ဂရိအပန်းဖြေခရီးမှ အပြန်တွေ့တာပါ။

ဂရိကို အပန်းဖြေခရီးသွားပြီး ပြန်လာတဲ့ ကစားသမား ၃ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိတာ ဖြစ်ပြီး တစ်ဦးက အင်္ဂလန်လက်ရွေးစင်ဖြစ်ကာ ကျန်၂ဦးက ရှက်ဖီးကစားသမားတွေလို့ ကနဦး သိထားရတာပါ။

ဂရိကျွန်းအပန်းဖြေခရီးကနေ ပြန်လာတဲ့ အင်္ဂလန်ကစားသမားတစ်ဦးနဲ့ရှက်ဖီးလ်ကစားသမားနှစ်ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိရတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။



ပြီးခဲ့တဲ့ သောကြာနေ့ကပဲ မိုင်ကိုနို့စ်မှာ ယူနိုက်တက်အသင်းခေါင်းဆောင် နောက်ခံလူ မက်ဂွိုင်းယားရန်ဖြစ်မှုနဲ့ ဖမ်းခံခဲ့ရပြီး မနေ့က ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ကလပ်နဲ့ နည်းပြဆောက်ဂိတ်အတွက်တော့ နွေရာသီအားလပ်ရက် ပြန်လာကြ ပြီး ကိုဗစ် ပါလာတဲ့ ကစားသမားတွေကြောင့် စိတ်ပျက်နေရပြီ ဖြစ်ပါတယ်။

ကိုဗစ်တွေ့တဲ့ ကစားသမား ၃ဦးကိုတော့ နာမည်ဖော်ပြလာခြင်းမရှိပဲ လက်ရှိမှာ အစိုးရထုတ်ပြန်ထားချက်အ တိုင်း ၁၀ရက်ကြာ ကွာရန်တင်းဝင်ရ‌တော့မှာ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင် ကစားသမားကိုတော့ နည်းပြ ဆောက်ဂိတ်အနေနဲ့ လာမယ့် နေးရှင်းလိဂ်ကစားမယ့် လက်ရွေးစင်အသင်း လူစာရင်းမှာ ပြန်လည်ထည့်သွင်းလာဖို့ မျှော်လင့်နေကြတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း နည်းပြဆောက်ဂိတ်အနေနဲ့ အဆိုပါ ကစားသမား ပြန်လည် ကျန်းမာလာဖို့ အချိန်တစ်ခုပေးရ ဖို့ ရှိနေတာပါ။ အလားတူ ရှက်ဖီးလ်အသင်းအနေနဲ့ ရာသီကြို ပြင်ဆင်မှုတွေကို ရိုက်ခတ်လာနိုင်ခြေ ရှိနေပါတယ်။

Share

Loading Next Article...
က္က