France Football နဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

အဲဗာတန်အသင်းရဲ့တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ရစ်ချာလီဆန်က ဘရာဖီးလ် နဲ့ အင်္ဂလန်တို့ရဲ့ ကွဲပြားခြားနားမှုတွေက သူ့အတွက် အခက်အခဲတွေ ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


အဲဗာတန်အသင်းရဲ့တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ရစ်ချာလီဆန်က ဘရာဖီးလ် နဲ့ အင်္ဂလန်တို့ရဲ့ ကွဲပြားခြားနားမှုတွေက သူ့အတွက် အခက်အခဲတွေ ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက် (၂၂)နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၁၇ ခုနှစ်မှာ ဝက်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့ပြီး အင်္ဂလန်မြေကို ခြေချခဲ့ပြီး အဲဒီနောက်မှာ အဲဗာတန်အသင်းကို ထပ်မံပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။



ဝက်ဖို့ဒ်မှာ ခြေစွမ်းပြသနိုင်ခဲ့လို့ အဲဗာတန်က ရစ်ချာလီဆန်ကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀)နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန်ကစားသမားဘ၀ ပထမဆုံးရာသီမှာပဲ ရစ်ချာလီဆန်က ခြေစွမ်းပြနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲ (၃၅)ပွဲမှာ (၁၃)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း France Football နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ရစ်ချာလီဆန်က သူ့အတွက် အခက်အခဲတွေရှိခဲ့တာကို ပြောပြခဲ့ပါတယ်။

"အင်္ဂလန်ကိုရောက်လာတဲ့ ပထမဆုံးနှစ်က တကယ်ကို စိတ်ရှုပ်စရာကောင်းခဲ့ပါတယ်၊ ရာသီဥတုနဲ့ လိုက်လျောညီထွေဖို့ အခက်အခဲရှိခဲ့ပြီး ကွင်းအတွင်းမှာဆို ခြေထောက်တွေတုန်ယင်နေခဲ့ပြီး ကျွန်တော့်နားရွက်တွေဆို မီးလောင်နေခဲ့သလိုပါပဲ၊ အင်္ဂလန်နဲ့ ဘရာဇီးလ်က အချက်အပြုတ်တွေကလည်း

ကွဲပြားခြားနားပြီးတော့ ကျွန်တော်ဘယ်လိုမှ စားလို့မရခဲ့ပါဘူး"

"ဝက်ဖို့ဒ်ကို ရောက်ပြီးနောက်မှာ (၅)ပေါင်အထိ အလေးချိန်ကျသွားခဲ့ပါတယ်၊ ဒါပေမယ့် ဒီမှာက အရမ်းကို နွေးထွေးပျူငှာကြပြီး တော်တော်များများကလည်း ပညာတတ်တွေဖြစ်ပါတယ်၊ ပြီးတော့ အင်္ဂလန်သူတွေကလည်း အရမ်းချောမောလှပပါတယ်" လို့ ရစ်ချာလီဆန်က ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာ ရစ်ချာလီဆန်က ဘရာဇီးလ်အတွက် ကိုပါအမေရိကဖလားပြိုင်ပွဲကို ဝင်ရောက်ကစားပေးနေပါတယ်။

ဘရာဇီးလ်ဟာ အုပ်စုအဆင့်ကနေ တက်ရောက်ထားနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်မှာ ပါရာဂွေးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ရစ်ချာလီဆန်က အသင်းအတွက် စုစုပေါင်း ၁၂၉ မိနစ် ပါဝင်ကစားပေးထားပေမယ့် ဂိုးသွင်းနိုင်ဖို့တော့ ရုန်းကန်နေရပါတယ်။ (၉)ကြိမ်မြောက် ကိုပါအမေရိကဖလားကို ရယူနိုင်ဖို့အတွက် ဘရာဇီးလ်က ကြိုးစားနေပြီး ရစ်ချာလီဆန်အနေနဲ့ အသင်းအတွက် ခြေစွမ်းပြနိုင်ဖို့ ကြိုးစားရမှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က