ရီးရဲမက်ဒရစ်အတွက် ဆုံးဖြတ်ရခက်စေမယ့် တောင်းဆိုမှုကို ပြုလုပ်လိုက်တာပါ။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် အဆန်စီယိုကို အလိုက်ပေးကမ်းလှမ်းသွားမယ်ဆိုရင် အဲရစ်ဆင်ကို ရောင်းချသွားမယ်လို့ Shoot ရဲ့ဖော်ပြချက်အရ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးကွင်းလယ်ဖန်တီးရှင် အဲရစ်ဆင်ဟာ မြောက်လန်ဒန်မှာ ၆ နှစ်ကြာ ကစားခဲ့ပြီးနောက် ယခုနွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။



The Sun ရဲ့သတင်းအရ ရီးရဲမက်ဒရစ်အသင်းဟာ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲရစ်ဆင်အတွက် စီဘယ်လို့စ်ကို အလိုက်ပေးပြီး ပေါင် ၄၅ သန်းနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ယခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရ တော့တင်ဟမ်ဟော့စပါးအသင်းဟာ အဲရစ်ဆင်ကို ကနဦးအငှားနဲ့ အသင်းကနေ ထွက်ခွာခွင့်ပြုရမယ်ဆိုရင်တောင်မှ အဆန်စီယိုကို အလိုက်ပေးပြီး ကမ်းလှမ်းမှ အသင်းကနေ ထွက်ခွာခွင့်ပြုသွားမယ်လို့ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးနည်းပြ ပိုချက်တီနိုဟာ အဲရစ်ဆင်ကို ထိန်းသိမ်းပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့အသင်းလူစာရင်းကို တည်ဆောက်လိုပေမယ့် အဲရစ်ဆင်ကို ဆုံးရှုံးရမယ်ဆိုရင် အဆင်သင့်အစားထိုးနိုင်မယ့်ကစားသမားကို လိုချင်နေတယ်လို့ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အဲရစ်ဆင်ကို အေဂျက်အသင်းကနေ ပေါင် ၁၁ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အဲရစ်ဆင်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ၂၇၇ ပွဲမှာ ၆၆ ဂိုး သွင်းယူပေးခဲ့သူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က