ဇီဒန်းရဲ့ပထမဆုံးအဓိကကစားသမားခေါ်ယူမှုဖြစ်လာမှာပါ။
Kg Htet

ချယ်ဆီးကြယ်ပွင့် အီဒင်ဟာဇက်ဟာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေသူဖြစ်ပြီး ဟာဇက်အနေနဲ့ ၎င်းရဲ့အနှစ်သက်ဆုံးကျောနံပါတ် ၁၀ ကို ဝတ်ဆင်ချင်ပေမယ့် ရီးရဲမက်ဒရစ်အသင်းက ရော်နယ်ဒိုရဲ့ကျောနံပါတ် ၇ ကိုသာ ဝတ်ဆင်စေမယ်လို့ The Sun ရဲ့သတင်းအရ သိရပါတယ်။

အီဒင်ဟာဇက်ဟာ ဒုတိယအကြိမ် နည်းပြအဖြစ် ပြန်လည်တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ဇီဒန်းရဲ့ ပထမဆုံးအဓိကကစားသမားခေါ်ယူမှုဖြစ်လာမှာဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းဟာ ဟာဇက်ရဲ့အဖြစ်ချင်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ဘလွန်းဒီအော်ဆုရှင် လူကာမိုဒရစ်ရဲ့ကျောနံပါတ် ၁၀ ကို ဟာဇက်ကို ပေးလိုက်ခြင်းအားဖြင့် အသင်းရဲ့ကစားသမားတွေကြားက လိုက်လျောညီထွေမှုကို ခြိမ်းခြောက်မှုဖြစ်လာနိုင်တဲ့အခြေအနေရောက်ရှိလောက်တဲ့အထိ စွန့်စားလိုစိတ်မရှိဘူးလို့ သိရပါတယ်။

ဒါကြောင့် ရီးရဲမက်ဒရစ်အသင်းဟာ အီဒင်ဟာဇက်ကို ကျောနံပါတ် ၁၀ ပေးမယ့်အစား အသင်းရဲ့တသက်တာထိပ်တန်းဂိုးသွင်းရှင် ခရစ်စတီယာနိုရော်နယ်ဒို ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၇ ကိုသာ ဝတ်ဆင်ကစားစေမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုရဲ့ ကျောနံပါတ် ၇ ကို မာရီယာနိုဒိုင်ယက်ဇ်က ဝတ်ဆင်ကစားနေပြီး မာရီယာနိုဒိုင်ယက်ဇ်အနေနဲ့ အီဒင်ဟာဇက် ရောက်ရှိလာမယ်ဆိုရင် ၎င်းရဲ့ကျောနံပါတ် ၇ ကို လိုလိုလားလားပေးအပ်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က