ဘန်စလေကို ၆ဂိုးပြန်အနိုင်ရတဲ့ပွဲမှာ ဆေးလ်ဗား ပွဲထွက် ပါဝင်လာနိုင်ပါတယ်။
Kyaw Ko Ko Sint

ဘန်စလေနဲ့ပွဲမှာ မိနစ် ၆၀ ပါဝင်ကစားနိုင်ခဲ့ပြီး အသင်းကို ကွင်းတွင်းကွင်းပြင် ဦးဆောင်နိုင်မှုနဲ့ ပတ်သက်ပြီး နည်း ပြလမ်းပတ်က ကျေနပ်အားရလျက်ရှိနေတာပါ။

ဘန်စလေကို ၆-၀နဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဥ်မှာ အသင်းနဲ့ အတူ ပထမဆုံး ပွဲထွက် ပါဝင်လာနိုင်ခဲ့ တဲ့ အသက် ၃၆နှစ်အရွယ် ဘရာဇီး နောက်ခံလူ သီယာဂိုလ်ဆေးလ်ဗားရဲ့ ကွင်းတွင်းကွင်းပြင် စွမ်းဆောင်ရည်တွေ နဲ့ ပတ်သက်ပြီး နည်းပြ လမ်းပတ်ကတော့ ကျေနပ်အားရလျက်ရှိပါတယ်။

ယခုနှစ်မှာ ပီအက်စ်ဂျီအသင်းကနေ ချဲလ်ဆီးအသင်းထံ အလွတ်ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ လိဂ် ၂ပွဲကို တော့ အသင်းနဲ့ ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

“သူ့အတွက်တော့ ပြီးပြည့်စုံတဲ့ မိနစ် ၆၀ပါပဲ။သူ့မှာရှိတဲ့ စွမ်းရည်ကို အပြည့်အဝ ပြသွားနိုင်ပါတယ်။ဟုတ်ပါတယ် သူဟာ အသင်းနဲ့ အမြန်ဆုံး အထိုင်ကျပြီး ပိုကောင်းလာမှာပါ။ကွင်းအတွင်းသာမက အဝတ်လဲခန်းအတွင်းမှာ လည်း ကျွန်တော်တို့ကို ကွင်းအတွင်းခေါင်းဆောင်မှုအတိုင်း လုပ်ပြနိုင်ပြန်ပါတယ်။”လို့ လမ်းပတ်ပ ဘန်စလေကို နိုင်တဲ့ပွဲအပြီးမှာ ပြောခဲ့တာပါ။

သီယာဂိုလ်ကတော့ ဘန်စလေနဲ့ပွဲမှာ ပွဲထွက်ပါဝင်လာနိုင်ခဲ့ပေမယ့် မိနစ် ၆၀ အထိသာ ကစားခဲ့ပြီး ဇူးမားနဲ့ လူစား လဲခံခဲ့ရပါတယ်။

အဆိုပါ အချိန်မှာ ချဲလ်ဆီးက ၅-၀နဲ့ အနိုင်ရနေပြီ ဖြစ်ပြီး လာမယ့်ပွဲစဥ်အဖြစ် ဝက်စ်ဘရွန်းနဲ့ ကစားဖို့ ရှိနေပါ တယ်။

“ဆေးလ်ဗားအနေနဲ့ ဘာသာစကား မပြောနိုင်ပေမယ့်ပြဿနာမဟုတ်ပါဘူး၊ဘာလို့လဲဆိုတော့ ပွဲမှာ သူ့အသင်း သားတွေကိုသူဘယ်လို မောင်းနှင် ဆော်သြရမလဲဆိုတာ လေ့ကျင့်ခန်းမှာကတည်းက သူကျွန်တော့်ကို ပြသပြီး သားဖြစ်လို့ပါ။ဒါကြောင့် သူနဲ့ပတ်သက်ပြီး ကျေနပ်ရပါတယ်။”လို့ လမ်းပတ်က ဆက်လက်ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က