ဒန်နီရို့စ်ရဲ့နေရာမှာ အစားထိုးခေါ်ယူမှာပါ။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ နေရာစုံမှာ ကစားနိုင်တဲ့ ဖူလ်ဟမ်အသင်း ကွင်းလယ်ဘယ်တောင်ပံကစားသမား ရိုင်ယန်ဆီဆက်နွန်ကို ခေါ်ယူဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း Sky Sports ရဲ့သတင်းအရ သိရပါတယ်။

အင်္ဂလန်ယူ-၂၁ လက်ရွေးစင်ကြယ်ပွင့် ရိုင်ယန်ဆီဆက်နွန်ဟာ ယခုနွေရာသီမှာ စပါးအသင်းရဲ့အဓိကပစ်မှတ်အဖြစ် ကြိုးပမ်းခြင်းခံနေရသူဖြစ်ပြီး ဖူလ်ဟမ်ကြယ်ပွင့်အတွက် လက်ရှိအချိန်အထိ သဘောတူညီမှု မရရှိသေးတာဖြစ်ပါတယ်။



တော့တင်ဟမ်ဟော့စပါးနောက်ခံကစားသမား ဒန်နီရို့စ်ဟာ အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းမယ့်ကြာသပတေးနေ့မတိုင်မီ စပါးအသင်းကနေ ထွက်ခွာမှာဖြစ်ပြီး နည်းပြပိုချက်တီနိုက လစ်လပ်သွားမယ့် ဘယ်နောက်ခံနေရာအတွက် ဆီဆက်နွန်ကို ခေါ်ယူဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အန်ဒွန်ဘီလီကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့ပြီး ဂျက်ကလာ့ခ်ကိုလည်း ခေါ်ယူူထားတာဖြစ်ပါတယ်။ စပါးအသင်းက အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ နောက်ထပ်ကစားသမားခေါ်ယူမှုပြုလုပ်နိုင်ဦးမယ်လို့ မျှော်လင့်နေတာဖြစ်ပြီး လာမယ့်ရာသီ ပြည်တွင်းမှာရော၊ ဥရောပအဆင့်မှာပါ အောင်မြင်မှုရရှိဖို့အတွက် စိန်ခေါ်နိုင်မယ့်အသင်းလူစာရင်းကို တည်ဆောက်လိုနေတာဖြစ်ပါတယ်။


ရိုင်ယန်ဆီဆက်နွန်ဟာ ပြီးခဲ့တဲ့ရာသီက ဖူလ်ဟမ်အသင်းရဲ့ တန်းဆင်းဇုန်က လွတ်မြောက်ရေးတိုက်ပွဲမှာ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ဖူလ်ဟမ်အသင်း တန်းဆင်းသွားခဲ့ပေမယ့် တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ အထင်ကြီးမှုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ရိုင်ယန်ဆီဆက်နွန်ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ဖူလ်ဟမ်အသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၁၂၀ အထိ ကစားပေးထားသူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က