loading...

loading...

loading...

ကစားသမားက သူ့ရဲ့ ဘောလုံးရာသီပြီးဆုံးသွားပြီလို့ ပြောခဲ့ပါတယ်။
Pyae Phyo Thein

တစ်ဖက် နှစ်ဂိုးစီနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အိုဒွိုင်ဟာ ပွဲချိန်မိနစ် (၄၀)ကျော်မှာ ဖနောင့်ကြောအရွတ်စုတ်ပြဲဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး ပက်ဒရိုနဲ့ လူစားလဲခဲ့ရပါတယ်။

ဘန်လေနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ ချယ်လ်ဆီးတောင်ပံကစားသမား အိုဒွိုင်က သူ့အနေနဲ့ ရာသီကုန်ထိ ဘောလုံးကစားနိုင်တော့မှာမဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ တစ်ဖက် နှစ်ဂိုးစီနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အိုဒွိုင်ဟာ ပွဲချိန်မိနစ် (၄၀)ကျော်မှာ ဖနောင့်ကြောအရွတ်စုတ်ပြဲဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး ပက်ဒရိုနဲ့ လူစားလဲခဲ့ရပါတယ်။

အပြန်အလှန်သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှုပေးနိုင်ခဲ့တဲ့ ဒီပွဲစဉ်မှာ ချယ်လ်ဆီးအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက်တွေဖြစ်တဲ့ စပါး၊ အာဆင်နယ် နဲ့ ယူနိုက်တက်တို့ အရေးနိမ့်ခဲ့မှုကို အခွင့်ကောင်းမယူနိုင်ခဲ့တဲ့အပြင် အိုဒွိုင်ပါ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားခဲ့လို့ နစ်နာခဲ့ရပြီး ကန်တေကလည်း နောက်ကျောဒဏ်ရာကြောင့် ဒုတိယပိုင်းအစမှာပဲ လူစားလဲလှယ်ခဲ့ရပြီး နစ်နာမှုတွေ ရှိခဲ့ပါတယ်။

ပွဲအပြီးမှာ အိုဒွိုင်ရဲ့ သူ့ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး သူ့ရဲ့ တွစ်တာကနေတဆင့် အသိပေးပြောဆိုမှု ပြုလုပ်သွားခဲ့ပါတယ်။ "ဖနောင့်ကြောဒဏ်ရာရရှိခဲ့လို့ ကျွန်တော့်ရဲ့ ဘောလုံးရာသီက ပြီးဆုံးသွားပါပြီ၊ ဒဏ်ရာကပြန်လည်သက်သာလာဖို့ ပြင်းပြင်းထန်ထန် အားထုတ်သွားမှာဖြစ်ပြီး လာမယ့်ရာသီသစ်အတွက် သန်မာမှုအပြည့်နဲ့ ပြန်လာခဲ့ပါ့မယ်" လို့ အိုဒွိုင်က ရေးသားခဲ့ပါတယ်။

ဒီပွဲမှာ နှစ်ဖက်အသင်းကြား အငြင်းပွား၊ အချင်းများမှုတွေလည်း ရှိခဲ့ပြီး ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြဆာရီကိုယ်စား တက်ရောက်ခဲ့တဲ့ လက်ထောက်နည်းပြဇိုလာက အိုဒွိုင်ရဲ့ ဒဏ်ရာက ပြင်းထန်မယ်လို့ ထင်မြင်မိကြောင်း ပြောဆိုသွားခဲ့ပါသေးတယ်။

"သူ့ဒဏ်ရာက လွယ်ကူမှုတစ်ခုတော့ ဖြစ်မှာမဟုတ်ပါဘူး၊ ကျွန်တော့်အထင်တော့ စိုးရိမ်စရာ ဒဏ်ရာမျိုးပါ၊ သူ့ရဲ့ ဖနောင့်ကြောမှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး ဘယ်လောက်ထိ ပြင်းထန်မလဲဆိုတာတော့ ကျွန်တော်မပြောနိုင်ပါဘူး၊ ဆေးစစ်မှုတွေပြုလုပ်ပြီးရင်တော့ အတိအကျသိရပါလိမ့်မယ်၊ ဒါပေမယ့် သူ့ကိုကြည့်ရတာ တော်တော်လေးအဆင်မပြေတဲ့ပုံစံပါ၊ သူ့ ဖနောင့်မှာ ဘယ်လောက်ထိ ဒဏ်ရာရသွားလဲမသိဘူး" လို့ ပြောသွားခဲ့ပါတယ်။


loading...

က္က