရဲ့ အကျိုးဆက်လည်းဖြစ်နိုင်ပါတယ၊ တကယ်လို့ တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင်တော့ ကျွန်တော့်ကိုပဲ အပြစ်တင်ပါ၊ ကျွန်တော့်ကစားသမားတွေကို ကျွန်တော်ဝေဖန်ပြစ်တင်ခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့ကိုယ်သူတို့ ဝေဖန်ပြစ်တင်တာနဲ့ မလုံလောက်လို့ပါ၊ သူတို့ကို ပိုပြီးတော့ အားထုတ်ကြိုးပမ်းပေးဖို့ တစ်ဦးချင်းစီကို ကျွန်တော်ပြောခဲ့ပါတယ်"

'ဆွန်ဟောင်မင်က အံ့အားသင့်စရာကောင်းတဲ့ ကစားသမားဖြစ်ပြီး လူတိုင်းကလည်း သူ့ကိုချစ်ကြပါတယ်၊ ဒါပေမယ့် ဒီအခြေအနေအတွင်းမှာ အသင်းခေါင်းဆောင်က သူ့ကို ပိုပြီးတော့ကြိုးစားပေးစေချင်ခဲ့တာပါ" လို့ မော်ရင်ဟိုကပြောဆိုခဲ့ပါတယ်။ ဒီပွဲကတော့ မော်ရင်ဟိုအတွက် ပရီးမီးယားလိဂ်ပွဲ ၂၀၀ အထိ နို်င်ပွဲရရှိခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ငါးဦးမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။ 


Author


က္က